ကုတင်ပေါ်ကနေရှောင်ကျန့်တယောက်ရိပေါ်ရယ့်အခန်းကိုကြည့်နေမိသည်..ကောင်လေးကဆိုင်ကယ်ဝါသနာပါပုံရသည်ဆိုင်ကယ်အကြီးကြီးတွေပုံတွေကအပြည့်ဘီရိုအသေးလေးပေါ်မှာလဲဆိုင်ကယ်ရုပ်လေးတွေနဲ့ပြည့်နေတာပဲတကယ်ခလေးလိုကောင်လေး....အခန်းရယ့်ဆေးရောင်လေးကစိမ်းလွင်လွင်လေးနဲ့လိုက်ကာလေးတွေကနို့စိမ်းရောင်လေး...ဒီခလေးကကဗျာဆန်သား.....
Cafeလေးတခုမှာ Waiterဝတ်စုံလေးနဲ့ကောင်လေးတယောက်ကလဲဆိုင်ကိုလာတယ့်ကောင်မလေးတွေကိုအပြုံးချိုချိုလေးနဲ့ကြိုဆိုနေလေရယ့်....
"ဘာသုံးဆောင်မလဲဗျ "
သူ့အမေးကိုမဖြေပဲသူ့မျက်နှာကိုသာကြည့်နေတယ့်ကောင်မလေးကြောင့်ရိပေါ်စိတ်မရှည်ဟန်နဲ့
"ဘာသုံးဆောင်မလဲ"
"ကော...ဘိုကော..ဘယ်လိုလုပ်စားပွဲထိုးဖြစ်နေတာလဲ"
ကောင်မလေးစကားကြောင့်ရိပေါ်ကြောင်အသွားတော့သည်
"ဟိုလေ...ကျနော်ကဘိုကောမဟုတ်ပါဘူးဗျရိပေါ်ပါဗျဒီကမိန်းခလေးလူမှားနေပီထင်တယ်ဗျ...."
ရိပေါ်စကားကိုထိုမိန်းခလေးကမျက်မှောင်ကုပ်ရင်း
"မှားစရာလားဘိုကောရုတ်ရုတ်မလုပ်နဲ့အိမ်ပြန်လိုက်ခဲ့လေးလေး
ဝမ်နဲ့တိုင်မှာ"
"လူမှားနေတယ်ဗျ...ကျတော်က..."
ထိုစဥ်
"ဟို...ဒီကညီမလေးဘာများသုံးဆောင်မလဲကျဲကိုပဲမှာတော့နော်"
ရိပေါ်အကြောင်းကိုသိတယ့်ကျဲဝမ်ချင်ကပဲဝင်ပီးပြောတာမို့ရိပေါ်အသက်ရှူချောင်သွားတော့သည်...ကျဲဝမ်ချင်ကသူ့အနားကပ်ရင်း
"သွားတော့ရိပေါ်လေး...ကျဲတာဝန်ထားလိုက်တော့.."
"ရှဲရှဲ...ကျဲ"
ရိပေါ်အမြန်ပင်ထိုစားပွဲနားကထွက်ခဲ့တော့သည်....ဒါတောင်ကောင်မလေးကရိပေါ်ကိုပြူးပြီးကြည့်တုန်း
အလုပ်ချိန်အပီးရိပေါ်တယောက်အိမ်ပြန်လာခဲ့သည်...အရင်ကဆိုအိမ်ပြန်ဖို့စိတ်မရွှင်လန်းသူကအခုအိမ်ပြန်ဖို့ပျော်နေမိသည်အိမ်မှာလူတယောက်ရှိသည်လေ...... လက်ထဲမှာလဲသူ့အလုပ်ကနေဝယ်လာတယ့်Cakeဗူးလေးနဲ့မြောက်စွမြောက်စွအိမ်အပြန်လမ်းတလျှောက်မြူးထူးနေမိသည်....ရှောင်ကျန့်တယောက်အပေါ့သွားချင်တာနဲ့Toiletထဲဝင်ပီးအပေါ့သွားနေသည်...
ကျွီ...လက်ကိုင်ဘုလေးလှည့်ဖွင့်ကာရိပေါ်အိမ်ထဲဝင်လိုက်စဥ်....ဘာအခန်းမှအပိုမရှိတယ့်အတွက်ကုတင်ပေါ်မှာကျန့်ကောမရှိနေ....
ရိပေါ်ဝမ်းနည်းသလိုကြီးဖြစ်သွားရင်း....
"ဟူးးးနောက်ဆုံးတော့လဲငါတယောက်ထဲပဲ"
ထိုစဥ်...
ကျွီ....
Toiletတံခါးပွင့်လာရင်း...
"ဟော...ရိပေါ်ပြန်ရောက်နေပီလား..."
"ဟမ်....ကျန့်ကော...ရှိနေသေးတာပဲ"
ရိပေါ်စကားကြောင့်ရှောင်ကျန့်မျက်မှောင်ကုပ်ရင်း....
"ကောကိုပြန်သွားပီထင်နေတာလား"
"အင်းလေ..."
