ညဘက်ဆိုပေမယ့် Galaxy Club မှာတော့သီချင်းသံတွေ ကနေကြသူတွေနဲ့ဆူညံနေတယ်…
-Cheers ! -
Kris. Kai. Yeol. Soo. Sehun. Luhan တို့…ဝိုင်းတစ်ခုမှာထိုင်ပြီး Cheers နေကြတယ်…Sehun ရဲ့မွေးနေ့အတွက်သောင်းကျန်းနေတာဆိုလဲမမှားဘူးပေါ့…
Kris : ငါတို့ရဲ့ Maknae အတွက် bd wish တော့အိမ်ရောက်မှလုပ်မယ်နော်…
Sehun : ရပါတယ် hyung ရာ…hyung တို့နဲ့ကျွန်တော့်မွေးနေ့လုပ်ရတာပဲပျော်နေပါပြီ…
Kai : umm…Luhan ya…နင်သူ့ကိုဘာပေးဖို့စဉ်းစားထားလဲ…
Kai ရဲ့မေးခွန်းကြောင့် ဝိုင်သောက်နေတဲ့ Luhan သီးသွားတယ်…
Luhan : အဟွတ်…လာမှာပေါ့ဟာ နင်တို့ကလဲ …ကြိုမပြောဘူး suprise ဖြစ်စေချင်လို့…
ဆိုပြီး Luhan Sehun ကိုမျက်စိတစ်ဖက်မှိတ်ပြလိုက်တယ်…Sehun ရယ်ပြီး Luhan ခါးလေးကိုဖက်ထားရင်းနဲ့…
Sehun : suprise တွေဘာတွေမလိုပါဘူးကွာ…ငါ့ဘေးမှာနင်ရှိရင် အရာရာပြည့်စုံနေပါပြီ…
Luhan ရှက်ပြီး Sehun ရဲ့ရင်ခွင်မှာခေါင်းလေးဝှက်ထားလိုက်တယ်…အကုန်လုံးကတော့ပြုံးစိစိနဲ့…
Yeol : အံမယ်…Sehun စကားတွေတတ်နေပါလား…မထင်ရဘူး
Soo : သမင်အစွမ်းလေ…ခါတိုင်း Sehun နဲ့မတူတော့ဘူး…ပြောင်းလဲသွားတယ်…
Luhan : ခဏလေးနော်…ငါ Toilet ဝင်ချင်လို့…
Sehun : ကိုလိုက်ခဲ့ရဦးမလား…
Kai : ဟိတ်ကောင်…မိန်းမအိမ်သာလိုက်မယ် ? သွားပါစေကွာ…နီးနီးလေးကို…
Luhan : Hun ကလဲ…ခဏလေးပဲ…မလိုက်နဲ့လေ…
Sehun : အင်းပါ…မြန်မြန်လာနော်…
Kris : မင်းကလဲ…ပြီးအောင်တော့သွားပါစေကွာ…
ထွက်သွားတဲ့ Luhan ကိုကြည့်ရင်း Sehun စိတ်ထဲမှာတစ်မျိုးထင်မိတယ်…ဘာရယ်မဟုတ်…ကြက်သီးတွေလဲထလို့…………
After 15 min later…
Luhan ပြန်ထွက်လာတယ်…မျက်နှာကရုပ်သေကြီးနဲ့…Sehun လန့်သွားပြီး…
Sehun : Han…ဘာဖြစ်လို့လဲ…နေမကောင်းဘူးလား ? များသွားလို့လား. ?