Sunghoon:...Noona အဲ့ဒါက...မောင် ရှင်းပြပါရစေ
Ella:...မောင် ကြားပြီးပြီးမလား
Sunghoon:...
သူမမျက်ရည်မကျအောင်ကိုယ့်ကိုကိုယ်ထိန်းပြီးမေးနေပေမယ့် ဘယ်လိုမှဟန်မဆောင်နိုင်တော့ပဲခေါင်းငုံကာသူ့ရှေ့ငိုချမိတော့လေသည်
Ella:...ဟင့်! တောင်းပန်ပါတယ် တို့ကြောင့်...တို့ကြောင့် မင်းအပြောခံနေရပြီး
Sunghoon:...Noona
Ella:...တို့နားလည်ပါတယ် မင်းကယောကျာ်းလေးတစ်ယောက်ဆိုတော့ ယောကျာ်းမာနရှိမှာပဲလေ အခုလိုမျိုးလူတွေကမဟုတ်မမှန်ကောလဟာလတွေဖြန့်ကြတာကိုမင်းဘက်ကလက်ခံနိုင်စရာအကြောင်းမှမရှိတာ....
Sunghoon:....
Ella:...ဒါပေမယ့် မင်းအခုလိုထိစိတ်ထိခိုက်သွားလိမ့်မယ်လို့ တို့မမျှော်လင့်ထားခဲ့မိဘူး ဘယ်ချိန်တည်းကကြားနေခဲ့တာလဲ ဟင် ဘာလို့တို့ကိုမပြောပြခဲ့ရတာလဲ
Sunghoon:..Noona အဲ့ဒါက အဲ့ဒါနဲ့မဆိုင်ဘူး
တကယ်ပြောတာ ကျွန်တော်မလိမ်ဘူးElla:...အဟင့်! အဟင်းးး !
Sunghoon:...Noona မငိုပါနဲ့ဗျာ
မျက်စိရှေ့ငိုနေသည့်သူမလေးကိုအနားသွားကာသူဖက်ထားလိုက်ပြီး သူမကျောလေးကိုပွတ်သပ်ကာနှစ်သိမ့်ပေးရင်း
Sunghoon:..Noona မောင်ပြောတာကိုအရင်နားထောင်ပေးပါကွာ နော်
Ella:..ဟင့်!
Sunghoon:...အဲ့ဒီဆေးတွေကမောင်သောက်ခဲ့တဲ့ဆေးတွေဆိုတာမှန်ပါတယ် ဒါပေမယ့် မောင်အဲ့ဆေးတွေမသောက်ဖြစ်တော့တာကြာပြီး ထပ်သောက်စရာလည်းမလိုတော့ဘူးလေ
Ella:...ဟင် ? အဲ့ဒါကဘာကိုပြောတာလဲ
Sunghoon:....Noona မောင့်ဆီကထွက်သွားခဲ့တုန်းက အမှန်အတိုင်းပြောရရင်မောင့်မှာစိတ်ဒဏ်ရာတွေရခဲ့တယ် ဘယ်ပဲသွားသွား Noona ပုံရိပ်တွေကမောင့်မျက်လုံးထဲပေါ်လာတတ်ပြီး ဘာပဲလုပ်လုပ် Noona အသံတွေကမောင့်နားထဲအမြဲလိုလိုကြားနေရတယ်
Ella:....
Sunghoon:...ညဘက်တွေဆိုပိုဆိုးပေါ့ အိပ်နေရင်းယောင်ပြီးလန့်နိုးပြီးရင်မောင်ပြန်အိပ်လို့မရတော့ဘူး အဲ့ဒီအချိန်တွေတုန်းကမောင်အရမ်းကြောက်မိတယ် တကယ်လို့ Noona နဲ့နောက်တစ်ကြိမ်ပြန်ဆုံနိုင်ပါ့တော့မလားဆိုပြီး...
![](https://img.wattpad.com/cover/290179100-288-k494078.jpg)