Unicode
တရက်သောနေ့
ကားပြတင်းပေါက်ကိုဖွင့်ကာ လေအေးအေးကို အဝရှူမိသည်။ ဒီလို စိတ်လွတ်ကိုယ်လွတ်မနေရတာကြာပီမဟုတ်လား...။
ဂေါက်ကနဲမြည်သံအပီးနာကျင်သွားတဲ့ ဦးခေါင်းကိုပွတ်ကာ အမေ့ဘက်ကိုလှည့်ကြည့်မိသည်။
" အဲ့လိုမကြည့်စမ်းနဲ့ သားကြီးရယ် တံခါးပိတ်ထားစမ်းပါ နဂိုကမှ ကျန်းမာရေးခြူခြာပါတယ်ဆိုနေမှ တကယ်ဘဲ "
"အမေကလည်း အဲ့တာနဲ့လက်ပါရရောလား"
ဆူပုတ်ပုတ်ပြန်ပြောကာ တံခါးကိုပြန်ပိတ်မိသည်။
အနောက်ဘက်ကိုလှည့်ကြည့်တော့ အိပ်ပျော်နေတဲ့ ထယ်ယွန်းရယ် သူ့ဘေးကအထုတ်တွေရယ်။ အဖေကတော့မရှိတော့ပေ။
နေ့တိုင်းညတိုင်း အဖေနဲ့အမေရဲ့ ရန်ဖြစ်သံတွေကြား ကြီးပျင်းလာတဲ့ ကျွန်တော်နဲ့ ထယ်ယွန်း။ အရာအားလုံးကိုအပစ်တင်ရမည်ဆိုပါလျှင် အဖေ့အပြစ်တွေကြီးသာ။
မှတ်မှတ်ရရ မှတ်မိပါသည်။ သူကျောင်းပီးလို့အပြန် ထိုရက်တွေက အမေက အဘွားရဲ့နာရေးကိုသွားရမည်မို့ အိမ်မှာမရှိပါ။ ထိုအခြင်းအရာကိုအခွင့်ကောင်းယူကာ မယားငယ်နဲ့ သာယာနေတဲ့လူဟာ အဖေမှအဖေအစစ်။ ဖောက်ပြန်တတ်တဲ့လူတွေကို သူသိပ်မုန်းပါသည်။
အမေကလည်း ရိပ်မိသည်ထင်ပါရဲ့။ အဖေကတော့ ဝန်မခံပါ ထိုကြောင့် ညတိုင်း ထယ်ယွန်းနဲ့ ကျွန်တော်က ညတိုင်း ရန်ဖြစ်သံတွေကိုကြားခဲ့ရတာဖြစ်သည်။
အဖေကသူ့နဲ့သိပ်ပီးမရင်းနှီး။ အရင်ကတော့ ချစ်ချစ်ခင်ခင်ရှိပင်မဲ့ သူ့ကောင်လေးနဲ့မိတ်ဆက်ပေးလိုက်သည့်ရက်ကစပီး အဖေနဲ့ အခေါ်အပြောသိပ်မလုပ်ဖြစ်တော့ပေ။ ဒီကြားထဲ ကောင်လေးကဖောက်ပြန်တော့ ပိုဆိုးသွားသည်။ ဖောက်ပြန်တဲ့လူကိုမုန်းတဲ့ ကျွန်တော်က အချစ်ဦးဖြစ်တဲ့ မင်ဂျယ်ကိုခွင့်လွှတ်ကာ ရှေ့ဆက်ခဲ့ပင်မဲ့ ထပ်ဖောက်ပြန်ခဲ့ပြန်သည်။
တရက်သောနေ့ ပထမနှစ်ပီးလို့ အိမ်အပြန်ညကဖြစ်သည်။ တစ်နှစ်လုံး စာနဲ့လုံးပန်းခဲ့ရတာမို့ ပျော်ရွှင်စွာ အိမ်ကိုပြန်လာခဲ့သည့်နေ့ပင်။ အိမ်ကိုဝင်ဝင်ခြင်းတွေ့လိုက်ရသည်က သွေးတွေ စိုရွဲစွာကြမ်းပြင်ပေါ်မှာ မလုပ်မရပ်ရှိနေတဲ့အဖေရယ်။ အဖေလက်ထဲက သေနတ်တစ်လက်ကလည်းရှိနေပြန်သည်။ ဆိုဖာပေါ်မှာ မျက်စိမျက်နှာပျက်ကာ ထိုင်နေတဲ့အမေရယ်။ ထိုအရာကဘဲ ဒီလိုအိမ်ပြောင်းဖို့ဖြစ်ပေါ်လာစေခဲ့သည်။
YOU ARE READING
To The Past
Fanficအတိတ်က အဖြစ်တွေကိုသာ ပြန်မှတ်မိခဲ့ပါလျှင်.... Jeon Jungkook × Kim Taehyung