The next day
babyမရှိတဲ့နှစ်ရက်မြောက်နေ့နောက်ပြီးjaneမွေးနေ့ babyဘယ်ရောက်နေတာလည်းjaneဘေးနားမှာမရှိ janeလွမ်းလို့ရူးတော့မည် အနားမှာမရှိတော့မှbabyကိုသာသတိရနေမိတယ် မနက်စာစားပြီးအိမ်ပြန်ခဲ့တော့ ဧည့်ခန်းကjaneတို့နှစ်ယောက်လက်ထပ်တုန်းကဓာတ်ပုံကိုကြည့်နေမိတယ်အဲ့တုန်ူကbabyအရမ်းပျော်ခဲ့တာဘောင်ပေါ်ကသမီးရည်းစားဘဝဓာတ်ပုံတွေကိုကြည့်မိတော့ အရင်အချိန်တွေကိုသတိရမိတယ် janeပျော်ရွင်စရာဘဝတစ်ခုကိုသတိမေ့နေခဲ့တာအတော်ကြာနေခဲ့ပြီဘဲသမီးရည်းစားဘဝကနေစပြီးပွဲတော်ရက်တွေနှစ်ယောက်အတူဖြတ်သန်းနေကြbabyကjaneမရှိတော့ဘယ်လိုနေခဲ့လည်း၊janeကိုအရမ်းများစိတ်ပျက်သွားသလား janeဟာဆိုးရွားလွန်းတဲ့လူတစ်ယောက်ဘဲ အခန်းထဲကိုဝင်ခဲ့တော့လည်းအရင်လိုမဟုတ်ဘဲ Babyပစ္စည်းတချို့မရှိတော့တာကိုသတိထားမိသည် ပိုထူးဆန်းသည်ကမှန်တင်ခုံဘောင်ပေါ်ကဘူးလေးတစ်ခုဖိုင်တစ်ခုနဲ့အတူ စာအိတ်တစ်အိတ် janeဘူးကိုဖွင့်ကြည့်တော့Jဆိုတဲ့စာတန်းနဲ့နားဆွဲလေးပင်janeအကြိုက်Brandတစ်ခုကဆိုတာတံဆိပ်မြင်တာနဲ့သိသည် ဘေးကအိတ်ကိုဖွင့်ဖတ်တော့ဘယ်တော့မှမေ့မသွားမယ့်babyလက်ရေးလေးတွေ
{ ပျော်ရွင်စရာမွေးနေ့ပါHoney နောက်ပြီးပျော်ရွင်စရာချစ်သူသက်တမ်း12နှစ်ပြည့်လေးပါနော် မွေးနေ့တွေမှာအတူမဖြတ်သန်းတာကြာပြီဘဲဒါအထူးအဆန်းတော့မဟုတ်ပါဘူးဒီစာတောင်honeyဖွင့်ကြည့်ချင်မှာဖွင့်ကြည့်ကောင်းပါရဲ့ liအခေါက်ခေါက်အခါခါတွေးပါတယ်honeyဒါပေယ့်li honeyအနားမှာထပ်မကပ်တွယ်ချင်တော့ဘူးလက်ထပ်တဲ့နှစ်နှစ်တာကာလမှာliဘက်ကချည်းhoneyကိုတစ်ဖက်သက်ကပ်တွယ်နေသလိုဖြစ်ခဲ့တယ် liတို့ထပ်မတွေ့ကြရအောင် ကွာရှင်းစာချုပ်ထားခဲ့တယ်honey liလက်မှတ်ထိုးပြီးပြီ honeyလည်းလက်မှတ်ထိုးပြီးဘဝကိုပျော်သလိုဖြတ်သန်းပါတော့နော်..။ }
janeဘေးနားကဖိုင်ကိုအမြန်ဖွင့်ကြည့်တော့ကွာရှင်းစာချုပ်ပင်babyကလက်မှတ်တောင်ထိုးပြီးပြီ janeကိုယ့်ရင်ဘတ်ကိုဖိကာငိုနေမိတယ် babyအဲ့လောက်အထိပြတ်သားလိမ့်မယ်လို့မထင်ခဲ့မိဘူး
Jane-" baby...အဟင့်....အဟင့်....တို့ပြင်ပါမယ်ကွာတို့ပြင်ပါမယ်..ကွာရှင်းခွင်တော့မပေးနိုင်ဘူး..."
