Part 1

2.1K 7 2
                                    

သူ့ကို ကျွန်တော် စတွေ့တာ ဘဏ်မှာဗျ၊ သူက ပြည်လမ်းပေါ်က ဘဏ်တစ်ခု အလုပ်လုပ်တာပါ။ ဘယ်ကနေ ဘယ်လို စတွေ့သလဲလို့ မေးရင် ကျွန်တော်ရုံးက အဲ့ဘဏ်ခွဲမှာ အကောင့်ဖောက်ခိုင်းပြီး ငွေထုတ်ငွေလွှဲကိစ္စတို့၊ Visa ကဒ် ကိစ္စတို့ သွားလုပ်ခိုင်းတော့ ...အဲ့ကိစ္စတွေ သွားလုပ်ရင်း တွေ့တာပါ။

ပထမ စတွေ့တော့ အမှုမဲ့ အမှတ်မဲ့ပါပဲ၊ ဘဏ်မှာ လုပ်ကြတဲ့ မိန်းကလေးတော်တော်များများက လှကြတယ်လေ။ လှကြတယ်ဆိုတာထက် ဘယ်လိုပြောရမလဲ ...ယောက်ျားတွေအမြင်မှာတော့ တောင့်တောင့်တင်းတင်း ဒါမှမဟုတ် ပြည့်ပြည့်တင်းတင်း စတိုင်ပေါ့ဗျာ။ ဥပမာ အရင် အာဏာမသိမ်းခင်ကဆို KBZတို့ဘာတို့မှာ လုပ်တဲ့ မိန်းကလေးတွေ ကြည့်ကြည့်...ခပ်တောင့်တောင့်တွေမလား၊ တင်တုတို့ဘာတို့ ဝတ်ထားတယ်ဆိုရင်တော့ မပြောတတ်ဘူးပေါ့လေ။

အဲ့လိုမျိုး တောင့်တင်းတဲ့ ကိုယ်ခန္ဓာနဲ့ ဘဏ်ဝန်ထမ်းတွေထဲကမှ သူ့ပုံစံကကျတော့ ပိန်ပိန်နဲ့ဗျ၊ အဲ့ဒါကြောင့်လည်း စတွေ့တော့ သိပ်သတိမထားမိတယ် နေမယ်။ ပိန်ပေမယ့် မြန်မာဆန်ဆန် ပုံစံနဲ့ကျ အတော်လိုက်တယ်၊ ဆံပင်ကျောလယ်လောက်ဟာကို သေချာသိမ်းပြီး စည်းထားတယ်...မျက်နှာကရှင်းပြီး မော်ဒယ်တွေလို ပုံစံ...မော်ဒယ်တွေလို ပုံစံဆိုတာက မျက်နှာက ဝိုင်းပြီး ပြည့်တာတို့၊ နှုတ်ခမ်းတွေ အရမ်းထူတာတို့ အဲ့လို မဟုတ်ပဲ မေးစေ့ချွန်...ပါးပြင်ကျကျ ပုံစံဗျ။ မျက်မှန်တပ်တယ် မျက်နှာအနေအထားက မိုက်တယ်...လှတာမဟုတ်ဘူး မိုက်ပြီး အထာကျတာ။

ဘဏ်ကို ၃/၄ခေါက်လောက် ရောက်ဖြစ်ပြီး သူနဲ့ပဲ ပြောဆို ဆက်ဆံရတော့ သတိထားမိလာတယ်...မဆိုးပါ့လားပေါ့။ အဲ့တုန်းက နာမည်ရေးထားတဲ့ ရင်ထိုးလေးတွေ ထိုးရသေးတယ် သူတို့ ဘဏ်က၊ ရင်ထိုးကနေ ဖတ်ပြီး နာမည်လည်း သိလာရပြီ...လူချင်းလည်း နည်းနည်း မျက်မှန်းတန်းမိပြီဆိုတော့ ပို သိအောင် ကြိုးစားရပြီပေါ့။ ဒီတစ်ခါတော့ တက္ကသိုလ်ကျောင်းသူတုန်းကလို လိင်စိတ်အရ စိတ်ဝင်စားတာမျိုး သိပ်မပါလှဘူးရယ်(ကျောင်းသူတုန်းကတော့ စတွေ့ကတည်းက လိုးပစ်ချင်တာ)...ဒီအတိုင်း အပျော်တွဲကြည့်ချင်တဲ့ သဘောပေါ့။

ဘဏ်ဝန်ထမ်း ကောင်မလေးWhere stories live. Discover now