Part - 4

4.3K 433 25
                                    

Unicode -----

Boss { 4 }
.
.
.
.
.
.
.

Jimin တစ်ယောက် အိမ်ပြန်ရောက်တာနဲ့ ခေါင်းထဲ၀င်လာတဲ့အကြောင်းက boss....

ဘယ်လိုလူကြီးမှန်းကိုမသိ
တစ်ခါတစ်ခါကောင်းလိုက်
တစ်ခါတစ်ခါထဖောက်လိုက်နဲ့

ဒါပေမယ့်လဲ Jake ပြောတာတွေက
သိပ်အံ့ဩဖို့ကောင်းတာပဲ

သူဌေးမှာအရင်ကချစ်သူတစ်ယောက်ရှိခဲ့ဖူးတယ်တဲ့....
အေးလေ..လူဆိုတော့လဲထားဖူးမှာပေါ့....

{ A/N : မထားဖူးရင်လူမဟုတ်ဘူးပေါ့
သာသာပြောတာမဟုတ်ဘူးနော် ပတ်ပုကျိပြောတာ🤣 }

" နဂိုကဆိုဆရာကအရမ်းပြုံးတာ...
သူ့ကောင်လေးနဲ့ကွဲပြီးနောက်ပိုင်းမှ
အဲ့တိုင်းဖစ်သွားတာ "

" ဘာလို့ကွဲသွားတာလဲသူတို့နှစ်ယောက်က "

" ဆရာက အတ္တကြီးပြီးအရမ်းချုပ်ချယ်တာ
ဟိုကလဲ ဟော့ဟော့ရမ်းရမ်းလေးဆိုတော့
ဆရာ့ကိုထားသွားတာတဲ့ "

ဟွန့်....နည်းတောင်နည်းသေးတယ်
အဲ့လိုမျက်မှာပေါက်မျိုးနဲ့မြင်ယောင်သေးတယ် ဘယ်လိုကောင်လေးမျိုးရမလဲလို့

ဂွက် !!!...

" အမလေး....အားလားလား
မေမေ....ကိုယ့်သားကိုယ်မညှာမတာခေါက်ရလားလို့ "

" Park Jimin ကျုပ်ဈေးကပြန်လာလို့ အိမ်တံခါးဖွင့်ပေးဖို့ ခေါ်နေတာကြာပြီ
ဟမ်....ဘယ်ကိုအတွေးရောက်နေလို့
မအေခေါ်တာတောင် မကြားရတာလဲဟဲ့ "

" မေမေကလဲ သားသူဌေးအကြောင်းပါ "

" ဘာ !!! နေစမ်းပါဦး နေစမ်းပါဦး
သူဌေးဆိုလို့ မင်းညကဘယ်တွေသွားနေတာလဲ ယောကျာ်းလေးဆိုပေမယ့်
ညဘက်အိမ်ပြန်မလာပဲ
အဲ့လိုလျှောက်သွားနေရင်
ပတ်၀န်းကျင်ကပြောစရာဖစ်လိမ့်မယ်နော် "

" ဟို....ခန....မေမေနားပြီးမှပြော "

" Jimin ငါအကောင်းပြောနေတာနော်
ကောင်မလေးရနေတာလား ပြောစမ်း "

" အော်...မေမေကလဲ သားအလုပ်ကိစ္စနဲ့
ပါတီပွဲကို ရုံးကလူတွေနဲ့တက်ရတာ
‌သူတို့ကမပြန်နဲ့တော့ဆိုလို့ပါ မေမေရဲ့ "

BOSS ( U+Z ) [ Complete ]Donde viven las historias. Descúbrelo ahora