တစ်နေ့တာ ဖြတ်သန်းရတာ ခက်ခဲပေမယ့် ညနေဘက် သူလာတဲ့ အချိန်ကစပြီး လူက ပြန်လန်းဆန်းလာသည်။
အချစ်ဆိုတာ ဒါပါလား ဆိုပြီး တွေးနေမိပြန်ရော။ အင်း... သူများတွေ ကြည့်ရင်တော့ ဂင်မ်ဆောနူကို အချစ်ရူးလို့ ထင်မှာဘဲ။ ကျောင်းပြီးတဲ့ အထိကို စာဘဲလုပ်လာပြီး ရည်းစားတို့ အချစ်တို့ဆိုတာ တွေးကို မတွေးမိဖူးတာ နှလူံးသားထဲထိ ဝင်ခံစားရတယ် ဆို ဝေလာဝေးဘဲ။အခုတော့ ပထမဆုံး ချစ်မိတဲ့ အချစ်နဲ့မှ ရူးရူးမူးမူးဖြစ်နေရတာပါ။ လူတစ်ချို့တွေက ပြောတယ် အချစ်ဦးဆိုတာ ခံစားချက်မျိုးစုံပေးပြီး ရင်ထဲ အကြာကြီး မေ့လို့မရအောင် လုပ်တတ်တယ်တဲ့ လူတွေတဲ့။ သူတို့ပြောတဲ့ ခံစားချက် မျိုးစုံ ထဲမှာ နာကျင်မှုဆိုတဲ့ ခံစားချက်လည်းပါမှာဘဲ။
အဲ့ဒီ ခံစားချက်ကိုတော့ အခုမှ အချစ်နဲ့ စထိတွေ့တဲ့ ဆောနူအနေနဲ့ မခံစားဖူးတာ အမှန်ပင်။ ဒါပေမယ့် မမ ခံစားရတာကိုတော့ မြင်ဖူးသည်။ ကိုယ့်ကိုကိုယ် အဆုံးစီရင် ဖို့အထိ ဖြစ်သွားရလောက်တဲ့ အထိကို နာကျင်ခဲ့ရသည် တဲ့။ အဲ့တာကြောင့်မို့ မမ က ဆောနူကို စကားတစ်ခွန်း အမြဲပြောသည်... သတိပေးတာထက် အမိန့်ပေးတာနဲ့ ပိုတူသည်။ " အချစ်ဆိုတဲ့ မီးကို သွားမကစားနဲ့ နောင်တရလိမ့်မယ် " ဆိုတဲ့ စကားကို အမြဲပြောသည်။
ထို စကားကို အမြဲလျစ်လျူရှုပြီး အခုဆို အချစ်နောက်ကို ကောက်ကောက်ပါနေခဲ့ပြီ မဟုတ်လား။ ရှေ့ကိုဘဲ ဆက်တိုးချင်ပြီး နောက်ကို ပြန်မလှည့်ချင်တော့အထိ ဆောနူ အချစ်နွံထဲ နစ်မြှုပ်နေခဲ့ပြီးနေပြီ။
" ဆောနူရေ ထမင်းစားမယ် အောက်ဆင်းခဲ့ "
ပထမကတော့ ထမင်းမစားဘဲ ဟိုကလေး ဆီက စာအလာကို စောင့်မလို့ဘဲ ဒါပေမယ့် အခန်းပြင်က လှမ်းခေါ်သည့် အစ်မ ဖြစ်သူ အသံကို လစ်လျူရှုမရတာကြောင့် ဖုန်းကို ကိုင်ကာ ထမင်းစားဖို့ အောက်ထပ်ကို ဆင်းလိုက်သည်။
ဆောနူကတော့ ပုံမှန်အတိုင်း ကိုယ့်နေရာကိုယ် ဝင်ထားပြီး စာနေပေမယ့် ပုံမှန်မဟုတ်တာက ပတ်ဝန်းကျင် အခြေအနေ ဖြစ်သည်။ ဘယ်နားက ဘယ်လို လေစိမ်းတွေဝင်လာမှန်းမသိ ချမ်းစိမ့်လာ သလို ခံစားနေရသည်။