True love 💓part10

641 58 5
                                    

uni
လေယာဉ်လေးတစ်စီးဟာဘူဆန်သို့...

ဆိုးလ်နဲ့ဘူဆန်ဟာသိပ်မကွာလှပေမယ့် အမြန်ရောက်အောင်အသုံးပြုခြင်သာဖြစ်၏ ၊ ထယ်ယောင်းတယောက်ဘူဆန်မှာပဲရှိနေပါစေလို့သာဆုတောင်းနေမိ၏ ၊ တွေ့ချင်နေလှပြီမဟုတ်လား၊ခုဆိုရင်ဖြင့်လေယာဉ်လေးမောင်းနှင်လာသည်ဖြင်1နာရီဝန်းကျင်ရှိပြီဖြစ်သည်၊မိနစ်အနည်းငယ်လျှင်ဘူဆန်ကိုရောက်တော့မည်ဖြစ်၏၊ထယ်ယောင်းရင်တွေခုန်နေသည်မှာအမှန်

လေယာဉ်လေးဆိုက်ရောက်သည်နှင့် ခန့်သညားစွာဆင်းလာသောကောင်လေးတစ်ဉီး၊ suit black ၊‌အညိုရောင်ဆံပင်၊ရိုးရှင်းလှပေမယ့် နတ်သားပမာလှပနေ၏၊

ထယ်ယောင်းဟိုတယ်ကိုတောင်မရောက်သေး၊ဂျီမင်အမေပေးတဲ့လိပ်စာလေးအားကိုင်ကာ ကားလေးအားမောင်နှင်လိုက်၏

တလမ်းလုံလည်းအမြန်တွေ့ပါစေဟုသာဆုတောင်းနေမိ၏

တဖက်မှကောင်လေးကတော့၊ဦးလေး၏နှင်းဆီပန်းခင်းထဲ၌လေညှင်းခံနေ၏

နေရောင်ဖျော့ဖျော့အောက်၌လေးညှင်းခံနေသည့်ကောင်လေးဟာ နေမင်းနှင့်အပြိုင်လှပနေ၏ ၊တီရှပ်အပြာရောင်၊ရွှေအိုရောင်ဆံပင်၊ဖြင့်ပေါ့ပါးစွာပြုံလျက်ရှိ၏၊ မြင်နေရသူတွေဟာနေမင်းကြီးထက်ထိုကောင်လေးဟာအဆမတန်လှပနေသည်မဟုတ်လား

အတန်ကြာအပန်းဖြေပီးနော်၊ဦးလေးရှိသည့်အိမ်လေးသို့ခြေချင်လျှောက်လာခဲ့၏၊လက်ထဲ၌နှင်းဆီဖြူတပွင့်အားကိုင်ကာသီချင်းလေးတမြူးမြူးဖြင့်အိမ်လေးဆီသို့....

အိမ်ထဲဝင်လိုက်သည်နှင့် စိတ်ချမ်းသားမှုရှိ၏၊ဦးလေးဟာယခုထိတဦးတည်းနေလာပြီးပန်းလေးတွေအားစိုက်ပြီးရောင်းရင်သက်မွေးဝမ်းကြောင်းလုပ်၏၊ယခုဆိုရင်ဦးလေးအိမ်မှာသူနေလာတာ4ရက်ပင်ရှိပြီဖြစ်သည်၊တယောက်သောသူကိုသတိရလာပေမယ့်မေ့ဖျောက်ဖို့ကြိုးစားမိ၏၊သို့ပေမယ့်နှလုံးသား၌စွဲငြိနေပီ‌ဖြစ်သော၊ထိုလူ၏မျက်နှာ၊အသံ၊အနမ်းတွေ၊အကုန်လုံးဟာစွဲရစ်နေ၏၊ ရောက်လာတည်းကသတိမရတဲ့နေဆိုတာမရှိပါ

အတွေးတို့အားဖျောက်ကာမီးဖိုချောင်သို့ဝင်လာခဲ့၏၊နေ့လယ်ပင်ရောက်ပီဖြစ်တာကြောင့်ဗိုက်ကဆန္ဒပြလာပီဖြစ်သည်၊ရေခဲသေတ္တာထဲ၌၊ကြက်ဥ၊နွားနု့နှင့်ခေါက်ဆွဲထုပ်တို့သာရှိ၏၊ခေါက်ဆွဲနှစ်ထုပ်အားယူကာ၊ရေနွေးအိုးတို့အားတည်လိုက်၏၊ရေနွေးရအောင်စောင့်နေရင်း ထိုနေ့ကစကားတွေအားကြားယောင်မိ၏

True love 💓 [Complete]Where stories live. Discover now