ဆေးစစ်ပြီးတဲ့နေ့က ဘာမှမလုပ်ဖြစ်ဘူး၊ သူ့ကို ညနေခင်း တိုက်အောက် လိုက်ပို့ပြီး ပြန်လာဖြစ်တယ်။ ဆေးစစ်တာလည်း အောင်သွားပြီဆိုတော့ သူလည်း ဘာဆက်လုပ်ရမလဲ စဉ်းစားနေမှာပေါ့လေ၊ နောက်တစ်ပတ်ထဲ ကြားရက် ပိတ်ရက် တစ်ရက်ရှိတာနဲ့ သူက "စာလုပ်ရမှာ နည်းနည်း ကူလုပ်ပေးဦး"ဆိုပြီး ပြောလာတယ်။
"အခန်းက အသိအစ်မရောလို့" ပြန်မေးတော့ "တခြား အဆောင် ပြောင်းသွားပြီ"လို့ ဖြေတယ်၊ သူလည်း မန္တလေး ပြောင်းရမှာမို့ အခန်းကိုလည်း သော့ပိတ်ခဲ့ရမှာကြောင့် ပါတာပေါ့။ အစကတော့ ကျွန်တော်လည်း မသွားချင်ဘူး၊ ဘာလို့ဆို ကျွန်တော့်အခန်း နောက်ဖေးက ကောင်မလေးနဲ့ ကိစ္စလေးတွေ ရှိနေတာကြောင့်ပါ။
ပြန်စဉ်းစားတော့ သူလည်း ပြောင်းရတော့မှာပဲလေပေါ့၊ စိတ်မကောင်းဖြစ်နေပါလိမ့်မယ်ဆိုပြီး သွားဖြစ်ပါတယ်။ ရောက်တော့ ပထမဆုံး သူ့အခန်းအထဲပိုင်းကို မြင်ဖူးတာပေါ့၊ အခန်းက ကျယ်တယ်...တစ်ခန်းထဲ ပုံစံဆိုတော့...အခန်းထဲ ဘာမှ သိပ်မရှိလှဘူး...ဘုရားစင်၊ အဝတ်လှန်းစင်၊ ထမင်းစားပွဲခုံပု၊ စာအုပ်တွေနဲ့ မှန်နဲ့ ဒီလောက်ပါပဲ။ အခန်းနောက်နား ...မီးဖိုချောင်ထဲ မဝင်ခင်တော့ အခန်းလေး ထပ်ဖွဲ့ထားတာ ရှိတယ်...ဘယ်လိုပြောရမလဲ...သစ်သားနဲ့ ကျကျနန ဖွဲ့ထားတဲ့ အခန်းအသေးလေးပေါ့။
စာကြည့်နေကြရင်းနဲ့ ကျွန်တော်က သူ့ကို နောက်ဖက်ကနေ သိုင်းပြီး ဖက်ထားတာပေါ့၊ သူ့က သူ့လည်ပင်းကို နမ်းခိုင်းလိုက် သူ့ဆံပင်တွေကို နမ်းခိုင်းလိုက် သူ့ဘာသူ စာလေး ကြည့်လိုက်နဲ့ဗျ၊ မှတ်မှတ်ရရ သူက ကျွန်တော်ရောက်တော့ အဲ့နေ့က ရေချိုးပြီး သနပ်ခါးတွေ လိမ်းထားပြီး မွှေးကြိုင်လို့ပါ၊ ဝတ်ထားတာတော့ အိမ်နေရင်း ညအိပ်ဝတ်စုံနဲ့ပါပဲ။
၂၅မိနစ်လောက် စာကူကြည့်ပေးနေရင်း ကျွန်တော်လည်း ပျင်းလာတာနဲ့ "ပြန်မယ်"လို့ ပြောတော့ သူက "ဒီနား ဈေးနားက မုန့် သွားစားကြမယ်လေ၊ မုန့်စားပြီးမှ ပြန်"တဲ့။ ကျွန်တော်လည်း "ပြီးတာပဲလေ သွားကြတာပေါ့"လို့ ဆိုတော့ သူက "ခဏ အဝတ်လဲလိုက်မယ်လေ"တဲ့ဆိုပြီး ဖွဲ့ထားတဲ့ အခန်းလေးထဲကို ထသွားပါတယ်။
YOU ARE READING
ဘဏ်ဝန်ထမ်း ကောင်မလေး
Romanceဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ဟု အာမခံပါသည်၊ စိတ်ကူးယဉ် ရေးသားထားခြင်း လုံးဝ မဟုတ်ပါ။