🌵1940 Korea ~~~~🌹
မေမေပြန်ချင်ခဲ့တဲ့ကိုရီးယားကိုရောက်လာခဲ့ပြီ မွေးရပ် မြေကို သိပ်ချစ်တဲ့ အမေက သူ့တိုင်းပြည်က ဘယ်လိုလှကြောင်းအမြဲ ပြောပြလေ့ရှိတယ် ...
သွေးနှောကပြားတစ်ယောက်ဖို့ ငယ်စဉ်ခါက အံဝင် ခွင်ကျမဖြစ်ခဲ့ပေမယ့် အဖေ့အရှိန်ဝါရော ထက်မြတ်ပြီး မာကြောတဲ့ အမေ့ကြောင့်ပါဘယ်သူမှမထိရဲခဲ့ပေ
ဂျပန်စကားတစ်လုံးမှမပြောဘဲ မိဘဆရာအစည်းဝေးလာတက်ခဲ့တယ် .. ဂျပန်လို့နားလည်ပေမယ့်လဲ အဖေ့မိတ်ဆွေတွေကအစ ကိုရီးယားလိုသာပြန်ပြောတက်တဲ့ မေမေက တကယ်ကို အဆုံးထိဂျပန်လိုတစ်လုံးတောင်ပြောမသွားခဲ့ပါ ....ဖေဖေက မေမေ့ကိုအရမ်းချစ်သလို သူ့တိုင်းပြည်နဲ့လူမျိုးကိုချစ်ပေမယ့် မေမေကတော့ အဖေ့ကို တစ်ချက်လေးတောင် မျက်နှာသာမပေးခဲ့ပါ ..... အပြင်ပန်းကကြည့်ရင် အားကျစရာမိသားစုပေမယ် အထဲမှာတော့ အေးစက်နေခဲ့ကြသည်သာ ....
အနောက်တိုင်းဆီ ပညာသင်ဖို့ အပို့ခံရပြီး ပြန်ရောက် လာချိန်မှာတော့ မေမေက အိပ်ယာထဲမှာ သေဖို့အချိန်ကိုသာစောင့်နေရတဲ့သူဖြစ်နေခဲ့ပြီ မေမေဆုံးသွားပြီးချိန် အမေ့ရဲ့ လူယုံလို့သတ်မှတ်လို့ရတဲ့ အဒေါ်ကြီးက စာတစ်စောင်နဲ့အဝတ်လေးတစ်ခုပေးတော့ကြည့်လိုက်မိတော့ စာတစ်စောင်နဲ့အတူ အလံလေးတစ်ခု .....
ငယ်စဉ်က မေမေသင်ပေးတဲ့ အက္ခရာတစ်ချို့ကို မှတ်မိပေမယ့် ကိုရီးယား အက္ခတွေသင်တိုင်း လူမျိုးရေးစိတ် ဓာတ်ပြင်းထန်တဲ့ အဖိုးကြောင့် မလိုအပ်ဘဲ စကားများရတဲ့အဖေနဲ့အမေ ရန်ပွဲတွေ ဖြစ်ရတယ် ....
တစ်ယောက်က ကိုရီးယားလိုအော်ပြီးတစ်ယောက်က ဂျပန်လို စကားနိုင်လုနေတဲ့ ရန်ပွဲက အခုချိန်တွေးမိရင် ရီစရာပေမယ့် အဲ့အချိန်ကတော့ တကယ်စိတ်ညစ်ခဲ့ရတယ် ... အဲ့လိုနဲ့ဘဲ နောက်ပိုင်း တွေမသင်ဘဲရှောင် ဖယ်နေမိခဲ့ရာ ... ဒီလိုစာတစ်စောင်လုံး ဖတ်ဖို့ရာမလုံ လောက်တာမို့ သိမ်းထားလိုက်မိတယ် ....
သားတစ်ယောက်အနေနဲ့ မေမေ့အနားမရှိပေးနိုင်ခဲ့ပေမယ့် သူသိပ်ကို မြတ်နိုးခဲ့ရတဲ့ တိုင်းပြည်ကိုတော့ ပြန်ပို့ပေးချင်ခဲ့တယ် .... မေမေ့ဘဝတစ်လျောက်လုံး သူမပျော်တဲ့နေရာမှာ ပိတ်မိနေခဲ့ပြီ အခုတော့ လွတ်လပ်စေချင်တယ် ....
YOU ARE READING
One Shot (Uni+Zaw)
Fanfictionငါကဘဲ ပြဿနာလား မင်းမျက်နှာကဘဲ ပြဿနာလား မသိပေမယ့် .... မင်းကို အမြဲတမ်းချစ်ပြီး ခွင့်လွတ်ပေးနေမှာပါ .....