အခန်း ၂

327 57 2
                                    

Unicode

"အစော "

အစောကခြေလှမ်းတို့ကိုရပ်တန့်သွားပေသည့် လှည့်တော့မကြည့်လာ။ ကျော့ဆိုင်ကယ်ကိုစက်သပ်လိုက်သည်။ အနီးမဝေးတွင်ရှိသော ပါရမီဆိုတဲ့ဆိုင်လေးကနေ လူသံတို့ဆူဆူညံညံကြားနေရသည်။

"အစော.."

ကျော့နောက်တစ်ခါ‌ထပ်ခေါ်လိုက်တော့မှ အစောဟာနောက်သို့ပြန်လှည့်လာသည်။ ကျော့ဆိုင်ကယ်ရှေ့ထိပေါ့။ အဲ့ဒီအချိန်ထိ ကျော့အစောကို ဘာပြောရမလဲစဉ်းစားလို့မရသေးပေ။

"ပြောလေ ကျော့ငယ် ကိုယ့်ကိုခေါ်တာ
ပြောစရာရှိလို့မလား "

မရီမပြုံးနဲ့ပင် အလေးအနက်ဆိုလာတဲ့အစောက ကျော့မှာပြောစရာရှိတယ်ဟု ထင်နေပုံပင်။ မိနစ်ပိုင်းလောက်ကြာတဲ့ထိ ကျော့ဘာမှပြန်မဖြေဖြစ်။ အစောကတော့ စိတ်ရှည်စွာနဲ့ပဲစောင့်ပေးနေသည်။

"ဘာလို့... ဘာလို့ပြန်လာတာလဲ "

အတန်ကြာပြီးမှ ကျော့ပါးစပ်ကထွက်လာတဲ့စကားက တကယ်သိချင်နေခဲ့တဲ့မေးခွန်းပါပဲ အစောရယ်။

"ကျော့ကလေးပဲစဥ်းစားလိုက်ပါ ကိုယ်ဖြေတဲ့အဖြေထဲက အမှန်ဖြစ်မယ်ထင်တာကိုပေါ့  ပထမအဖြေကတော့ ဒီကိုရောက်လာတာ ကိုယ်တာဝန်ကျလို့လေ "

ပြောရင်းနဲ့အစောက ဆိုင်ကယ်ရှေ့မှခြင်းတောင်းကို ခပ်ဖွဖွပွတ်နေသေးသည်။

"နောက်အဖြေတစ်ခုကတော့ ကိုယ့်မေမေတာဝန်ကျခဲ့တဲ့နေရာကို လာလည်ရင်းသိခဲ့ရတဲ့ ကောင်မလေးနဲ့ ထပ်ဆုံချင်လို့။ ပြီးတော့ အဲ့ကောင်မလေးဆီကနေကိုယ်ယူသွားမိခဲ့တဲ့ တစ်စုံတစ်ရာကို ပြန်လာပေးချင်လို့ဆိုပါတော့"

သိပ်စကားများတဲ့ကျော့က အခုပြောစရာစကားမရှိဘူးတဲ့‌‌လေ။ ယုံကြလားမသိပေမယ့် ကျော့တကယ်ပြောစရာစကားရှားနေတယ်။ အခုနကလဲ ပြောစရာစကားရှာမတွေ့သလို အခုလဲဘာပြန်ပြောရမလဲမသိပြန်ဘူး။

"ကိုယ့်ကိုဧည့်သည်အဖြစ် ဒီမြို့ကနေကြိုဆိုချင်ရဲ့လား ကျော့ကလေး"

အစောက ကျော့မဖြေနိုင်တဲ့မေးခွန်းကိုမှရွေးမေးတယ်။ စောယုမေဆိုတဲ့ထိုလူသားက ဒီမြို့ကိုဧည့်သည်အဖြစ်လာလည်တာမှမဟုတ်ပဲ။ ကျော့ရဲ့နှလုံးသားထဲကို ဧည့်သည်အဖြစ်လာလည်တာ။ ပြီးရင်ပြန်ထွက်သွားအုံးမှာပဲမဟုတ်လား အစောရဲ့။

ဧည့်သည်ဦးWhere stories live. Discover now