Story-19

5.8K 378 34
                                    

At cafe
      jane Minjiနဲ့ချိန်းထားတဲ့cafeကိုရောက်တော့ ထောင့်ကျကျတစ်နေရာမှာထိုင်နေတဲ့Minjiကိုတွေ့တယ် janeကိုတွေ့တော့လက်ပြခေါ်တဲ့သူကိုမြင်နေရတာအရင်လိုကြည်နူးမှုမရှိတော့janeသူ့ကိုမေ့ခဲ့တာဆယ်စုနှစ်တစ်ခုကျော်ကြာနေပြီ janeလည်းသူ့အရှေ့ခုံမှာဝင်ထိုင်လိုက်တော့
Minji-" Ruby တကယ်လာတွေ့တာဘဲကျေးဇူးတင်လိုက်တာဘာသောက်မလည်းဟင်မှာလိုက်လေ "
Jane-" strawberry juiceတစ်ခွက်ဘဲပေးပါ..."
minji-" ကောင်းပြီruby "
      အအေးမှာပြီးတော့နှစ်ယောက်သားတိတ်ဆိတ်နေမိတယ် မတွေ့တာကြာတော့janeသူစိမ်းတစ်ယောက်နဲ့အတူရှိနေသလိုခံစားရတယ်
minji-" လွမ်းနေခဲ့တာRuby ငါဆယ်စုနှစ်တစ်ခုလုံးနင့်ကိုဘဲချစ်နေခဲ့တာ "
Jane-" အရေးမပါတဲ့စကားတွေမပြောစမ်းနဲ့Minji ငါတို့ဇာတ်လမ်းပြီးသွားတာကြာပြီ "
Minji-" ငါတောင်းပန်ပါတယ် ငါတို့အဲ့တုန်းကအရမ်းငယ်သေးတော့စိတ်ကစားနေတယ်ထင်ခဲ့မိတာ တောင်းပန်ပါတယ်ငါနင့်ကိုပစ်ထားခဲ့မိလို့...ငါအဲ့အချိန်တုန်းကတစ်ကိုယ်ကောင်းဆန်ခဲ့မိလို့တောင်းပန်ပါတယ်ruby.."
jane-" အဲ့ကိစ္စတွေကပြီးသွားပါပြီMinji အခုငါကလက်ထပ်ပြီးပြီနင်အပြုအမူတွေဆင်ခြင်ပေးပါ "
Minji-" ငါဂရုမစိုက်ဘူး နင်သာငါ့ကိုအခွင့်အရေးပေးမယ်ဆိုငါတို့အတူရှိလို့ရပါတယ်Ruby.."
Jane-" နင်ရူးနေလား ငါနင့်ကိုမချစ်တော့ဘူးငါbabyကိုဘဲချစ်တယ်.."
Minji-" အဲ့မိန်းကလေးကငါ့ထက်ဘာတွေသာနေလို့လည်း အစစအရာရာငါကသူ့ထက်ပိုကောင်းမွန်တယ်ဆိုတာအကုန်လုံးအသိပါ.."
Jane-" ငါ့အတွက်တော့babyကအကောင်းဆုံးဘဲ နင့်လိုတစ်ကိုယ်ကောင်းမဆန်တက်ဘဲငါ့အပေါ်ချစ်ပေးတယ် သူကဘာမှမမက်မောတက်ဘူးအရာအားလုံးထက်ငါ့ကိုရွေးချယ်ခဲ့တာ နောက်ပြီးငါနင့်ကိုမချစ်ဘူးMinji ငါbabyကိုဘဲချစ်တာ..နောက်ပြီးငါနင့်ကိုလာတွေ့တာလည်းငါတို့တစ်ချိန်ကသူငယ်ချင်းတွေဖြစ်ခဲ့လို့ ကျန်တဲ့ကိစ္စတွေမပါဘူးMinji..."
