Last Christmas

1.1K 73 4
                                    

Last Christmas........

ဒီတစ်ခေါက်ကတော့ ဒီဇင်ဘာရဲ့ ခရစ်စမတ် အငွေ့အသက်လေးပေါ့ .....

၂၄ ၂၅ မှာ ဖတ်ဖြစ်ရင် အကောင်းဆုံးဆိုပေမဲ့ ဘယ်ချိန်ဖတ်ဖတ်ပါ ဟီး

အရင်အပတ်က All of me နဲ့ဆန့်ကျင်ဖက် ခပ်အေးအေးဇာတ်လမ်းလေးတစ်ပုဒ်ပါ

ရည်ရွယ်ချက်လေးကမီးပုံဘေးမှာ ထင်းရှူးနံ့လေးနဲ့ ဆိုဖာလေးပေါ် ခွေရင်း Christmas ကို ဖြတ်သန်းနေရတဲ့ Cozy feeling ကို ပေးချင်တာပါ

ဖတ်ရင်းနဲ့ Apple Music သုံးရင် Christmas Coffee shop ဆိုတဲ့ playlist လေးကို Shuffle ဖွင့်ပြီး နားထောင်ရင် အရမ်း ဇိမ်ရှိပါတယ်

Spotify သုံးရင်လည်း cozy Christmas coffeeshop ဆိုတဲ့ playlist ကို နားထောင်ဖို့ recommend ပါတယ်

AN ရှည်သွားပြီ ဟီးဟီး







အချစ်ဆိုတာ မည်သို့သော အရာဟု စာဖတ်သူ လက်ခံထားသနည်း။

ပျော်ရွှင်မှု .....

ပြီးပြည့်စုံမှု......

ကြည်နူးမှု....

မြတ်နိုးမှု.....

ကမ္ဘာပေါ်က လူသားအများစုသည် အထက်ပါ ခံစားချက်တို့အား အချစ်ဟု သတ်မှတ်ကြသည်။

သို့သော် .... ထိုခံစားချက်များ အလွန်တွင် တွင်းနက်ကြီးတစ်ခု တည်ရှိနေသည် ဆိုကြပါစို့။

ထိုတွင်းနက်ကြီးတွင်

အထီးကျန်မှု....

မတည်မြဲမှု.....

ငြီးငွေ့မှု...

ဖောက်ပြန်မှု..... တစ်ခုမဟုတ် တစ်ခုက အဆိုပါလူသားတို့အား စောင့်နေပါလိမ့်မည်။ ထိုအရာများအား လွန်မြောက်လာသော် သင်္ချာ ဖော်မြူလာတစ်ခုခဲ့သို့ အဆုံးသတ်တစ်ခုက စောင့်ကြိုနေပေလိမ့်မည်။

ထိုအရာက လမ်းခွဲခြင်း .... သာဖြစ်ပေသည်။သို့သော် လူသားများသည် အကြိမ်ကြိမ် ယင်းအမှား ကိုသာ ထပ်တလဲလဲ ကျူးလွန်ကြပြန်သည်။

ထိုကဲ့သို့ ရူးမိုက်သော လူသားများထဲတွင် Jeon Wonwoo ...... သူမပါတာတော့သေချာသည်။





"လှလိုက်တာ"

လိုက်ကာပွင့်လာတော့ ဆိုင်ကဝန်ထမ်းများ၏ ရင်သပ်ရှုမော တီးတိုးသံကထွက်လာသည်။ သတို့သမီး ဝတ်စုံအား ဆင်မြန်းထားသော သူ့၏ သတို့သမီး ဖြစ်လာမည့် Hari ကတော့ ရှက်ကိုးရှက်ကန်းလေး အောက်ငုံ့နေသည်။သူကရော ဘာလုပ်ရပါလိမ့်။ ခပ်ချာချာ ဒရာမာထဲကလို သူမကိုကြည့်ရင်း အံ့ဩပြရမည်လား။ ချီးကြူးရမည်လား ။

Seventeen One shot Where stories live. Discover now