♥ Sehun's Everything is Luhan ♥
SM Entertainment၏ အပေါ်ဆုံးလေသာဆောင်တွင် Luhan တိတ်ဆိတ်စွာထိုင်နေမိသည်။ ကောင်းကင်ရှိ လမင်းကြီးကိုမော့ကြည့်ရင်း စိတ်တို့ကကြေကွဲနာကျင်လျက်.......
သူလုံးဝမအိပ်နိုင်ပါ။ အိပ်ပျော်အောင် အိပ်ဆေးသောက်အိပ်ရသည့်အဖြစ်ကို သူသိပ်မုန်းသည်။ အခုတော့ ရောဂါ၏အလိုကိုလိုက်၍ မွန်းကြပ်နေသောစိတ်တို့ဖြင့် ပုလဲခနေသော member များနှင့်ဝေးရာကိုထွက်လာခဲ့ခြင်းပင်။
ဘေးတွင်တော့ Baby နှင့်ဆင်တူဝယ်ထားသော Phone လေးနှင့် Bejing ticket 2 စောင်ကိုချထားလျက်......
ဟုတ်ပါသည် ... သူမနက်ဖြန်ထွက်သွားရတော့မည်လေ။
♪영원히 너의 Peter Pan♪
phone ringtone သံနှင့်အတူ Baby ဆိုသော name လေးတစ်ခု..........
Luhan မကိုင်ချင် ပြောဖို့အင်အားလဲမရှိ ငိုသံများနှင့်မေးမြန်းလာမည့် Baby မေးခွန်းများအတွက် သူ့တွင်အဖြေမရှိပေ။
^ Hyung! phone တောင်မကိုင်ပေးတော့ဘူးနော်။ ငယ်လေးကို ထားခဲ့မှာလား ^
တိုးညှင်းစွာထွက်ပေါ်လာသော Sehun အသံလေးကြောင့် Luhan နောက်လှည့်ကြည့်လိုက်သည်။ ဘယ်အချိန်ထဲက ရောက်နေလဲမသိ။ မျက်ဝန်းများနီရဲနေသော်လည်း မငိုအောင်အားတင်းနေသော Sehun.........သူ့အဖြေကို မျှော်လင့်တကြီးစောင့်နေသည်။
Baby ကိုထပ်ငိုခိုင်း၍မဖြစ်။ Member 9 ယောက်လုံးသာမက အချော့ကောင်းသော Chanyeol ပါ လက်မြှောက်အောင် ငိုထားပီးပီလေ။
^ မထားခဲ့ချင်ပါဘူး။
ဒါမဲ့ ငယ်လေးဘဝအတွက် ကြိုးစားရဦးမယ်လေ။
Hyung ကလေ ... Hyung က... ^Luhan ဆက်ပြောရမည့် စကားတို့ ဆွံ့အလျက်။
^ ဒီ ticket ကရော hyung ... 2 စောင်တောင် ^
^ အင်း Baby အခုပြောမှာကို သေချာနားထောင် ... င် ... အန်!??? ^
^ အဟင့် အဟင့် အီးဟီး ^
ငိုပီ Oh Sehun တို့။ ဘာမှတောင်မပြောရသေးပု။ သမင်စိတ်ညစ်တယ်။
^ နေဦးလေ Baby ... hyung ပြောမှာက Baby ရဲ့ Idol ဘဝ ... Baby ရဲ့ အရာအားလုံးကို စွန့်လွှတ်နိုင်တယ်ဆိုရင်တော့ ကိုယ်နဲ့လိုက်ခဲ့။ ပြောသာပြောရတာပါ။ ငယ်လေးကို မစွန့်လွှတ်စေချင်ဘူး။ ငယ်လေး Family လဲ ရှိသေးတယ်လေ။ Sorry baby... ကိုယ် အတ္တကြီးစွာပြောမိတာပါ ^

VOUS LISEZ
SeHun's Everything is LuHan [ Completed ]
ClassiquesMy Love is my Happiness. And He is my Life. ♥HunHan♥ Yaoi ❤❤