Chapter(41) ဒီကိုကိုမင်းနဲ့အတူရှိနေတယ်

16 3 0
                                    

Zawgyi

စားဝတ်နေရေးကျပ်တည်းခြင်းနှင့်ဆင်းရဲနွမ်းပါးမှုတို့သည်ရံဖန်ရံခါတွင်ကြီးစွာသောကပ်ဘေးဒုက္ခတို့ကိုယူဆောင်လာစေနိုင်၏။

ဟောင်ကောင်ကျွန်းသည်စီးပွားရေးအတန်သင့်ကောင်းမွန်ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအများအပြားရှိ၏။ကျွန်းနေရာဖြစ်၍ရေကြောင်းလမ်းကိုသာအဓိကအားထားပေရာ ရေထွက်ပစ္စည်းများတင်ပို့ခြင်းနှင့်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များမှအကျိုးတူရရှိသောငွေကြေးများ၊ အခွန်အခများနှင့်ကျွန်း၏ဘဏ္ဍာရေးကိုလည်ပတ်နေခဲ့သည်။ ဤသို့ အဆင်ပြေချောမွေ့နေသည်ကိုပင် ဘဏ္ဍာငွေများကအဘယ်ကြောင့်နှစ်စဉ်မလောက်ငှဖြစ်နေပြီး အခွန်ငွေများကခေါင်ခိုက်နေရ
သနည်း။

ဟောင်ကောင်ကျွန်းကသောကမဲ့ကျွန်းခန့် မကြီးမားချေ ။ နေရာထိုင်ခင်းပင်မလုံလောက်၍ နေစရာတိုက်ခန်းငယ်တစ်ခုအား RMB သောင်းချီပေး၍ငှါးရမ်းနေထိုင်ရသည်။ အလုပ်ရုံတစ်ခါတည်ဆောက်ရန်နေရာအကျယ်အဝန်းအား အုပ်ချူ ပ်ရေးဌာနများနှင့်အပြိုင် သို့မဟုတ် အခြားလုပ်ငန်းရှင်များနှင့်အပြိုင်လေလံဆွဲနိုင်မှခရီးရောက်နိုင်သည်။ အုပ်ချူ ပ်ရေးဌာနများမှာလည်း ကျွန်းပေါ်တွင်သူတို့ကိုယ်တိုင်ထက်ပြင်ပနှင့်
ကျွန်းပေါ်မှလုပ်ငန်းရှင်များကိုပိုအလေးပေးသောကြောင့် ရေထွက်ပစ္စည်းများနှင့်ဓာတုလုပ်ငန်းများအတွက်သာစက်ရုံအလုပ်ရုံများရှိသည်။ အခြားလုပ်ငန်းများကကိစ္စမရှိသေးသည့်တိုင်ဓာတုလုပ်ငန်းများတွင်ဓာတ်သန့်စင်ပေးရန် ပိုလိုနီယမ်ကိုအဓိကအသုံးပြုရသည်။ ၎င်းကိုမဝေးကွာလှသောသောကမဲ့ကျွန်းမှဈေးကြီးပေးဝယ်ယူရသည်။

ထို့အပြင် ကျွန်းပေါ်တွင်သောကမဲ့ကျွန်းနှင့်မတူညီစွာပိုလိုနီယမ်ကျောက်ရောင်းဝယ်ခြင်းကိုခွင့်ပြုပေးထားသည်။ အုပ်ချူ ပ်ရေးဌာနသည် အပိုဝင်ငွေရစေရန်၎င်းတို့ဝယ်ယူထားသည့်အနက်မှ အရစ်ကျပေးချေစနစ်နှင့်ဖြစ်စေ အပြီးငွေချေ ခြင်းနှင့်ဖြစ်စေပမာဏအလိုက်ပြန်လည်ဖောက်ကားပေးသည်။ သို့သော်ငြားအနှီသူတို့သည်ပင်ကိုယ်ဈေးထက်အမြတ်ကြီးစားလွန်းသည်ကတစ်ကြောင်း၊ ကျွန်းရှိသူကြွယ်မြုပ်နှံသူများ
က သူတို့နည်းတူမတုံးအသည်ကတစ်ကြောင်းနှင့်ကျောက်ရောင်းဝယ်ခြင်းကိုကန့်သတ်မထားသည်ကတစ်ကြောင်းကြောင့် လုပ်ငန်းရှင်များကသောကမဲ့ကျွန်းမှမြေအောက်လမ်းကြောင်းမှဖြစ်စေ တိုက်ရိုက်ဖြစ်စေဝယ်ယူကြသည်။ ထိုသို့ဝယ်ယူခြင်းက ပို့ဆောင်ခမျှသာကုန်ကျမည်ဖြစ်ပြီး အုပ်ချူ ပ်ရေးဌာနမှဝယ်ယူရ
ခြင်းထက်အနည်းငယ်သက်သာသည်။ ထိုသို့တိုက်ရိုက်ဝယ်ယူရခြင်းသည်လည်းကြာရှည်မခံပြန်​ပေ။အကြောင်းမှာ ချစ်ကြည်ရေးတံတားပေါ်သို့ကုန်တင်ကားသွားလာခွင့်မပေးသောကြောင့် ပို့ဆောင်သယ်ယူရာတွင်ရေကြောင်းနှင့်လေကြောင်းလမ်းမှသယ်ယူရသည်။ ထိုအခါ ဂိတ်တွင်ကုန်ပစ္စည်းများအဆင့်ဆင့်စစ်ဆေးခံရပြီး ကရိကထများပြားကာအချိန်ကြန့်ကြာရသည်။ နောက်ဆုံးတွင် မီလျံနာသန်းကြွယ်သူဌေးများကအစ အောက်လမ်းကိုသာရွေးချယ်ကြရတော့၏။

Rival escortWhere stories live. Discover now