<Unicode>
P9
ရိပေါ်လေးဆေးရုံကဆင်းသည့်နေ့မှစလို့နောက်လေးငါးရက်ထိ ပါပါးအားအိမ်တွင်မတွေ့ရပေ။
အဖွားလေးအားမေးကြည့်တော့ ပါပါးက အလုပ်ထဲတွင် ညဂျူတီကျသောကြောင့်ဆေးရုံတွင်အိပ်သည်ဟုပင်။
အဖွားလေးလိမ်ပြောနေမှန်းသိနေသော်လည်း တကယ့်အကြောင်းအရာအား မည်သူ့ကိုမျှမေးမနေတော့ပေ။
အပေါ်ထပ်ရှိမိမိအခန်းလေးထဲတွင် ကျောင်းမှ ပန်းချီဆရာအိမ်စာပေးသည်များကိုလေ့ကျင့်ရေးဆွဲနေရင်း အောက်ထပ်မှဆူညံသံများကိုကြားလိုက်ရသည်။
ပုံဆွဲစာအုပ်နှင့် ခဲတံများကို အသာအယာသိမ်းပြီး ညအိပ်မီးလေးဖွင့်ကာ ကုတင်ပေါ်တက်၊ စောင်လေးခြုံထားရင်း အောက်ထပ်မှအသံများကိုနားစွင့်နေမိသည်။"ကျွန်တော်မွေးထားတဲ့သား ကျွန်တော်နဲ့အတူနေမှာ ဘာကမှားနေတာလဲ"
"နင်မွေးထားတာပဲရှိတာလေ မွေးကတည်းက ကလေးအနှီးတစ်ထည်တောင်နင်လျှော်ဘူးလား
နင်သူ့ကိုမူကြိုကနေခုချိန်ထိ ဆယ်ခါပြည့်အောင် အကြိုအပို့လုပ်ဘူးလား
နင်မွေးထားတဲ့ကလေးနဲ့ ဆယ်ခါပြည့်အောင်အတူအိပ်ဘူးလား
နင့်ဘာသာနင်ပဲ နင့်မယားနဲ့နေစမ်းပါ
နင့်မယားရဲ့သားကိုပဲ စောင့်ရှောက်စမ်းပါ
ရိပေါ်ကိုလာမတောင်းပါနဲ့
ငါ့မှာ ဒီကလေးလေးပဲရှိတော့တာ
မပေးနိုင်ဘူး""အဲ့တာ ကျွန်တော့်သားမှမဟုတ်တာ
ကျွန်တော့်သားကိုပဲ ကျွန်တော်ဂရုစိုက်တယ်
ကလေးကို ကျွန်တော်ခေါ်သွားမယ်
မားလည်းအသက်ကြီးနေပြီ
ကလေးကိုမစောင့်ရှောက်နိုင်ပါဘူး""ရိဖုန်း ငါဝင်မပြောဘူးလုပ်ထားတာ
နင့်အမေက ဒီအကြောင်းကိုနင့်ကိုမပြောစေချင်ဘူး
ရိပေါ်လေးနေမကောင်းဘူး
နင်ဆူညံ ဆူညံလုပ်ရင် ကလေးနိုးသွားလိမ့်မယ်
နင်ပြန်လိုက်တော့""သားက နေမကောင်းဘူး
ကျွန်တော့်ကိုဘာလို့မပြောကြတာလဲ"မူးနေသောရိဖုန်းသည် လှေကားလက်ကိုင်အားတွယ်ကာ လှေကားထစ်များကို တောင်ကျော် မြောက်ကျော်နှင့်တက်နေသောကြောင့် အဖွားလေးသည် တွဲပေးရန်ပြင်သော်လည်း ဖွားဖွားဝမ်မှ ရိဖုန်းအားလှေကားမှဆွဲချလေသည်။
ကြမ်းပြင်တွင် ခွေခွေလေးကျသွားသော ရိဖုန်းက အရက်ဆိပ်တို့ဖြင့် ဖွားဖွားဝမ်အားတွန်းကာ အပေါ်ထပ်ခန်းမှ ရိပေါ်အခန်းလေးထဲဝုန်းဒိုင်းကြဲကာဝင်သွားလေသည်။
YOU ARE READING
On the Walls of the Brightest Fame
Fanfic24 Nov 2020 မင်းမှာ အရည်အချင်းမရှိရင် မင်းမြတ်နိုးတဲ့အရာတွေကို ပိုင်ဆိုင်နိုင်မှာမဟုတ်ဘူး မင်းမှာ အင်အားမရှိရင် မင်းမြတ်နိုးတဲ့အရာတွေကို ကာကွယ်နိုင်မှာမဟုတ်ဘူး ပထမဆုံးနှင်းကျတဲ့အချိန်မှာ အခမ်းနားဆုံးသောအောင်မြင်မှုတွေနဲ့ မင်းကိုလက်ထပ်ခွင့်တောင်းမယ် ...