Normal but special

31 7 5
                                    

နေတိုင်းအလိုလိုက ပုံမှန်ပါဘဲ ထူးခြားတာက Hina တယောက် အရွယ်ရောက်လာတာဘဲ။ အရင်က သူငယ်ချင်း အများကြီးရဖို့ အိမ်မက် မက်ခဲ့ပေမဲ့ ဒီ တခါတော့ တယောက်ထဲ နေချင်လာတယ်။

Hina ရဲ့ 18နှစ်ပြည့်မွေးနေ့က မနေ့က ဖစ်သလို သူမအဖေရဲ့ တနှစ်ပြည့်လဲဖစ်တယ်။ သူမအတွက် အဲ့နေ့လေးက အရမ်းကို ၀မ်းနည်းစရာကောင်းတယ် ။ သူမအဖေ ဆုံးပီးထဲက သူမအနားမှာ ဘယ်သူမှ မရှိတော့ဘူး။

ပုံမှန်နေ့လေးပါဘဲ သူမ လုပ်စရာရှိတာကိုလုပ်တယ်။ ဒီအတိုင်း သာမန်ပါဘဲ။ ဒါပေမဲ့ တိုက်ခန်းရှေ့ကို စာလေး တစောင်ရောက်လာတယ်။ ဘယ်သူ့ ဆီကမှန်း မသိပေမဲ့ပေါ့။

စာ‌ထဲမှာ *Hina ရေ happy birthdayပါနော်  from Zoey *  အဲ့ စာလေးက ဘာမှ မထူးခြားပေမဲ့ သူမ ကတော့ အရမ်း ၀မ်းသာသွားတယ်။ ဒီနေ့လဲ မနေ့က ရတဲ့ စာလေးအကြောင်း တွေးနေတာပေါ့

Zoeyက ဘယ်သူလဲ ဆိုတာတော့ သူမ စဉ်းစား မရဘူး။ တကယ်ပါ ဘယ်သူဘဲ ဖစ်နေဖစ်နေ သူမကတော့ ကျေးဇူးတွေ တင်နေတာပေါ့  ။

ဒီနေ့တော့Hina တယောက် စာကြည့်တိုက်မှာ အချိန်ကုန်ဖို့ ဆုံးဖြတ်လိုက်တယ်။  စာဖတ်နေတုန်း သူမ အရှေ့က စာအုပ်တွေအများကြီးကို သတိထားမိသွားတယ်။ စာအုပ်တွေကိုယူလာတာ ဘယ်သူလဲပေါ့ဆိုပီး စပ်စုချင်လာတယ်။

စာအုပ်‌တွေနောက်မှာကတော့ Zoey ပါ ။ ( မီ - အဲ့တာ ဖူးးးစာ)

Hina တယောက် စာအုပ်ပေါ်က နမယ်တခုကို ရင်းရင်းနှီးနှီး မှတ်မိနေတယ်။ သူမ သိလိုက်တာက သူမအရှေ့မှာ ရှိ‌နေတာက Zoey ဆိုတာ‌ကိုပေါ့ ။

Zoey က အရင်ကထဲက Hina လေးကို သိနေခဲ့တာ။ သူငယ်ချင်းရဖို့ အမြဲ တလွဲလုပ်တက်ပီး ချစ်စရာကောင်းတာလေးရယ်ကြောင့် စိတ်ထဲရှိနေတာလေ့ ။

Hina သူမ အဖေ ကြောင့် ပြောင်းလဲ လာတာကိုလဲ သူ သိနေတယ်။ ပီး‌တော့သူမရဲ့ မွေးနေ့ ကိုလဲ မှတ်ထားတာကြောင့် တခုခု ပြောဖို့ကြိုးစားခဲ့သေးတာ Zoey က။  ဒါမဲ့ နောက်ဆုံးတော့ စာလေး တစောင် ဘဲ ပေးဖစ်ခဲ့တယ် ။

တခါမှ စကားမပြောဖူးတာကြောင့်လဲ ပါတာပေါ့။ Hina နဲ့က ကျောင်းတူပေမဲ့ အခန်းမတူဘူး။
အဲ့တာမို့ သူမ Zoey ကို မသိတာနေမှာ။

စာအုပ်တွေနောက်မှာ အသားဖြူဖြူ ရုပ်ချောချော ကောင်လေးတယောက်ကို သူမ တွေ့လိုက်တယ်။ Zoey ကတော့ သူမကို တွေ့ ပီး ပြုံးပြလိုက်တာပေါ့။ Hina ကတော့ ရင်တွေခုန်နေဘီ။

Zoey က ထလိုက်ပီး သူ့ကိုသူ နှုတ်ဆက်လိုက်တယ်။ အရပ်ကြီးက အရှည်ကြီးရယ် သူမ အရပ်နဲ့ဆို ရင်ခွင်မှီပေါ့ ။

Hina တယောက် စကားတွေပါ ထစ်လာတယ်

Hina - ဟုတ်.. ဟိုနေ့ကလေ စာ" "ပို့တာလေ အဲ့တာ ကျေးဇူးပါနော်
Zoey - အာရပါတယ် ကျနော်လဲ အစထဲခင်ချင်နေတာ ဒါမဲ့ ဒီလိုဖစ်လာတာဘဲ‌ဗျာ

အဲ့ကနေ စပီး သူတို့ စကားတွေပြောလိုက်ကြတာ အိမ်ပြန်ဖို့ အချိန်တောင်ရောက်လာဘီ။ သူမနဲ့ အိမ်အပြန် လမ်းကို တူတူ လမ်းလျှောက်ခဲ့တယ်။

တကယ်ဘာ Hina က ပုပု‌သေးသေးလေး သူတို့က အရမ်းလိုက်ဖက်နေတာပေါ့ ။ သူမ အတွက် သူငယ်ချင်းတယောက် ထပ်တိုးပီမို့ စိတ်လှုပ်ရှားနေခဲ့တာ ။

အဲ့‌အချိန်ကစပီးHina နဲ့ Zoey နေ့တိုင်း တွေ့ကြတယ်။ တွေ့လို့ အဆင်မပြေရင်တော့ Zoey က သူမကို Video call ဖစ်ဖစ် ခေါ်ပီး စကားပြောပေးတယ်။ သူမကို အချိန်ပေးတယ်။

မွေးနေ့က သူမအ‌ဖေနှစ်ပတ်လည်နဲ့ တူတာကြောင့် အဲ့နေ့မှာ ဘုရားသွားပီး နောက်နေ့မှာ သူမအတွက် မွေးနေ့ကို အတူတူ သူငယ်ချင်းတွေနဲ့ ပျော်ကြတယ် ။  

Zoey ရှိနေရင် သူမအတွက် အချိန်တိုင်းက တန်ဖိုးရှိတယ် ။ ပုံမှန်ဆိုတဲ့ အရာတွေက သူနဲ့ အတူတူ ဖြတ်သန်းရရင်ပျော်စရာကောင်းတယ်။

အဲ့လိုနဲ့ ရက်တွေလတွေနှစ်တွေကြာလာလိုက်တာ ဘာလိုလိုနဲ့ တွဲလာတာ ၂နှစ်ပြည့်ပီ။ ( မီ- ရက်စ် လိုက်ဖက်လွန်းလို့ ပေး‌တွဲလိုက်တာ ဟဲ")

Normal day for me but he made it special.
Hina အတွက်တော့ Zoey က မရှိမဖစ်ပါဘဲ။

Normal but special ( cus of  Zoey ><) Where stories live. Discover now