Episode - 5(Zaw gyi)

632 49 0
                                    

ကျောင်းဖွင့်ပြီးတစ်ပတ်ခန့်အကြာတွင် နေ့စဉ်သန့်ရှင်းရေးလုပ်ရမည့်အသင်းခွဲကြလေသည်။အနော်ရထာ၊ကျန်စစ်သား၊ဘုရင့်နောင်၊အလောင်းဘုရား၊ဗန္ဓုလဟူသောအသင်းငါးသင်းမှာကျောင်းဖွင့်မည့်ငါးရက်တာကို တစ်သင်းစီအလှည့်ကျအခန်းသန့်ရှင်းရေးလုပ်ရပေမည်။အနော်ရထာအသင်းသည် တနင်္လာအသင်း၊ကျန်စစ်သားသည် အင်္ဂါအသင်း၊ဘုရင့်နောင်သည် ဗုဒ္ဓဟူးအသင်း၊အလောင်းဘုရားသည် ကြာသပတေးအသင်း၊ဗန္ဓုလသည် သောကြာအသင်းဖြစ်သည်။

         ငါးတန်းကတည်းကခွဲလာခဲ့သောအသင်းများဖြစ်သဖြင့်အထူးတလည်တော့မဟုတ်ပေ။ယခုအတန်းပိုင်အချိန်တွင်လည်း အတန်းသားဦးရေနှင့်ညှိကာ အသင်းခွဲပေးမည်။

"အားလုံးနားထောင်"

"ဆရာမဒီနေ့အသင်းခွဲပေးမယ်"

"ဟိုလူကဟိုအသင်းယူချင် ဒီလူကဒီအသင်းယူချင်နဲ့ စကားတွေမများရအောင် ဆရာမပဲအသင်းခွဲပေးမယ်"

"ဟုတ်ကဲ့ ဆရာမ"

"နာမည်တွေခေါ်ပေးမယ် အသင်းအလိုက်"

"ကိုယ်အသင်းကဘယ်အသင်းလဲ သေချာနားထောင် နောက်တစ်ခါထပ်မအော်ဘူး"

          အသင်းအလိုက်ပါဝင်သောလူနာမည်များကိုတန်းစီအော်သွားရာ နှင်း၊ညိုမီ၊ပိုပို၊၀တီတို့မှာ ဗန္ဓုလအသင်းတွင်ပါဝင်လေသည်။ပိုပိုမှာ နောက်ဆုံးသင်းရ၍သိပ်မကျေနပ်ချင်။ထို့ကြောင့် နှင်းအနားကပ်ကာ ပိုပိုက -

"နှင်းငါတော့မကြိုက်ဖူး နောက်ဆုံးသင်းကြီး"
(ပိုပို)

"ဟယ် နင်ကလည်း ဘာဖြစ်လဲနောက်ဆုံးသင်း ကိုအပြုသဘောဆောင်ပြီးနင်တွေးကြည့်စမ်း"
(နှင်း)

"ကျောင်းစဖွင့်တဲ့နေ့ကတည်းက ငါတို့ရှေ့ကအသင်းတွေကနေ့တိုင်းသန့်ရှင်းရေးလုပ်နေတာ ငါတို့တံမြတ်စည်းလှည်းရသက်သာတယ် သူတို့လှဲပြီးသားပန်းရေလဲပေး ပန်းကုံးပဲဝယ်ချိတ် ဖုန်လေးကရှပ်ပါးလေးသုတ် ဘယ်လောက်ကောင်းလဲ"
(နှင်း)


"အေး နင်ပြောတာလည်း ဟုတ်သလိုပဲ"
(ပိုပို)

"ဟုတ်သလိုမဟုတ်ဖူး ဟုတ်ကိုဟုတ်တယ်"
(နှင်း)

မေတ္တာရေချမ်း ဘယ်မှာခန်း(Completed)Where stories live. Discover now