11

2.2K 279 6
                                    

- U -

ဗလာကျင်းနေတဲ့ ခန္ဓာကိုယ် နှစ်ခုက ကုတင်ပေါ်တွင် ပူးကပ်လျှက်ရှိ၏။

နောက်ကနေ သိုင်းဖက်လိုက်တော့ ခပ်အိအိအထိအတွေ့ တစ်ခု။

အဲ့ဒီအရာကို ညက သူ တပြွတ်ပြွတ်စို့နေခဲ့တာ အသေအချာဘဲပေါ့။

အခုမနက်ခင်း တစ်ခေါက်လောက် ချစ်ကြည်နူး လိုက်ချင်ပေမဲ့ မအားသေး။ ရောက်လာသည့် ကြေးနန်းအား ယူကာဖတ်ကြည့်လိုက်ရ၏။

ခပ်သော့သော့ ရေးထားတဲ့ လက်ရေးက ဘယ်သူ့လက်ရေးလဲ ဆိုတာ သူမသိစရာ မရှိအောင်ကို အဲ့တစ်ယောက်နဲ့ ပတ်သတ်ပြီး အကုန်လုံး သိနေခြင်းသာ။

ရှပ်ပွနေသည့် ဆံပင်များအား တစ်ချက်သပ်လိုက်ရင်း ကုတင်ပေါ်ကနေ ထလိုက်၏။

ကုတင်ပေါ်မှာ အိပ်ပျော်လျှက် ကျန်ခဲ့သည့် အမျိုးသမီးက အချိန်တန်ရင် သူ့ဘာသာ ထသွားလိမ့်မည်။

အချစ်လေးထပါအုံး မွှေးမွှေးပေးချင်လို့ တို့ ဘာတို့ ပြောနေစရာ အခြေအနေမဟုတ်။

သူ့ကုတင်ပေါ်ကို သူမခေါ်ဘဲ ရောက်လာခဲ့ခြင်းသာ။

ကြမ်းပြင်ပေါ် ကျနေသည့် အင်္ကျီအား ပြန်ကောက်ကာ ဝတ်လိုက်သည်။

ကုတင်ပေါ်က တစ်ယောက်အား နိုး၍ သွားတော့ဘာညာ ပြောနေဖို့ အချိန်မအားတော့။

သူ့ကိစ္စက ပိုအရေးကြီးသည်မလား ။

----

"  အစေခံ ကောင် ကများ  နေ့ချင်းရက်ချင်းကြီး ဂိုဏ်းချုပ် ကတော် ဖြစ်သွားရတယ်လို့ ဘယ်လိုများ မြူစွယ်လိုက်လဲ မသိဘူး "

ဝမ်ရိပေါ် အား တဖက်သတ်ကြိုက်နေသည့် ဟန်ချင်းချင်း က ပေါက်ကွဲ၏။

သူ့လို မိန်းကလေးမျိုး မရွေးချယ်ဘဲ ဘာကြောင့် ဝမ်ရိပေါ်က အိမ်ရဲ့ အစေခံတစ်ယောက်ကို တော်ကောက်လိုက်ရတာလဲ။

အဲ့ဒါက သူမအား အင်မတန်မှ ဒေါသထွက်စေ၏။

သူမက သူငယ်ချင်းတွေဆီမှာတောင် ကြွားထားလိုက်သေးတာ။ သူဌေးဝမ်က တစ်နေ့ကျရင် သူမနဲ့ စေ့စပ်မဲ့ သူပါလို့။

အခုက ဘာမဟုတ်တဲ့ အစေခံက ဝမ်ရိပေါ်၏ ကတော် ဖြစ်သွား၏။

အရင်က မဝတ်ဖူးတဲ့ ပိုးသား  အကောင်းစား အင်္ကျီတွေဝတ်လို့ မစားဖူးတဲ့ ကောင်းပဲ့ လှပဲ့ ဆိုတဲ့ အစားအသောက်တွေ စားရလို့ ဝင့်ကြွားနေလေသည်။

MAFIA Where stories live. Discover now