တိတ်ဆိတ်နေတယ့်ဂိုဒေါင်ပျက်ကြီးထဲကတချက်တချက်ထွက်လာတယ့်ရိုက်နှက်သံတချို့နဲ့အော်ဟစ်သံတချို့.....ဂိုဒေါင်အတွင်းမှာတော့...
All blackနဲ့လူတယောက်ကခုံတခုံမှာခြေချိတ်ထိုင်ရင်းCardတချို့ကိုမွှေနှောက်နေသည်.....နောက်ဆုံးတွင်တကဒ်ထွက်လာသည်...
"The fool
ကဒ်လေးတကဒ်ကိုပြရင်းခပ်မဲ့မဲ့လေးပြုံးပြရင်း"ဘာဖြစ်မလဲမင်းရယ့်ကံတရားက
ခပ်ပြုံးပြုံးဖြစ်သွားတယ့်နှုတ်ခမ်းပါးနဲ့လှုပ်ခတ်သွားတယ့်မှဲ့နက်လေးကအခုအချိန်မှာတော့ကြောက်မက်ဖွယ်မဟူရာအစက်ပျောက်သဖွယ်.........အရှေ့ကဒူးထောက်လျှက်သွေးသံရဲရဲနဲ့လူကမျက်လုံးပြူးမျက်ဆံပြူးနဲ့အတင်းကဒ်ကိုင်ထားသူနားကိုဒူးထောက်ရက်ရွှေ့လာရင်း....
"Sean.....မ.. မလုပ်ပါနဲ့...ငါတောင်းပန်ပါတယ် ငါတယောက်ထဲပိုင်ဟယ်လေးကိုသတ်တာမဟုတ်ပါဘူး....ငါပြောပြပါ့မယ်...ငါပြောပြပါ့မယ်...
စကားတွေကိုအရူးတယောက်လိုတောင်းပန်ရင်းဂဏာမငြိမ်တယ့်မျက်လုံးနဲ့ဟိုကြည့်သည်ကြည့်လုပ်နေသည့်သူကို.... Seanဆိုသည့်သူကတချက်လှောင်ရယ်ရင်းထိုလူ့ဆံပင်တွေဆောင့်ဆွဲကာ....
"ဟက်....ပြောစမ်းငါ့ညီမကိုဘာစောက်ကြောင်းနဲ့သတ်ရတာလဲ
ထိုလူကကတုန်ကယင်နဲ့.....
"ပိုင်ဟယ်....ပိုင်ဟယ့်ကို...Goldenအိမ်တော်ကမိန်းမ....အဲ့အိမ်တော်ကမိန်းမကပိုင်ဟယ့်ကို.. ..,....."ဒိုင်း
စကားပင်မဆုံးသေနတ်သံနဲ့အတူထိုလူလဲကျသွားသည်....ဘယ်ကပစ်မှန်းမသိလုပ်ကြံတယ့်သူကဘယ်ကနေပေါ်လာပြန်ပီလဲမသိ
"ဆက်ပြောစမ်း...ဆက်ပြော
Sean တယောက်အသက်မရှိတော့တယ့်လူကိုလှုပ်ယမ်းပီးမေးနေမိသည်....
ထိုစဉ်ဟိုက်ခွမ်းကဂိုဒေါင်ထဲပြေးဝင်လာရင်း....
"Sean ..သွားရအောင်ရဲတွေလာနေပီ...Sean
Seanတယောက်ဟိုက်ခွမ်း၏အသံကြောင်သတိဝင်ကာထပြေးခဲ့တော့သည်.......
မြေကြီးပေါ်မှာငြိမ်သက်နေတယ့်အလောင်းဘေးမှာတော့The Fool tarot cardလေးကသွေးတွေပေကျံလို့သေဆုံးနေသည့်အလောင်းကိုသရော်နေသယောင်......"တောက်....ဒါလေးတောင်အသုံးမကျဘူး...မင်းတို့တွေရဲမလုပ်ကြနဲ့ အမှိုက်ကောက်ကြဒီလောက်နေရာအတိအကျပေးတာတောင်စောက်ရေးမပါတာလူမမိဘူးအလောင်းကောင်ပဲရလာတာမင်းတို့အထူးတပ်ဖွဲ့ရောဟုတ်ရယ့်လား