my dear darling

3.8K 264 47
                                    

.unicode.

[ cringy pronouns alert!]

-

-

-

CRINGY PRONOUN ALERT. ❗❗

warning

• cringe words
• implied making love
• implied mental disorder

-

-

again!!! CRINGY PRONOUN ALERT. you can still back off.

-

-

-

သူအမြဲတမ်းငေးမောခဲ့ရသည့် အစွန်းနှစ်ဖက်ကော့တက်နေသည့် မောင့်မျက်ဝန်းစူးရှရှတွေသည် ညသန်းခေါင်ယံကောင်းကင်နက်ထက် တောက်ပစွာပေါ်ထွက်တတ်သောကြယ်တံခွန်များနှင့် အလား သဏ္ဌာန်တူသည်။

နှစ်ခြိုက်မက်မောစွာရယ်မောတိုင်း ပေါ်ထွက်လာတတ်သည့် မောင့်ပါးဘယ်ဘက်ထက်မှလခြမ်းငယ်လေးသည် ဝင်၍ခွေနေချင်စရာကောင်းလောက်အောင်ပင်နူးညံ့လွန်းသည်။

ဝမ်းနည်းဖွယ်ကောင်းစွာပင် ထိုလခြမ်းငယ်ထွက်ပေါ်ရခြင်းအကြောင်းပြချက်များသည် မည်သည့်အခါကမျှ သူမဟုတ်ခဲ့ပါချေ။

သူသည် မောင့်အနားအတ္တကြီးစွာ တွယ်ကပ်နေသည့် အစွဲအလန်းကြီးလှသော ကပ်ပါးကောင်တစ်ကောင်သာဖြစ်လျက်။ မောင်သည် သူနှင့်အတူရှိနေစဥ်တိုင်း လှောင်ချိုင့်အတွင်းလှောင်ပိတ်ခံထားရသော အပြင်သို့ပျံသန်းထွက်ခွာမသွားနိုင်သည့်သနားစရာငှက်ငယ်ကဲ့သို့ခံစားနေရမည်ကို သူကောင်းကောင်းသိသည်။

သို့သော်လည်း သူလွှတ်မပေးနိုင်ခဲ့။ မောင့်ပျော်ရွှင်မှုကို သူလိုလားတောင့်တသလောက်၊ မောင့်အပြုံးတွေကိုသူမြင်ချင်သလောက်။ သူ့အတွက်လည်းမောင်ဟာသိပ်အရေးကြီးပါသည်။ မောင်မရှိသည့်ဘဝကိုသူဟာမတွေးရဲလေသူမို့။

မောင်သာသူ့အနားက ထွက်သွားခဲ့ပါလျှင် ရေလွတ်သောငါးကဲ့သို့သူသည် သွေ့စုတ်ခြောက်ကပ်ကာ သေဆုံးသွားရပါလိမ့်မည်။

-

တောင်ပေါ်ကော်ဖီရနံ့သင်းသင်းသည် နှပ်စက်အတွင်းမှတစ်ဆင့် ထမင်းစားခန်းတစ်ခုလုံးကိုပျံ့နှံ့နေလျက်။

ပြောင်လက်နေသည့် သလင်းကျောက်စားပွဲသည် မျက်နှာကျက်ရှိ လေးထောင့်ကွက်များကိုပင်ပြန်၍မြင်နိုင်လောက်အောင်ပင်အရိပ်တို့ထင်ဟပ်လျက်။ အနီရောင်ကျူးလစ်ပန်းသဏ္ဍာန်များရိုက်နှိုက်ထားသည့် ပေါင်မုန့်ကြက်ဥကျော်ထည့်ထားရာပန်းကန်ပြားကိုတော့ ထိုစားပွဲပေါ်တင်ထားသည်။

MY DEAR DARLING | yanghoon |Where stories live. Discover now