First Love History (Unicode)

3.7K 338 17
                                    

First Love History

     တစ်ချိန်က တမြတ်နိုးရေးဖူးခဲ့တဲ့ ဒိုင်ယာရီစာအုပ်အဟောင်းလေးကို တစ်ရွက်ချင်း လှန်ရင်း ရိပေါ် နှုတ်ခမ်းလေးကို ကော့တက်အောင် ပြုံးလိုက်သည်။
တစ်ချိန်က အဖြစ်အပျက်တွေဟာလည်း ထိုဒိုင်ယာရီလေးထဲ စွဲထင်ကျန်ရစ်ခဲ့တာက လွဲ၍ ပြန်မရနိုင်သော အမှတ်တရများဖြစ်သည်။

"ကိုကိုက သိပ်ခန့်တာ ... "

     ဒိုင်ယာရီစာအုပ်လေးထဲမှ တိတ်နဲ့ကပ်ထားသည့် ဓာတ်ပုံသေးသေးလေးကို လက်နဲ့ ခပ်ဖွဖွ ပွတ်သပ်ရင်း သူ ရေရွတ်မိ၏။ ကိုကိုတပ်နေကျ မျက်မှန်အဝိုင်း​လေးအောက်က မျက်ဝန်းညိုညိုတွေနဲ့ တင်းတင်းစေ့ထားတတ်တဲ့ နှုတ်ခမ်းတွေဟာလည်း ရိပေါ်ရဲ့ အားနည်းချက်ပင် ...။ ကိုကိုဟာ မေးစေ့အောက်နားက မှဲ့နက်နက်လေးဖြင့် ရိပေါ်ရဲ့ နှလုံးသားကို ရေးခြယ်ခဲ့၏။ ကိုကိုက သိပ်ချောသည် ။ ပြီးတော့ ခက်ထန်ပြီး ခန့်ညားသည်။

"ဆိုင်ပိတ်လိုက်တော့မလား အကို"

"ပိတ်လိုက်တော့လေ "

       ဝန်ထမ်းလေး၏ စကားကြောင့် သူဖွင့်ထားတဲ့ စာအုပ်ဆိုင်လေးရဲ့ အပြင့်ဘက်ကို လှမ်းကြည့်မိသည်..။ မိုးလေးက ဖွဲဖွဲကျနေပေမယ့် သည်းသည်းထန်ထန် ရွာမနေတာကြောင့် လူသွားလူလာတော့ရှိနေသေး၏။

"အကို ပြန်နှင့်ပြီ"

"ဟုတ်ကဲ့"

        မျက်မှန်လေးကို အသာပင့်တင်ရင်း ဒိုင်ယာရီစာအုပ်လေးကို ပိတ်ကာ သူ့ဘေးလွယ်အိတ်ကလေးထဲ ထည့်လိုက်သည်။ မိုးစိုတာနဲ့ ဖျားတတ်တဲ့ သူဟာ မိုးဖွဲဖွဲကျနေရင်တောင် ထီးဆောင်းဖို့ လိုအပ်၍ အပြင်ရောက်တာနဲ့ လက်ထဲမှ အဝါရောင်ထီးလေးကို မဖွင့်လို့မဖြစ်။

"ဆရာကလည်း ကျွန်တော်က ထီးမပါလို့ဆရာနဲ့ ပြန်ချင်လို့ပါ"

         သူတို့ဆိုင်မျက်စောင်းထိုးက ဂျပန်စာ သင်တန်းလေးတစ်ခုနားရောက်ချိန် ကြားလိုက်ရသည့် အသံလေးကြောင့် ရိပေါ်နှုတ်ခမ်းတို့က အလိုလို ပြုံးမိလျက် ...။ ဆရာကို ကပ်ပြောနေသည့် ကောင်လေးတစ်ယောက်ဟာ ရိပေါ်ငယ်ငယ်တုန်းကအတိုင်း ...။

First Love History (One Shot)Donde viven las historias. Descúbrelo ahora