Jeon Jung Kookဆိုတာ ကျတော့်ရဲ့ငယ်သူငယ်ချင်းလို့ခေါင်းစဥ်တပ်ချင်လည်းရပါ့။ ငါးနှစ်အရွယ်လောက်ကစသိခဲ့တဲ့ဒီသူငယ်ချင်းလေးဟာကျနော့်အတွက်တော့ပထမဆုံးနဲ့တစ်ဦးတည်းသောသူငယ်ချင်းရယ်.......။လွန်ခဲ့တဲ့13နှစ်...ကျနော်ငါးနှစ်အရွယ်တုန်းကကျနော်တို့အိမ်ဘေးကိုကျနော့်သူငယ်ချင်းလေးရဲ့မိသားစုစပြောင်းလာခဲ့တာ.....ကျနော့်ထက်နှစ်နှစ်လောက်ငယ်တဲ့သူကလည်းကျနော့်လိုပဲတစ်ဦးတည်းသောသားပါတဲ့လေ။ ကျနော့်သူငယ်ချင်းလေးကကိုရီးယားစစ်မဟုတ်ဘူးရယ်...ဘာလို့ဆိုသူ့အဖေကဂျပန်လူမျိုးလေ...အမေကကိုရီးယားလူမျိုး...။
ကျန်းမာရေးချူချာတဲ့ကျနော်က7နှစ်လောက်မှကျောင်းစတက်ခဲ့ရတာ...အဲ့ဒီကစလို့ကျနော်နဲ့သူဟာအတန်းဖော်တွေဖြစ်လာခဲ့တာ.................
ကျနော့်ရဲ့သူငယ်ချင်းလေးက
ဂျပန်မှာဆာကူရာတွေပွင့်ချိန်ရောက်ရင်အရမ်းလှတာပဲလို့ကြွားဖူးတယ်၊ကျနော်လဲပြန်ပြောလိုက်ပါရဲ့....ငါတို့ကိုရီးယားမှာလည်းနှင်းတွေကျတဲ့အချိန်ကအလှဆုံးပဲလို့........ဒါပေမဲ့သူ့ကြောင့်ဂျပန်ကိုသဘောကျနေတာကိုတော့တိတ်တိတ်လေးဖုံးကွယ်ထားမိတယ်
။ကျနော်ရဲ့သူငယ်ချင်းလေးကကျနော်နဲ့အကြိုက်တူတာများပေမဲ့စိတ်ဓာတ်ခြင်းကတော့နည်းနည်းလေးမှတူညီမနေခဲ့။ ကျနော်ကဟိုစပ်စပ်ဒီစပ်စပ်နေရတာသဘောကျပေမဲ့ကျနော့်သူငယ်ချင်းလေးကကျနော်နဲ့ဆန့်ကျင်ဘက်တစ်ကယ့်ကိုအေးတိအေးစက်လေး။ အေးတိအေးစက်ဆိုပေမဲ့ကျနော့်ကိုဆိုအပြုံးမပျက်အလိုလိုက်တတ်တဲ့ကောင်လေးရယ်သာ။ ကျနော်ဆိုးချင်သလိုဆိုးလို့ရနေတဲ့ရပ်ဝန်းလေးမို့လို့ကျနော်တန်ဖိုးထားပါတယ်။
ကျနော်တို့ကလေးဘဝရဲ့အချိန်တွေကပြန်မပြောနိုင်လောက်အောင်များပြားလွန်းလို့တစ်ချို့တလေအရာတွေဆိုကျနော်မမှတ်မိတော့ပါဘူး၊အသက်ကငယ်သေူတာလည်းပါမယ်ထင်ပါရဲ့...ကျနော်သေချာမှတ်မိနေတာဆိုလို့အထက်တန်းတုန်းကအကြောင်းတွေပါပဲ။
ဂျောင်ကုဟာကျနော့်ကိုဆိုအမြဲလိုလိုအလျှော့ပေး
တတ်တဲ့သူငယ်ချင်းပါ...အခုလည်းအထက်တန်းနောက်ဆုံးအနေနဲ့ကျနော်တတ်တူးထိုးဖို့အဖော်စပ်တော့သူပါလိုက်ထိုးသည်တဲ့လေ....စရိုက်ချင်းသာမတူတာပါစိတ်ချင်းကတော့.....မင်းကငါ...ငါကမင်း....လို့ပြောရလောက်တဲ့ထိတက်တူးတွေရဲ့အဓိပ္ပာယ်တွေကထပ်တူကျနေခဲ့တာ.....ကျနော့်မှာလေဝမ်းသာလိုက်ရတာမှ...မဖုံးနိုင်မဖိနိုင်.....။အိမ်ပြန်နေတဲ့လမ်းတစ်လျှောက်မှာလည်းကျနော့်သူ့နားရွက်တွေလည်ပင်းတွေနဲ့ဆော့ခဲ့သေးတယ်၊
ကျနော့်ကိုပစ်ချမယ်ပြောလို့ကျနော်ငြိမ်နေလိုက်ရသေးတယ်...သူတစ်ကယ်ပစ်မချမှန်းသိနေပေမယ့်သူအနေရခက်နေတာကိုခံစားမိလို့ရပ်ပေးလိုက်တာ.....။ ဒီလိုအပြုအမှုတွေကကျနော်နဲ့သူ့ကြားမှာရိုးအီနေတဲ့အရာတွေပါ.....သူ့ကျောပေါ်မှာနေရာယူရင်းသူ့ဆံပင်တွေကိုကစားချင်ကစားမယ်၊ သူ့ကိုနမ်းချင်နမ်းမယ်..တစ်ခါတလေစိတ်တိုလာရင်သူ့လည်ပင်းကိုကိုက်ချင်ကိုက်ပစ်လိုက်တာပဲ......။ကျနော်လုပ်ချင်တာတွေလုပ်ပြီးရင်သူ့ကျောပြင်ကျယ်ပေါ်မှာမျက်နှာအပ်ပြီးအိပ်တတ်တာဟာလည်းအိမ်ပြန်နောက်ကျတဲ့နေ့တွေဆိုကျနော်တို့အတွက်အမှတ်တရတစ်ခုပါပဲ....။
ဂျီမင်းဒိုင်ယာယီစာအုပ်လေးကိုတစ်ခေါက်ပြန်ဖတ်ပြီးစာအုပ်လေးကိုကြည့်နေမိတယ်...စာအုပ်လေးကအဝါရောင်နုနုလေး၊ဒါသူ့မွေးနေ့တုန်းကဂျောင်ကုလက်ဆောင်ပေးထားခဲ့တာ..."....မင်းကအဝါရောင်ကြိုက်တယ်ဆိုလို့ငါရှာဝယ်လာတာ...."တဲ့လေ။ ကျနော့်မှာသဘောကျလို့မဆုံး.၊တစ်ကယ်လို့ရဂျာင်ကုသာတခြားအရောင်လေးပေးမယ်ဆိုလည်းကျနော်သဘောကျမိဦးမှာပါပဲလေ။
ပေးတဲ့သူကကျနော့်သူငယ်ချင်းသာဖြစ်နေမယ်ဆိုရင်ပေါ့လေ။
💛💜
YOU ARE READING
FIRST LOVE DIARY(Kookmin)
Fanfictionအချစ်ဦးနဲ့ပတ်သက်သမျှ...ပျော်ရွှင်မှုတွေ ၊နာကျင်မှုတွေ ဝန်တိုမှုတွေ ခံစားမှုတွေအကုန်လုံးဟာ ဒိုင်ယာယီလေးထဲလှလှပပ။