10

2.8K 319 13
                                    

- U -

ရင်ခွင်ထဲက အနွေးလုံးကို ကြည့်ကာ ဝမ်ရိပေါ်က ပြုံး၏။

မျက်လုံးစဖွင့်လိုက်သည်နှင့် ချစ်ရသူမျက်နှာကို မြင်ရတာဟာ သူ့အတွက် ရင်အေးစေသည်။

ဒီရှောင်းအသေးလေးက သူ့ကိုပြုစားလိုက်တာ မြန်လွန်း၏။

နှင်းဆီနက်ကိစ္စတုန်းက ငိုနေခဲ့သည့် ပုံကို ပြန်မြင်ယောင်မိတော့ ကာကွယ်စောင့်ရှောက်ပေးချင်သည့်စိတ်က သူ့အတွေးထဲမှာ အပြည့်ရှိနေခဲ့သည်။

နောက်တစ်ခါ ဒီရှောင်းကျန့်ကို ဘယ်သူမှ အဲ့လိုမျိုး စော်ကားမော်ကား ပြောခွင့်ပြုမည်မဟုတ်။

နဖူးပြင်အား ခပ်ဖွဖွနမ်းလိုက်သည့် အနမ်းတစ်ပွင့်က မြတ်နိုးခြင်းမည်၏။

ညက ပင်ပန်းထား၍ အိပ်နေသည့် သူအား ဆက်အိပ်နေစေရန် မနှိုးသေးဘဲ သူထလာကာ ရေမိုးချိုးခြင်း အမှုအား ပြုလိုက်သည်။

နံနက်စာစားပြီး ရှောင်းကျန့် အတွက် သီးသန့် ပြင်ခိုင်းလိုက်၏။

အစာမာတွေစားလို့ မဖြစ်။ ညက ကွဲသွားသည့်နေရာက ပြန်နာလာလိမ့်မည်။

ထိုအခါ အခက်တွေ့ရမည့်သူက ဝမ်ရိပေါ်ဘဲမလား။

" လင်းဝမ် ဒေါက်တာ ဖေးလျို့ကို သွားခေါ်လိုက်"

" ဟုတ်ကဲ့ "

လင်းဝမ်က ဒေါက်တာအားခေါ်ရန် ထွက်သွား၏။

မခေါ်လို့က မဖြစ်။ ရှောင်းကျန့် အမြန်သက်သာမှ။ မဟုတ်ရင် ညစာငတ်မည့်လူက သူဘဲမလား။

-----

" နာနေသေးလား "

" နာတာပေါ့ ဂိုဏ်းချုပ် ဟာက တစ်ခါမဟုတ် နှစ်ခါမဟုတ် သုံးခါကြီးများတောင် အဟင့် "

မွှေးပွစောင်ထဲ၌ လုံးထွေးနေသည့် ရှောင်းကျန့် အား ဝမ်ရိပေါ်က ပွေ့ချီကာ သူ့ရင်ခွင်ထဲတွင် ထည့်ထားလိုက်၏။

" ကိုယ် ဒေါက်တာဖေးလျို့ကို ခေါ်ထားတယ်"

" ဟင်..ဘာလို့ ဒေါက်တာ ကို ခေါ်ရတာလဲ "

" မင်း မြန်မြန်သက်သာအောင်လေ "

" ဟင်အင့်..ရှက်စရာကြီး ဟိုဒင်းလုပ်ပြီး ဖင်ကွဲသွားလို့ လို့ ပြရမှာလား ရှက်တယ် "

MAFIA Where stories live. Discover now