အရာအားလုံး စတင်ခဲ့တာက .... တစ်နည်းအားဖြင့်ဆိုရင် စချစ်မိခဲ့တာထို အခိုက်အတန်လေး အတွင်းမှာဘဲ။ အချစ် ...? အချစ်ဆိုတာ ဘာလဲလို့ စဉ်းစားမိခဲ့တယ်။ အစ်မ ဖြစ်သူ ချစ်စတုန်းက ခဏခဏ ငိုတာ တွေ့ရတယ်။ ပြီးတော့ ပြောသည် ရည်းစားမထားနဲ့ အချစ်ဆိုတာ ဘာလဲ ဆိုတာကိုတောင် မစဉ်းစားမိအောင် ကြိုးစားပါတဲ့။
ဒါပေမယ့် ... ဒါပေမယ့် ... သူ့ကို တွေ့တဲ့ အချိန်လေးအတွင်းက စပြီး အချစ်ဆိုတာကို စပြီးစဉ်းစားမိလာတယ်။ တစ်ချို့သူတွေက ပြောကြတယ် အချစ်ကကျယ်ပြန့်သလို နူးညံ့ခြင်းတွေ၊ယုံကြည်မှုတွေ၊လက်ခံပေးမှုတွေ၊ သိတတ်မှုတွေ.... ပြီးတော့ နာကျင်မှုတွေ အများကြီးက အချစ်လိူ့ ဆိုကြတယ်။ သူတို့ပြောတာ မှားလာဆိုတော့ မမှားခဲ့ဘူး။ အစ်မဖြစ်သူ ဒီခံစားချက် အစုံကို ခံစားခဲ့ရတာ သူ့မျက်မြင်ဘဲ မဟုတ်လား။ဒီအချက်တွေကို လက်ခံပါတယ်။
ကျွန်တော့အတွက်တော့ အချစ်ဆိုတာ
ကျွန်တော့အချစ်တွေနဲ့ ပြည့်နှက်နေတဲ့ လူသားလေးတစ်ယောက် ဖြစ်တယ်လို့ ယုံကြည်ထားသည်။
နောက်ဆက်တွဲမှာတော့ ........ ကြောက်စိတ် ဟာ ကျွန်တော့ အချစ်ထဲ ဝင်ရောက်လာခဲ့တယ်။
သူနဲ့ ပိုပိုပြီး နီးစပ် လာလေလေ ကြောက်စိတ်က ပိုစိုးမိုးလာလေလေ ဖြစ်နေသည်။ ဆက်ဆံရေးတွေက တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာလေလေ ကြောက်စိတ်တွေဟာလည်း နည်းတူ တိုးတက်လာလေလေဖြစ်သည်။
နောက်ပြီး တစ်ခုက အကြောက်ဆုံး အရာ ဖြစ်သည်။
သူ့ကို ဆုံးရှုံးရမှာ....
" သားရေ ဆောနူ အဲ့ဒီအလုပ်တွေ မလုပ်လို့ မဖြစ်ဘူးလား ဟင် မေမေ စိတ်ပူလိူ့ပါ "
" အာ..မေမေကလည်း သားက မကောင်းတဲ့ အလုပ်လုပ်နေတာမှ မဟုတ်ဘဲဗျာ။ ဒီတိုင်း လုပ်ချင်တဲ့ စိတ်လေးရှိတဲ့ အလုပ်မို့ ဝင်လုပ်ကြည့်နေတာပါ။ နောက်ပြီး ကျွန်တော် သာမာန်ကလေးတွေလိုမျိုးဘဲ အခွင့်အရေး တန်းတူရတဲ့အလုပ်မျိုးကိုလုပ်ချင်တာ နောက်ပြီး...... "
တခဏလေးအတွင်း ဆောနူ စကားတွေ ရပ်တန့်သွားသည်။
တစ်ခုခုကို ရိပ်မိသွားပုံရသည့် အစ်မဖြစ်သူက