       Minjiဟာjaneလက်တွေကိုစုပ်ကိုင်လာပြီး
Minji-" ငါတကယ်နင့်ကိုချစ်တာJane.."
      janeစိတ်ပျက်စွာMinjiကိုကြည့်နေရင်းcounterဘက်ကိုအကြည့်ရောက်မိတော့babyကိုတွေ့တယ်coffeeဗူးလေးကိုင်ကာbabyကjaneတို့ကိုကြည့်နေတာ janeနဲ့အကြည့်ချင်းဆုံတော့မျက်နှာလွှဲကာဆိုင်ထဲကထွက်သွားတယ် အခုအ‌ခြေအနေကိုbabyအထင်လွဲမှာjaneမလိုလားဘူး..။
    jane Minjiလက်ထဲကလက်ကိုရုန်းကာအိတ်ယူပြီးဆိုင်အပြင်ထွက်သွားတဲ့babyအနောက်ပြေးလိုက်သွားမိတယ် babyအနားရောက်တော့babyလက်ကိုဆွဲလိုက်ကာ
Jane-" baby စောနက‌မြင်ကွင်းကိုjaneရှင်းပြပါမယ် honeyတို့ကြားမှာဘာမှမရှိပါဘူးbaby အထင်မလွဲပါနဲ့..."
Li-" liဘာမှမဖြစ်ပါဘူး ဘယ်လိုမှလည်းမထင်ပါဘူး...ရှငိးပြစရာမလိုပါဘူးhoney.."
Jane-" ဒါပေမယ့်baby...."
Girl-" unnie......."
      မိန်းကလေးတစ်ယောက်babyအနားရောက်လာတယ်
li-" ရောက်လာပြီလား Yuna...."
Yuna-" nae..."
Jane-" babyသူက..."
Yuna-" nae တွေ့ရတာဝမ်းသာပါတယ်unnie ဆိုင်မှာအချိန်ပိုင်းအလုပ်လုပ်နေတဲ့yunaပါ ..."
        ကောင်မလေးကြည့်ရတာတစ်မျိုးပင်တစ်နေရာမှာမြင်ဖူးသလိုမျိုး နောက်ပြီးအချိန်ပိုင်းအလုပ်လုပ်နေတယ်ဆိုတာယုံကြည်ချင်စရာမကောင်းလာက်အောင်ကြည့်ရတာအဆင့်အတန်းမြင့်သည်
Li-" liသွားစရာရှိလို့ပြန်တော့မယ်နော်honey..."
Jane-" အတူပြန်မယ်လေbaby janeမှာကားပါတယ်လေ.."
Li-" ရပါတယ် honeyအလုပ်တွေရှိအုံးမှာပေါ့ ဒါဆိုliတို့ပြန်ပြီနော် သွားရအောင်yuna.."
Yuna-" nae unnie...."
     janeဘေးကနေထွက်သွားတဲ့babyကိုကြည့်နေမိတယ်babyဘာလို့အခုလိုဖြစ်သွားတာလည်း janeနေရခက်လှသည်...။
At home
        janeဒီနေ့လည်းအိမ်စောစောပြန်နားသည်
တီးးတီးးး
jane-" hello.."
Chae-" hello jane နင်တို့မနက်ဖြန်ငါတို့အိမ်လာခဲ့ပါလားငါတို့သတင်းကောင်းပြောစရာရှိလို့"
Jane-" အမယ်ဘာသတင်းကောင်းမို့အဲ့လောက်အလောတကြီးခေါ်နေတာလည်း.."
Chae-" လာစရာရှိလာပါမနက်ဖြန်စောင့်နေမယ်နော်မလာရင်အိမ်အထိလိုက်ခေါ်မှာliliကို‌ပါခေါ်ခဲ့နော်.."
Jane-" အင်းပါခေါ်ခဲ့မယ် မစုံရတာကြာလို့သောက်ကြရအောင် "
Chae-" အမလေးမိုးကြိုးတွေတော့ပစ်ကုန်တော့မှာဘဲ အလုပ်တွေကြားအမြဲပိနေတဲ့သူကအခုကျတော့သူ့ဘက်စပြီးတက်ကြွလို့ ကောင်းပါတယ်မဟုတ်ရင်လည်းliကနင့်ဆီကထွက်ပြေးတော့မှာဟားးဟားးး"
           chaeအပြောကြောင့်
Jane-" babyကဘာလို့ထွက်ပြေးရမှာလည်း "
Chae-" အေးလေနင်ကအမြဲအလုပ်၊အလုပ် အလုပ်နဲ့ ကြာရင်liနင့်ကိုထားပြေးမှာဆိုးလို့ဟေ့ ဒါပေမယ့်liကတော့နင့်ကိုမထားခဲ့ပါဘူးသူကနင့်ကိုချစ်လို့လေ.."
