အခန်း ၅

249 51 0
                                    

Unicode

လမ်းတစ်လျှောက်မြင်နေရသော ခေါင်မိုးသွပ်ပြာပြာများက ကျော့ရူပါကိုအမြင်မအေးစေနိုင်။ ထို့နည်းတူစွာဝှေ့ဝဲတိုက်ခတ်နေသောလေအေးအေးကလည်း ကျော့ရင်ထဲကိုမငြိမ်းချမ်းစေနိုင်ပါ။ ဆိုင်ကယ်ဖြတ်လာရာလမ်းတစ်လျှောက်ရှိ ခြံရှေ့တွင်အလှစိုက်ပျိုးထားကြသော ပန်းပင်လေးများက အရောင်စုံစွာလေဝှေ့ရာ ယိမ်းထိုးနေကြသည်။ ဒီဘက်ကအိမ်များအတွင်းတွင်မဟုတ်ပဲ စည်းရိုးအပြင်ဘက်တွင်  အရောင်စုံပန်းကလေးတွေကိုအလှစိုက်ပျိုးထားတတ်ကြသည်။ ကျော့တို့အိမ်အပါအဝင်ဖြစ်သည်။

ကျော့ရူပါဆိုင်ကယ်ကိုမောင်းနေရင်းမှ ကျောင်းတက်လာကြသော အဖြူအစိမ်းနှင့်ကျောင်းသားတစ်စုကိုလည်း လမ်းဘေးတွင်တွေ့ရပြန်သည်။ အဖြူနှင့်အစိမ်းမြင်တိုင်း တစ်စုံတစ်ယောက်ကိုသတိရစိတ်ကပိုမိုပြင်းထန်ပါ၏။

ထက်မြက်တို့ဖုန်းဆိုင်လေးသည် အစောတို့ကျောင်းအထက.၁ကိုလှမ်းမြင်နေရသော နေရာတွင်ရှိလေသည်။ ကျော့ဆိုင်ကယ်ကို ဆိုင်ဘေးရှိအမိုးအောက်ထိုးရပ်လိုက်ချိန်တွင် နောက်တစ်စီးကလည်း နံဘေးတွင်ထိုးရပ်လာသည်။

"ရူပါရယ်.. အလုပ်လာရတဲ့မျက်နှာကလဲဟာ ငါ့မယ်နင့်ကိုသနားတောင်သနားလာပြီ"

ထက်မြက်ကခေါင်းကိုခါယမ်းရင်း ကျော့ကိုကြည့်ကာဆိုသည်။ ထိုမျက်နှာကအလုပ်လာရလို့မဟုတ်တာမှန်း ကျော့တစ်ယောက်သာသိသည်။

"ထက်မြက် အာရုံလာမနောက်နဲ့နော် ငါလှည့်ပြန်သွားမှာ"

"ဟုတ်ပါပြီစတာပါ ကျော့ရူပါရဲ့။ ဒီမှာနင်စားဖို့ မလိခူးကဆန်စီးအရေဖျော်ဝယ်လာတယ် ပူတုန်းတခါထဲစားလိုက်။ ပျော့သွားရင်မကောင်းဘူး"

ထက်မြက်သည် ပြောရင်းဆိုရင်းနှင့်ပင် ဆိုင်ထဲဝင်သွားကာ ဆန်စီးကိုပန်းကန်ထဲပြောင်းထည့်နေသည်။ ကျော့ကျောင်းဝင်းဘက် တစ်ချက်မျှော်ကြည့်ရင်း ဆိုင်ထဲလိုက်ဝင်လာလိုက်သည်။ တစ်စုံတစ်ယောက်ကကျောင်းကိုရောက်သေးမရောက်သေးတော့သူမသိ။ ကျော့ကတော့အလုပ်ကိုရောက်နေပြီဖြစ်သည်။ ဟုတ်သည်။ ကျော့ရူပါအလုပ်ဝင်နေပြီပင်။ ထက်မြက်ပြောသလိုတစ်ပတ်မဟုတ်တော့ပဲ အရင်လိုအလုပ်ပြန်လုပ်နေသည်။ ထက်မြက်ကတော့ အတော်လေးဝမ်းသာနေတာများ နေ့တိုင်းစားစရာ‌တွေတစ်မျိုးပြီးတစ်မျိုး ဝယ်ကျွေးနေတော့သည်။

ဧည့်သည်ဦးOpowieści tętniące życiem. Odkryj je teraz