One month later
jane babyကိုပြန်ချော့နေခဲ့တာတစ်လရှိပြီတစ်လလုံးbabyဟာjaneသွားတွေ့ရင်ရှောင်ပြေးနေခဲ့တယ်...janeဘယ်လိုလုပ်ရမှန်းလည်းမသိတော့ဘူးအခုဆိုbabyအိမ်မှာမရှိတာတစ်လပြည့်တော့မှာပင်Chaeမွေးနေ့တုန်းကတွေ့ရမလားစောင့်နေပေမယ့်babyဟာchaeကိုဖုန်းသာဆက်လာသည် babyဟာjaneနဲ့ထပ်မတွေ့ချင်တော့ဘူးထင်ပါရဲ့ဒါပေမယ့်janeကတော့မရရအောင်babyကိုပြန်တောင်းပန်မှာ....janeအခုလည်းcompanyကအပြန်babyဆီသွားနေတာညနေလေးနာရီထိုးနေပြီလေ တိုက်တိုက်ဆိုင်ဆိုင်babyဆိုင်ပိတ်နေတာနဲ့တိုးသည်ကြည့်ရတာbabyအပြင်သွားမလို့ထင်သည် သော့ပိတ်နေတဲ့babyအနောက်မှာရပ်လိုက်ကာ
Jane-" တို့ကိုရှောင်နေတာလုံလောက်ပြီထင်တယ်baby..."
သော့ခတ်နေတဲ့babyလက်တွေဟာရပ်သွားပြီးjaneကိုကြည့်လာတယ်
li-" ဘယ်လိုလုပ်..."
jane ဘာမှမသိချင်တော့ဘူးjane babyကိုအရမ်းလွမ်းနေခဲ့သည်မို့ babyကိုဖက်လိုက်သည် babyကိုယ်သင်းနဲ့လေးနဲ့အတူနွေးထွေးမှုကjaneအတွက်အရမ်းကောင်းလွန်းတဲ့အရာတွေဘဲ မတွေ့ရတာကြာတော့janeအရမ်းလွမ်းနေခဲ့တာ
li-" လွှတ်ပါjane liတို့ကွာရှင်းပြီးပြီလေ..."
janeဖက်ထားရာကနေbabyကိုjaneနဲ့မျက်နှာချင်းဆိုင်ဆွဲလှည့်လိုက်သည်
jane-" ဘယ်လိုခေါ်လိုက်တာလည်းbaby janeတဲ့ဟုတ်လား.."
babyဟာjaneဖက်ထားတဲ့လက်ထဲကနေရုန်းကာ
li-" ကွာရှင်းပြီးပြီလေJane liတို့ထပ်မတွေ့သင့်တော့ဘူး..."
Jane-" ဘယ်သူပြောလည်းbabyနဲ့ကွာရှင်းတယ်လို့babyဘက်ကတဖက်သက်ကွာရှင်းမှုကိုဘယ်လိုလုပ်အတည်ပြုမလည်း.."
Li-" ဘယ်လိုဒါဆိုအခုထိ..."
Jane-" တို့ဘက်ကအသိအမှတ်လည်းမပြုသလိုလက်မှတ်လည်းမထိုးဘူး နောက်ဆုံးကွာရှင်းခွင့်မှတ်ပုံတင်တောင်မလုပ်ဘူးbabyမရှိဘဲနေရတာဘယ်လောက်အဆင်မပြေလည်းbabyသိရဲ့လား.."
li-" ဟင့်အင်း ကြာရင်liကိုမေ့သွားမှာပါ.."