Jane-" အင်းလေနင်ပြောတာလဲဟုတ်ပါတယ် ဘာဘဲဖြစ်ဖြစ်ငါတို့မနက်ဖြန်ကျိန်းသေပေါက်လာခဲ့မယ်"
Chae-" ဒါဆိုဒါဘဲနော်မနက်ဖြန်ကျတွေ့မယ် "
Jane-" အင်း chae..."
      ဖုန်းချပြီးတော့chaeပြောသလိုbaby janeကိုများပစ်သွားမလားဆိုတဲ့စိုးရိမ်စိတ်ဝင်မိတယ် အတွေးများနေတုန်းbabyကအခန်းထဲတောင်ရောက်နေပြီbabyပြန်လာတာတောင်janeသတိမထားမိခဲ့
Jane-" babyပြန်လာပြီလား ရေချိုးတော့မလားဟင် ဒါမှမဟုတ်ညစာစားမလား ဒီညdinner dateရက်ရောဘယ်လိုလည်းbaby..."
Li-" liအပြင်မထွက်ချင်တော့ဘူးhoney.."
Jane-" ဒါဆိုbabyဘာစားချင်လည်းဟင်janeချက်ပေးမယ်လေ "
Li-" ရတယ်honey အဲ့တာတွေကကိစ္စမရှိဘူး.."
Jane-" မဟုတ်သေးပါဘူးbabyအစားမမှန်မှာစိုးလို့လေ နေမကောင်းဖြစ်မယ်baby..."
Li-" ရတယ်honey liကိုသိပ်ဂရုမစိုက်နဲ့အဆင်ပြေတာမို့.."
Jane-" အာ အင်းပါbaby ဒါနဲါမနက်ဖြန်ကျရင်chaeတို့အိမ်သွားရအောင်baby chaeကပြောစရာရှိတယ်တဲ့ "
Li-" ဟုတ်လားဒါဆိုလည်းသွားကြတာပေါ့.."
jane-" baby...."
       စကားပြောနေရင်းbabyရင်ခွင်ထဲတိုးဝင်လိုက်တယ်အခုလိုမနေရတာလည်းအတော်ကြာပြီ
Jane-" နွေးလိုက်တာbaby..babyကိုယ်သင်းနံ့လေးjaneသဘောကျတယ်."
    babyကjaneကျောပြင်လေးကိုပွတ်ပေးရင်း
Li-" babyရေချိုးလိုက်အုံးမယ်honey"
Jane-" အင်းbaby ချိုးလိုက်အုံးနော်.."
Li-" အင်းhoney..."
        ရေချိုးခန်းထဲဝင်သွားတဲ့babyကိုကြည့်နေမိတယ် ဒီတလောအနေဝေးနေခဲ့တာjaneသတိမထားခဲ့မိဘူးbabyရယ်...။
#Story-20(end)
#ok guys youတို့ပြောသလိုဘဲကိုတွေးလိုက်ပါတယ်ဖတ်ချင်တဲ့သူတွေဘဲဆက်ဖတ်စေဖို့ ဒါပေမယ့်ကိုယ်စိတ်ကအရင်လိုတော့သိပ်အဆင်မပြေတော့ပါဘူး အဲ့ဒါကြောင့်မို့ရက်ပိုင်းအနားယူပြီးမှဒီficကိုပြန်runပါတော့မယ် ရက်အတိအကျမရှိသေးပါဘူးနော် ဒါဟာတစ်ချို့သောစာဖတ်သူတွေအတွက်ပါနော် စိတ်မရှည်တဲ့သူတွေကတော့ဆက်မဖတ်ဖို့အကြံပေးတယ်နော်စာရေးတဲ့သူထက်youတို့ကစိတ်မရှည်ဖြစ်နေကြတော့ကျွန်တော်လည်းမပြောပြတက်တော့ဘူး....ဒီficဆက်upတာဟာဆက်ပြီးဖတ်ချင်တဲ့သူတွေပြောလွန်းလို့အားနာတဲ့အတွက်ကြောင့်ပါ...။
         အချိန်ခနယူပြီးပြန်လာခဲ့ပါ့မယ်နော်။  

InaccessibleWhere stories live. Discover now