ထယ်ယောင်းတို့လည်း စမ်းချောင်းလေးမှာရေဆော့ပြီး
ဆောင်ကြောမြိုင်ပြန်လာတော့ ညနက်နေပြီးနေတောင်ဝင်တော့မှာ"ထယ်ယောင်းမြန်မြန်လာ နေဝင်တာကြည့်ရအောင်"
ထယ်ယောင်းလည်းဂျောင်ကုထိုင်နေတယ့်အနားသွားပြီး ဂျောင်ကုနဲ့အတူ နေဝင်တာကိုထိုင်ကြည့်နေလိုက်တယ်
"နေဝင်တာက အရမ်းလှတာပဲ ဟုတ်တယ်မလား
ထယ်ယောင်း""နေဝင်တာကလှပါတယ် ဒါမယ့် ကုရယ့်အလှကိုတော့ မမှီဘူး"
"လျှာရိုးမရှိတိုင်း လျှောက်မပြောနဲ့"
တည်တည့်တံ့တံ့ ဂျောင်ကုပြောလိုက်ပေမယ့်
သူ့ရင်ထဲမှာတော့ ဒုတ်ဒုတ်နဲ့ ရှက်လွန်းလို့ ပါးလေး၂
ဖက်က ခရမ်းချဉ်သီးလို"ဟက် မင်းကတကယ်ထူးဆန်းတယ့် ယောကျာ်းလေးပဲ"
"ဟန်?"
"ဘာလို့များရှက်နေတယ့်အချိန်ပိုပြီးတော့လှနေရတာလဲ"
"တော်..တော်တော့..ဝင်..ဝင်တော့မယ်"
"ကိုယ့်ကိုစောင့်အုန်းလေ အတူဝင်ရအောင်!!"
သူဘယ်လောက်ပဲပြောပြော ရှက်နေတယ့်ကောင်လေးကတော့ ပြေးသွားပြီ
.
..
.
.
.
.
.
.သာယာပြီးလှပတယ့် မနက်ခင်းလေးမှာ ထယ်ယောင်းနိုးလာပြီး အိပ်ဆောင်အပြင်ထွက်လာတော့ ကုရယ့်အဒေါ်က
သူ့အခန်းရှေ့မှာရပ်စောင့်နေတယ်"ဘာပြောစရာရှိလို့လည်းမသိဘူး?"
"ဟို~ကျမနောက်လိုက်ခဲ့ပါ အိမ်ရှေ့စံ"
ထယ်ယောင်းလည်း မအူမလည်နဲ့ ကုအဒေါ်ခေါ်တယ့်
နောက်လိုက်သွားတော့ ဆောင်ကြောမြိုင်အနောက်ဘက်ကိုသူ့ကိုခေါ်လာပြီး"ဟို ဘာ..ဘာပြောမလို့လည်း"
"အိမ်ရှေ့စံ ကျမရယ့် တူလေးကို မေတ္တာသက်ဝင်နေတာမလား"
"ဟင်..ဘယ်လိုလုပ်ပြီးသိ..."
"မနေ့က တောင်ပေါ်မှာ သစ်ဥသစ်ဖု တက်တူးရင်း
ခြေသံကြားလိုက်လို့သစ်ပင်အကွယ်မှာ ပုန်းနေရင်း
ပြောတယ့်စကားတွေအကုန်ကြားလိုက်တာပါ""ဟို...ဘယ်လိုပြောရမလဲ ကျနော်တကယ် ကုကို
ချစ်တာပါ""ဟိုမသင့်တော်ပါဘူးယဉ်ယဉ်ကျေးကျေးမပြောပါနဲ့
အိမ်ရှေ့စံရယ် ကျမလည်းဟိုဟာ သဘောတူတယ်လို့
ပြော...ပြောမလို့ပါ..ဟဲဟဲ""တကယ်လား?!"
"ကျေးဇူးပြုပြီး ကျနော်မျိုးမရယ့် တူလေးကို
ဂရုစိုက်ပေးပါ""အဲ့အတွက်မပူပါနဲ့ ကျုပ် ကုဆီကအဖြေကကျုပ်ထင်သလိုမဖြစ်ခဲ့ဘူးဆိုရင်တောင် ကျုပ်အဝေးကနေစောင့်ရှောက်နေမှာပါ"
"ကျေးဇူးတင်ပါတယ် မင်းသားရယ်"
သူ့တို့၂ယောက်ပြောတယ့်စကားများကို တနေရာက
နားထောင်နေတယ့် လူတယောက်ရှိခဲ့တယ်ဆိုတာ
သူ့တို့မသိလိုက်ထယ်ယောင်းလည်း တောင်ပေါ်သွားပြီး ချယ်ရီပင်လေးရှေ့လေညင်းခံကာထိုင်နေတုန်း
"ထယ်ယောင်း~''
''ဟင်~ကုဘယ်လိုလုပ်ပြီးရောက်လာတာလဲ''
''ခန့်မှန်းပြီးရောက်လာတာ ပြီးတော့ပြောစရာရှိတယ်''
''ပြောလေ ကု''
''ကု ထယ်ယောင်းကို...ချစ်တယ်...ဒါထယ်ယောင်း
ကိုကျနော်ပေးတယ့်အဖြေဘဲ''''ဟန်?တ...တကယ်ကြီးလား''
''တကယ်ပေါ့...ပေါ့လို့''
''နောက်...နောက်တခါလောက်ကြားချင်လို့ထပ်ပြော
ပေးလို့ရမလား''''ထယ်ယောင်းကို..မဟုတ်...အရှင့်ကို ကုအရမ်းချစ်တယ်လို့❣''
![](https://img.wattpad.com/cover/302436542-288-k424932.jpg)
YOU ARE READING
Sweet love💜
Fanfic"ကိုယ့်အပိုင်ဆိုတယ့် စကားက အရမ်း ပိုင်ဆိုးပိုင်နက်နိုင်လွန်းတယ်" *Jeon-Jungkook* "မင်းလေးက ကိုယ့်ရယ့်အပိုင်ဘဲ တကယ်လို့အဲ့စကားကိုမကြိုက်ဘူး ဆိုတော့လည်း ကိုယ့်ယောက်ျားလေး လို့ခေါ်ရမလား" *Kim...