Jane-" ဘယ်လိုလုပ်မေ့လို့ရမလည်းကွယ် ပြောပါအုံးတို့ကိုbabyကရောတို့ကိုမေ့နေပြီလားမချစ်တော့ဘူးလားပြောပါကွာ "
babyဟာjaneအကြည့်တွေကိုရှောင်လွှဲနေခဲ့တယ် janeသိတာပေါ့baby janeကိုဘယ်လောက်ချစ်သလည်းဆိုတာကို
Jane-" babyတို့ကိုချစ်နေသေးတယ်ဆိုတာလည်းတို့သိတယ်၊ babyတို့ကိုမမေ့သေးဘူးဆိုတာလည်းတို့သိတယ်တို့တွေမတွေ့ရတာတစ်လပြည့်တော့မယ်တို့လွမ်းလို့ရူးမယ်ကွာ "
li-" liတို့ပြန်အဆင်ပြေဖို့ကဘယ်လိုမှမဖြစ်နိုင်ဘူး နောက်ထပ်liဆီထပ်မလာပါနဲ့တော့ "
jane-" ဘာလို့လည်း babyတို့အမှားတွေပြင်နိုင်တယ် babyပြောသလိုလုပ်နိုင်တယ်ကွာ တို့babyနဲ့အတူနေချင်တယ် babyမရှိတာတို့အတွက်ငရဲဘဲ...တို့နောင်တရပါပြီကွာ..."
Li-" အဲ့တာဆိုတစ်ချိန်တုန်းကliအခြေအနေကိုလည်းjaneစဥ်းစားခဲ့သင့်တယ် အခုလိုဖြစ်သွားမှနောင်တရတာကရောဘာထူးမှာမို့လို့လည်း liတို့လက်ထက်ထားတဲ့ခေါင်းစဥ်အောက်မှာပျော်ခဲ့ရလို့လား liမွန်းကြပ်တယ် အဆင့်အတန်းမတူညီမှုတွေ၊honeyပြောတဲ့စကားတွေကြောင့်liဘယ်လောက်စိတ်ညစ်ရလည်းသိလား၊ ဥပက္ခာပြုမှုတွေ ဂရုမစိုက်မှုတွေကြားမှာliကနေသားကျနေပြီးသား honeyကအစကတည်းကပြောင်းလဲသွားခဲ့တာ liတို့စလက်ထပ်ကတည်းက liကိုရောချစ်လို့လက်ထပ်ခဲ့တာရောဟုတ်ရဲ့လားဆိုတာသံသရဝင်မိတာအခါခါဘဲ honeyရဲ့အလုပ်နဲ့partnerတွေလောက်liကအရေးမပါခဲ့ဘူး Ceo kim Ruby Jane ဆိုတဲ့ရာထူးကသိပ်ကြီးမားပုံဘဲJane အမြဲအတူရှိခဲ့တဲ့Liကိုတောင် janeမေ့နေရလောက်အောင်လေ.."
babyစကားကြောင့်janeအတော်ကြာကြောင်သွားမိတယ် janeသဆိကပ်တဲ့အချိန်မှာbabyဟာဆိုင်ကယ်ဦးထုပ်ဆောင်းပြီးဆိုင်ကယ်စီးကာထွက်သွားလေပြီ....janeအရမ်းနောက်ကျသွားပြီလား..။

YOU ARE READING
Inaccessible
Romance^*Lili Jane ကိုချစ်တယ်*^ -ဒါကရိုးရှင်းပါတယ်janeဘယ်လိုဖြစ်ဖြစ်၊ဘာတွေလုပ်လုပ်၊ဘယ်လိုနေနေ၊janeကိုချစ်နေမယ်ဆိုတဲ့သဘောဘဲ.liအချစ်ကဘယ်တော့မှအဆုံးမသတ်ပါဘူး ။ Lisa-G❗P Autor Note ဒီFicဟာရေးသားသူရဲ့စိတ်ကူးယဥ်ဇာတ်လမ်းသက်သက်သာဖြစ်ပါတယ် အမှားတစ်စုံတစ်ရာပါရ...