"မပြန်နိုင်သေးပါဘူးရိပေါ်ရာအခုထိဒဏ်ရာတေမသက်သာသေးဘူး"
"အကိုက်ခဲပျောက်ဆေးသောက်သေးလားကျန့်ကော"
ကိတ်မုန့်ကိုပါးတေဖောင်းနေတယ့်အထိစားနေတယ့်ရိပေါ်ကိုရှောင်ကျန့်ပြုံးကြည့်ရင်း
"မင်းကခလေးလားရိပေါ်ပလုပ်ပလောင်းနဲ့စားနေတာ"
သူ့စကားကြောင့်ရိပေါ်ကရှက်သွားဟန်နဲ့
"အာ...ကောကလဲကျတော်အခုမှ၂၀ရှိသေးတာခလေးပေါ့ဗျ"
ရှောင်ကျန့်လဲခေါင်းခါကာရယ်ရင်းကုတင်ပေါ်တက်ထိုင်လိုက်တော့သည်..
"ရော့...ကျန့်ကောလဲစားကျတော်အလုပ်လုပ်တယ့်ဆိုင်ကcakeအသစ်လေအဲ့တာဒီနေ့ထွက်လို့ဝယ်လာတာအရမ်းကောင်းတယ်"
ရှောင်ကျန့်ရယ်ရင်း...
"ကောကအချိုမကြိုက်ဘူးရိပေါ်လေးပဲစား"
ရှောင်ကျန့်စကားကြောင့်ရိပေါ်မျက်နှာလေးညိုးသွားရင်း
"ကျတော်ကကျန့်ကောကိုနေမကောင်းလို့ကောင်းတာလေးစားစေချင်တာ..."
စိတ်မကောင်းဟန်ဖြစိသွားတယ့်ရိပေါ်ကြောင့်ရှောင်ကျန့်က
"ကဲ...ကောစားမယ်ပေးပေး....."
ထိုတော့မှရိပေါ်ကပြုံးသွားရင်း...
"အင့်ဆိုပီးcakeဘူးအကြည်လေးပေးလာတယိ"
ပန်းရောင်cakeလေးကိုရှောင်ကျန့်တဇွန်းခပ်စားလိုက်သည်အချိုမကြိုက်တတ်တယ့်ရှောင်ကျန့်အချိုကြိုက်သွားသယောင်
"ကောင်းလားကျန့်ကော..."
မျက်လုံးတောက်တောက်လေးတွေနဲ့ရိပေါ်ရယ့်အမေးကို
ရှောင်ကျန့်ကလက်မလေးထောင်ပြရင်း...
"Good ရိပေါ်ကောကြိုက်တယ်"
"ကျန့်ကောကြိုက်ရင်နေ့တိုင်းဝယ်ကျွေးမယ်,....ဟီး"
ရှောင်ကျန့်သူ့ရှေ့ကကောင်လေးကိုကြည့်နေမိသည်အပြုမူတွေကခလေးဆန်လွန်းသည်အသက်၂၀သါဆိုသည်.....
....
Wangအိမ်တော်...
ဝမ်ရိဘိုတယောက်စာကြည့်ခန်းထဲတွင်စာဖတ်နေစဥ်....ဧည့်ခန်းထဲမှ
"ဘိုကော....ဘိုကော...ဘိုကော.."
အသံစူးစူးကသေချာပေါက်သူ့ဝမ်းကွဲညီမဝမ်ယုဖေး.....
စာကြည့်ခန်းထဲကနေထွက်လာပီး
"ဖေးဖေး...ဘာတုန်း"
ေဖးဖေးကသူ့ကိုသခိုးဖမ်းအကြည့်နဲ့
"ကော..ဘာလို့cafeမှာwaiterလုပ်နေတာလဲ"
ဖေးဖေးစကားကြောင့်ဝမ်ရိဘိုမျက်လုံးပြူးသွားတယ်
"ဖေးဖေးငါကဘာလို့စားပွဲထိုးလုပ်ရမာလဲအဓိပါယ်မရှိတာ"
"ကောနော်....ဖေးဖေးကိုလာမညာနဲ့ဖေးဖေးအတင်းမေးတော့လှည့်ထွက်သွားပီး"
"ဟဲ့...ဖေဖေးငါကအမှု့တွေနဲ့ရှုပ်နေတာကိုနင့်ဂျီးတော်မို့စားပွဲထိုးလုပ်နေရမာလားဟ"
"ကောမှကောပါဖေးဖေးသေချာတွေ့တာကိုညာနေတယ်"
သူတို့မောင်နှမငြင်းနေစဥ်ဝမ်သခင်ကြီးဆင်းလာရင်း
"နားငြီးလိုက်တာမင်းတို့၂ကောင်တအားငြင်းတာပဲ..."
ဝမ်သခင်ကြီးစကားကြောင့် ၂ယောက်လုံးမျက်နှာခြင်းဆိုင်ဆိုဖာတွင်ဝင်ထိုင်ရင်း
"လေးလေးဝမ်...ကောကောကိုဖေးဖေးတကယ်တွေ့တာ"
ဖေးဖေးစကားကိုဝမ်သခင်ကြီးကရယ်ရင်း
"ဖေးဖေးလေးကသမီးအကိုကိုသတိရပီးအမြင်မှားတာနေမှာပါကွယ်လျှောက်တွေးမနေနဲ့ဟုတ်ပလား"