(Unicode)
တရေးနိုးလာတော့ စိတ်ကနေ တောင့်တောင့်တတဖြစ်မိတာက ခပ်ခါးခါးကော်ဖီတစ်ခွက်။
အနီးအနားက cafe တစ်ခုမှာ coffeeတစ်ခွက်ဝယ်ရင်း တိုက်ခန်းရဲ့ခေါင်းမိုးပေါ်ကိုတက်လာလိုက်တယ်။
ဒီနေရာက လွတ်လပ်တယ်။
ပြီးတော့ တိတ်ဆိတ်တယ်။အကျီအိတ်ထဲမှာ နားကြပ်ထိုးပြီးသားဖြစ်နေတဲ့ ဖုန်းကိုယူရင်း နားတစ်ဖက်ဆီမှာ ထိုးထားလိုက်တယ်။
ခံစားချက်ကိုဖော်ပြဖို့ စကားလုံးတွေအစား သီချင်းတွေ သံဇဥ်တွေကို ပိုအသုံးပြုလာမိတဲ့အခိုက်အတန့်တွေ။
မင်းသိလား ဒီကမ္ဘာပေါ်မှာ ခေါင်းစဥ်တပ်လို့မရတဲ့ စိတ်ခံစားချက်တွေ အများကြီးရှိကောင်းရှိနေနိုင်တယ်။
စကားလုံးအဖြစ်ခေါင်းစဥ်တပ်မိလိုက်တဲ့အခါ
ပေါ့တီးပေါ့ဆ ဖြစ်သွားမှာစိုးလို့ ခေါင်းစဥ်မတပ်ကြတာမျိုးလည်း ဖြစ်နိုင်တယ်လို့ မင်းမထင်ဘူးလား။ဒီနောက်ပိုင်း ဘယ်သူ့ ခံစားချက်တွေကိုပဲဖြစ်ဖြစ်
ခေါင်းစဥ်မတပ်ဖြစ်ဘူး။ခေါင်းစဥ်တပ်လိုက်ရင် စည်းဘောင်ကြီးတစ်ခုရှိသွားသလိုပဲ။
ဒီအတိုင်း ခံစားချက်တွေကို ခံစားချက်ဆိုတဲ့အရာလေးတွေအတိုင်းပဲ လွတ်လွတ်လပ်လပ်ရှိစေချင်တယ်။
____________________________________
coffee သောက်ပြီးတော့ ဖုန်းကိုတစ်ချက်ဖွင့်ကြည့်လိုက်တယ်။
အချိန်အားဖြင့် ညနေလေးနာရီ။ခေါင်မိုးပေါ်ကနေ အခန်းရှိရာကိုအေးအေးဆေးဆေးဆင်းလာလိုက်တယ်။
Sunday မို့ဒီနေ့က အလုပ်နားရက်။
ရေလေးဘာလေးချိုးပြီး စောစောစီးစီးအိပ်မယ်လို့တွေးလိုက်တာပါပဲ။အခန်းရှေ့ကိုရောက်တော့ မျက်နှာချင်းဆိုင်အခန်းကတံခါးပွင့်နေသည်။
တိုက်ခန်းပိုင်ရှင်အဒေါ်ကြီးများ အခန်းလာကြည့်တာလားလို့တွေးရင်း မသိမသာကြည့်လိုက်တော့ဘယ်သူမှမတွေ့။
သေတ္တာတွေ အထုပ်အပိုးအချို့တွေကိုသာတွေ့သည်။"ခင်များက အရှေ့အခန်းကလား"
အသံလာရာကိုလှည့်ကြည့်လိုက်တော့
ကိုယ့်ထက်ငယ်မယ်လို့ထင်ရတဲ့ ကောင်လေးတစ်ယောက်။
ဆံပင်ကနီညိုရောင်။
