Part - 10

4.3K 420 20
                                    

Unicode ----

Boss { 10 }
.
.
.
.
.
.
.

" အမေ ....သူတို့ပြန်သွားကြပြီလား "

မျက်နှာကိုဇိမ်ဆွဲ သစ်ကာ ကိုကို့ကို မျက်နှာချင်းမဆိုင်ရဲတာကြောင့် မင် ထွက်မလာတာ....

" ပြန်သွားကြပြီ...ဒါနဲ့နေပါဦး "

" ဟင်...ဘာကိုလဲမေမေရ "

" မင်း ဘယ်အချိန်က ယောကျာ်းလေးတွေစိတ်၀င်စားသွားတာလဲ သူနဲ့ကော ဘယ်ချိန်ရည်းစားဖစ်သွားတာလဲ "

" အာ....အမေကလဲ...အဲ့တာ...ဟို...."

" အမေ့ သား Busan သွားတုန်းက
သားနဲ့ချစ်သူဖစ်သွားတာအမေ "

မင်ပြောမလို့ကြံသေး ကြားဖြတ်၀င်ပြောလိုက်တဲ့ ကိုကို့ ကြောင့်

" ဟင်...ကိုကို...မပြန်ရသေးဘူးလား "

" မင်းတို့ဘာသာပြောနေခဲ့ကြတော့
ကျုပ်ဈေးသွားတော့မယ် "

လူငယ်တွေကြား၀င်မပါချင်တာနဲ့ပဲ အမေတစ်ယောက်ဈေးသို့ထွက်လာခဲ့သည်

ငါလဲဘာမှ မပြောရသေးဘူး...
အမေကတော့ ကိုယ့်သားကိုယ်
ယောကျာ်းအတင်းပေးစားချင်နေလားမသိဘူး...
ဒီလူကြီးကမယုံရပါဘူးဆို......

" အဂျီ....ဂျီလေး "

ကိုကို့ခေါ်သံကိုကြားပေမယ့်မထူးရဲ....

သူခေါ်တာကိုကြားရဲ့သားနဲ့မထူးသောကောင်လေးကို  သူ့ရင်ခွင်အတွင်း အပိုင်သိမ်းပစ်ချင်နေမိတယ်....

" ဟွန့်...ကိုကိုနော် လာမခေါ်နဲ့ "

" ဟော်ဗျာ...ကိုယ်ဘာလုပ်မိလို့လဲ "

" ဘာလုပ်မိလဲမလုပ်နဲ့....
သူများကိုအသိမပေးပဲနဲ့ ..
လာတောင်းပြီးတော့များ....."

မဲ့ကာရွဲ့ကာနှုတ်ခမ်းတစ်ထော်ထော်ပြောနေသော ကောင်လေးကို

" အွန့်...အင်း....လွှတ် "

မင် ပြောနေတုန်းရှိသေး....မင့် နှုတ်ခမ်းလေးကို သူ့နှုတ်ခမ်းနဲ့စုတ်ယူလိုက်ကာ
ခံတွင်းထဲ၀င်ရောက်လာသော ရစ်ပတ်မှုတွေကြောင့်  လူတစ်ကိုယ်လုံး ဓာတ်လိုက်သလို
ထုံကျင်အေးစက်နေမိသည်

Jk တစ်ဖြေးဖြေးနဲ့ သူလေးနှုတ်ခမ်းကိုအလွှတ်မပေးချင်တော့ပေ...

BOSS ( U+Z ) [ Complete ]Where stories live. Discover now