Chapter(6) ကိုကိုယိဟေးရဲ့ဒေါသ

66 6 0
                                    

Zawgyi

သူအနှီမိန်းကလေးကို နောက်ဆုံးတွေ့ခဲ့သည်မှာ သောကမဲ့မြို့တော်၏ဂူသင်္ချို င်းရှိ သူဌေးကြီးမော့ကမ္ဗည်းတိုင်ရှေ့တွင်ဖြစ်သည်။ အဘိုးမော့ဈာပနပွဲ ကျင်းပပြီးနှစ်ရက်အကြာတွင်သူ၏တစ်ဖက်သက်ဆန်သောအတွေးအမြင်များနှင့် မရေရာသည့်ခံစားချက်များ၏ ဖိအားတို့ကြောင့် ရွယ်ရှင်းအားသူနှင့်ဝေးရာတွင်ရှင်သန်စေရန် ရည်ရွယ်ချက်ရှိခဲ့သည်။ တစ်ဖက်သား၏ဆန္ဒကိုပင် မေးမြန်းခြင်းမရှိခဲ့သည့်သခင်လေးမော့ယိဟေးကြောင့် ရွယ်ရှင်းမှာတက္ကသိုလ်ဝင်တန်းစာမေးပွဲပြီးစီးသွားသည်နှင့်အနားယူခွင့်ပင်မရသေးခင် အိမ်တော်မှအတင်းအကျပ်နှင်ထုတ်ခံရတော့သည်။ သို့ထိတိုင် ဉာဏ်ကောင်းလင့်ကစားရိုးအသူမိန်းကလေးသည် သူမ၏မွေးစားအစ်ကိုဆန္ဒအတိုင်း အိမ်တော်မှကြည်ဖြူ စွာထွက်ခွာလာခဲ့၏။ထိုသို့​လှောင်အိမ်မှ ပျံသန်းလွတ်မြောက်လာသောငှက်ကလေးမှာ သုံးနှစ်သုံးမိုးတိုင်သရဲတစ္ဆေတစ်ကောင်ကဲ့သို့အရိပ်များ၏စောင့်ကြပ်ခြင်းကိုခံရရှာပြန်
သည်။

နှောင်းပိုင်းတွင်ပိုမိုများပြားလာသော အလုပ်တာဝန်များနှင့် တွေးတောဆင်ခြင်ရမည့်အရေးများက ကြီးမြတ်သောသခင်လေး၏လွတ်လပ်ခွင့်ဘောင်ကို ကန့်သတ်လာကြသည်။ ၎င်းအချိန်မှသာ ရွယ်ရှင်းအား ဝန်ပိုတစ်ထုပ်ကဲ့သို့ခေတ္တချ ထားပြီး ပြန်လည်လှည့်ကြည့်လိုက်မိသည့်အခါ ဆယ်နှစ်တာအချိန်ပင်ကုန်လွန်သွားခဲ့ပြီ။

တစ်ခါတစ်ရံ ချို မြိန်သောအမှတ်တရဟောင်းများကဦးနှောက်စာမျက်နှာထက် အစီအရီပြန်လည်ပေါ်လာသည့်အခါ အနှီမိန်းကလေး၏ပုံပန်းသွင်ပြင်ကိုမကြာခဏ မြင်ယောင်စိတ်ကူးကြည့်ဖူးသည်။ အမြဲတစေစနောက်ခံနေရပြီး အထင်မြင်သေးမှုများကြားတွင်အဘိုးမော့၏ကာကွယ်ပေးမှုမှလွဲ၍ မည်သူ့ကာကွယ်မှုမှမခံစားရသော ရွယ်ရှင်းသည် အချိန်မည်မျှပင်ကြာသွားခဲ့ပါစေ။ သူ့မှတ်ဉာဏ်ဟောင်းများအတွင်းက ပုံရိပ်ဟောင်းလေးအတိုင်းသာကျန်ရစ်ခဲ့လိမ့်မည်ဟု သူယုံကြည်ခဲ့သည်။ ယခုလက်ရှိတွင် သူ၏စိတ်ကူးပုံရိပ်များနှင့် အလွန်အမင်းကွာခြားနေလေ၏။

Rival escortWhere stories live. Discover now