Extra 4

16K 804 25
                                    

Forever အချပ်ပို ၄

'ဟင်...ကို....ကိုက်ို'

၆နှစ်တိတိစကားလုံးဝမပြောတဲ့ယိန်းငယ်က ၆နှစ်ကြာပြီးမှသူမနှုတ်ဖြားကပထမဆုံးထွက်လာတဲ့စကားက ကိုကိုတဲ့။

(အဟားး...ယိန်းငယ်ရက်စက်လွန်းသွားပြီ..ဒီနှစ်တွေထဲမှာ သူမပြန်ချစ်လာနိုင်မလားဆိုတဲ့မျှော်လင့်ချက်သေးသေးလေးထားခဲ့မိတာဝန်ခံပါသည်။ဒါပေမယ့် သူပြန်ရခဲ့တာက...။တော်ပြီ...ဒီလောက်ဆိုလက်လွှတ်ပေးသင့်ပြီ။သူမရဲ့ကျန်းမာရေးလည်းအရာအားလုံးအကောင်းအတိုင်းပြန်ဖြစ်သွားခဲ့ပြီဆိုတော့သူအနားမှာရှိနေပေးဖို့မလိုအပ်တော့သလ်ို သူမဆီကချစ်ခြင်းတရားကိုလည်းမမျှော်လင့်ချင်တော့ပြီ။မောနေပြီယိန်းငယ်၊ကိုယ်မင်းဆီကချစ်ခြင်းတရားကိုမျှော်ရတာမောလာပြီမလို့ ကိုယ်ရပ်တန့်လိုက်ချင်ပြီ)

သူ့ခါးကိုသိုင်းဖက်ထားတဲ့ယိန်းငယ်လက်ကိုဖြုတ်ချလိုက်ပြီး အပူရုပ်ကိုဟန်လုပ်ကာ အားပါးတရပြုံးလိုက်ပြီး ယိန်းငယ်နဲ့မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်လိုက်ကာ သူ့က်ိုမကြည့်ဘဲမျက်လွှာချထားသူရဲ့မေးဖျားလေးကိုအသာပင့်ယူလိုက်ပြီး

'ယိန်းငယ်..ကိုယ့်ကိုကြည့် '

ထိုအခါမှ သူ့က်ိုမရဲတရဲမျက်လုံးဖွင့်ကြည့်လာတဲ့မျက်ဝန်းကြည်ကြည်လေးတွေမှာမျက်ရည်ကြည်တွေရစ်သိုင်းလို့။

'ကိုယ့်ယိန်းငယ်လေး နေပြန်ကောင်းသွားပြီ။လူကောင်းအတိုင်းအကောင်းပကတိဖြစ်သွားပြီမလို့ကိုလတ်အများကြီးဝမ်းသာတယ်၊ရှေ့လျှောက်ကို လိမ်လိမ်မာမာနေတော့နော်။ယိန်းငယ်ဖြစ်ချင်တဲ့သမားတော်ကြီးဖြစ်အောင်ဆက်ပြီးကြိုးစားပါ။ကိုလတ်ယိန်းငယ်ဖြစ်ချင်တဲ့ဆန္ဒအတိုင်းဖြစ်အောင်အားလုံးဖြည့်ဆည်းပေးခဲ့မယ်'

'ကို...ကိုလတ်က ဘယ်သွားမလို့လဲဟင်'

'တစ်နေရာရာပေါ့..ယိန်းငယ်နေပြန်​ကောင်းလာရင်ဆိုပြီးတစ်နေရာရာကိုသွားဖို့ရည်ရွယ်ထားတာရှိတယ်'

'ဘယ်သွားမို့လဲဟင်..မီးလည်းလိုက်မယ်...မီးကိုမထားခဲ့ပါနဲ့.. ဟင့်...မီးကိုစ်ိတ်ဆိုးနေတာဆို ကိုလတ်ကျေနပ်အောင်မီးတောင်းပန်ပါ့မယ်..မထားခဲ့ပါနဲ့..အင့်...ဟင့်'

Forever.(Completed)Where stories live. Discover now