Forever part (22)
"ဒေါက်...ဒေါက်...ဒေါက်....''
"အဖေ..မအိပ်သေးရင်..သားဝင်လာမယ်နော်''
"အင်းးးးအဖေမအိပ်သေးဘူးသားငယ်...ဝင်ခဲ့''
ချိန်း..သမီးရဲ့ဓာတ်ပုံလေးတွေကိုင်ကာ အဖေ့အခန်းထဲဝင်သွားတော့..အဖေကအိပ်ယာပေါ်မှာ နဖူးပေါ်လက်တင်ပြီး လှဲနေလေသည်..သူဝင်လာတဲ့အသံကြားတော့မှသူ့ဘက်လှည့်ကာပြုံးပြနေတာ..အဖေဟာအသက်ကြီးသွားပေမယ့် ချောမောမှူတွေကျန်ရှိနေဆဲ...တိန်းငယ်သတင်းရပြီးကတည်းက ကလေးငယ်ရှိတဲ့နေရာအပြေးသွားလိုက်ချင်ပေမယ့် ကျန်းမာရေးမကောင်းတဲ့အဖေ့က်ိုထားခဲ့လို့မဖြစ်တာကြောင့် အိမ်ကနေညအိပ်ညနေခရီးမထွက်ရတာကြာပေါ့...အလုပ်ခရီးတောင် ကိုယ်စားလွှတ်နေရတာများသည်..အဖေ့နားမှာ သူပဲရှိတော့တာမလ်ို့ အဖေက သူအချိန်တန်လို့အိမ်ပြန်မလာရင် ကလေးလိုဖြစ်သွားတတ်တာ..တငိုငိုတရယ်ရယ်နဲ့...တိန်းငယ်ရန်ကုန်ကိုမြန်မြန်ပြန်လာပါစေလ်ို့ ဆုတောင်းနေတာမြတ်စွာ ဘုရားရှင်တောင်သူ့က်ိုသနားနေလောက်ပြီ။
"သားငယ်...လာ..အဖေ့ဘေးမှာထိုင်''
အဖေက နေရာပေးတာကြောင့် အဖေ့ဘေးမှာပဲဝင်ထိုင်လိုက်ပြီး..
"အဖေ နေကောင်းရဲ့လား..မနက်ဖြန်ဆေးလာစစ်ပေးမယ့်ရက်ရောက်ပြီနော်''
"အင်းး..အခုတလောနေလို့ကောင်းနေတယ်..အဖေ့သားရဲ့ဂရုစိုက်မှူတွေကြောင့်ဖြစ်မယ်''
"အဖေ့ကိုသား ဝမ်းသာစရာသတင်းပြောမလို့..အဖေမငိုဘူးဆိုပြောမယ်''
"ငိုစရာလားကွ..ပြောစရာရှိတာပြော''
အဖေ့လေသံမာမာကြောင့် ချိန်းရယ်ချင်လာသည်..အဖေကသူ့ကို ကလေးလိုပြောရင်သိပ်မကြိုက်ချင်..သူ့လက်ထဲက သမီးပုံလေးတွေက်ိုအဖေ့လက်ထဲထည့်ပေးပြီး..ကုတင်ဘေးကစားပွဲပေါ်တင်ထားတဲ့အဖေ့မျက်မှန်က်ိုယူပြီး..သူကိုယ်တိုင်ပဲအဖေ့ကိုတပ်ပေးလိုက်တော့..အဖေကဓာတ်ပုံလေးတွေက်ိုသေချာကြည့်နေတာ..
"အဲ့ဒါလေးက ဘယ်သူလို့ထင်လဲအဖေ''
"သားးး....ဒါလေးက...သားငယ်ရဲ့သမီးလေးလား...သားငယ်...ဘယ်တုန်းက.''
YOU ARE READING
Forever.(Completed)
RomanceSeme.. ရက်ချိန်းမင်းသွင် Uke.....ရူယျာတိန်း (အမွှာတွေမလို့ပုံသဏ္ဍန်ချင်းခွဲမရအောင်တူနေလည်း..ကိုကိုချစ်တာ မင်းကိုပဲ..M-preg) A/N ဤဇာတ်လမ်းပါအကြောင်းအရာများသည် ပြင်ပလောကတွင်အမှန်တကယ်မရှိနိုင်သော စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။Drama ficပါ။အတော်လေ...