Arc 8.14

1.3K 194 30
                                    

{Zawgyi}

နန်းဆောင်ထဲတွင် ကြောင်တောင်တောင်ဖြစ်နေသော လွန်းမှာ နော်ခွန်းရွယ်ရှေ့တွင် ငုတ်တုပ်ကလေးထိုင်ကာ ခေါင်းကိုကြမ်းပြင်နှင့်ထိလုမတတ်ငုံ့ထားလေသည်။

သတိပြန်ရလာရက်နှင့် သူ့အားတစ်စုံတစ်ရာမျှ မမေးပဲ တိတ်ဆိတ်နေသော လွန်းအား နော်ခွန်းရွယ် မည်သို့မည်ပုံ နားလည်ရမလဲ မသိတော့ပါချေ။

"အသင်...ကျုပ်ကို တကယ်ပဲ ပြောစရာမရှိပါစ?"

နော်ခွန်းရွယ်၏ အသံကြောင့် ခါးတို့အလိုအလျောက်မတ်သွားရသော လွန်းမှာ မျက်လုံးတို့ကတောင်ကြည့်မြောက်ကြည့်နှင့် ပြောသင့်မပြောသင့် ချင့်ချိန်နေပုံရသည်။

"သ..သခင်လေးက တကယ်ပဲ ဝဏ္နုဇေဒါရဲ့ပြည့်ရှင်မင်းလား"

"ခက်ရန်ကော...ဘုရင့်နန်းဆောင်ထဲ ရောက်နေတာတောင် မင်းမယ်အခုထိ မယုံကြည်နိုင်ဖြစ်နေတုန်းလား လွန်းရဲ့"

"ဒါ..ဒါဆို...အ..အရှင်ကအခု ကျွန်...ကျွန်ုပ်ကို အပြစ်ပေးမလို့ ခေါ်ထားတာတော့ မဟုတ်ဘူးမလား"

ခြေတုံခြတုံဖြင့် သူ့အား မေးလာပါသော လွန်းသည် လူကောင်နှင့်မှမလိုက် နော်ခွန်းရွယ်မျက်လုံးထဲတွင် သနားစဖွယ်ပုံစံလေး ဖြစ်လို့နေသည်။

"အပြစ်..ဟုတ်စ? ဆိုစမ်းပါဦး ဘာအပြစ်များလဲ.."

လွန်း၏ မေးခွန်းမှာ လွန်းအား ချောင်ပိတ်ရိုက်သလိုဖြစ်နေသောကြောင့် မအီမသာဖြစ်သွားသော လွန်း၏ ပုံစံအားကြည့်ကာ နော်ခွန်းရွယ်မှာ သဘောတကျ ပြုံးလိုက်မိသည်။

"လွန်း~~ ကျုပ်အနားမှာနေဖို့ ဆန္ဒရှိစ? မင်းသာ ကျုပ်ကမ်းလှမ်းချက်ကို လက်ခံမယ်ဆိုရင်ဖြင့် မင်းကိုဘယ်သူမှမထိရဲအောင် ကျုပ်ကာကွယ်ပေးနိုင်တယ်..."

"အ...အရှင်...ဒါက ကျွန်ုပ်လို သေးနုတ်တဲ့လူက ဘယ်လိုလုပ်..."

"ကျုပ်ကို မော့ကြည့်စမ်းပါ့ လွန်း~
မင်းမျက်ဝန်းတွေနဲ့ ကျုပ်ကိုစေ့စေ့ကြည့်ပြီး ဖြေစမ်းပါ့ ။ ကျုပ်ရဲ့လူအဖြစ် ကျုပ်အပါးမှာ နေနိုင်ရဲ့လား"

ပြတ်သားလှတဲ့ စကားသံနောက်တွင် လှစ်ခနဲပြုံးသွားရသည့် လွန်း၏ နှုတ်ခမ်းပါးက ဒီအခြေအနေတွေကို တုန်လှုပ်နေဟန်မရှိပါချေ။

Rebounding System(OC)Onde histórias criam vida. Descubra agora