Chapter_1 {System World Fonder}

219 31 4
                                    

{Zawgyi}

ဆွေစဉ်မျိုးဆက် တစ်မူထူးခြားနဲ့အစွမ်းတွေဖြင့် လက်ဆင့်ကမ်းလာသဖြင့် မင်းမျိုးမင်းနွယ်ရဲ့ မြောက်စားမှုဖြင့်မွေးဖွားလာတဲ့ မိသားစု....

ဂုဏ်သိက္ခာကိုဘုရားသခင်လို ကိုးကွယ်တဲ့ထိုမိသားစု။

ထိုထဲမှ ၁၃ဆက်မြောက်မျိုးဆက်ရဲ့မြေးတစ်ဦးက အမြှောင်ဇနီးကနေ တရားမဝင်ကလေးအဖြစ် မွေးဖွားလာတဲ့အပြင် အစွမ်းကလည်းမဲ့နေခဲ့မယ်ဆိုရင်?
အဲ့ကလေးရဲ့ကံကြမ္မာက ဘယ်လိုအဆုံးသတ်နိုင်မလဲ..?

ကျိန်းသေပေါက် တွေးစရာမလိုလောက်အောင်ကို ဆိုးရွားတဲ့ဘဝကိုပိုင်ဆိုင်ထားရမှာပေါ့..
"မင်းကိုယ်မင်းဟုတ်လှပြီထင်နေလား....အသက်ရှင်ခွင့်ပေးထားတာပဲ ငါတို့ကိုကျေးဇူးတင်...
သောက်သုံးမကျဘူးဆိုတာ သိရင်လည်း အနည်းဆုံးတော့companyကအလုပ်ကို ကြိုးကြိုးစားစားနဲ့လုပ်သင့်တာမဟုတ်ဘူးလား!!"

စားပွဲအရှည်ကြီးရဲ့ ထိပ်ဆုံးခုံနှင့် ကျန်ခုံအသီးသီးမှာထိုင်နေကြတဲ့ လူအားလုံးကတူညီတဲ့ မျက်နှာထားမျိုးဖြင့် ရပ်နေသော ကောင်လေးအားကြည့်လို့နေသည်။

အသက်မဲ့နေသောမျက်ဝန်းတို့နှင့် ဆန့်ကျင်စွာ တဆစ်ဆစ်နာနေသော ရင်ဘတ်ထဲမှဝေဒနာက သူဘယ်သောအခါမှ အသားကျလာမည့်အရာမဟုတ်။

ဘာလို့လဲ?? သူ့ဘဝတစ်လျှောက်လုံး အဘိုးဆီကအသိမှတ်ပြုခံရဖို့ အောက်ခြေသိမ်းကအစ ကြိုးစားခဲ့ရတာ..။

သူ့သူငယ်ချင်းတွေကိုတောင် သစ္စာဖောက်ပြီး ဒီအိမ်ကြီးအတွက်လုပ်ပေးလိုက်ရတာ ဘာကြောင့် ဘာကြောင့်လဲ။

အစွမ်းတွေရဲ့ ကောင်းချီးပေးမှုနဲ့မွေးဖွားလာတဲ့သူတို့က ကြော့ကြော့မော့မော့လေူနေနိုင်ခဲ့ပေမဲ့ သူကတော့ အသိအမှတ်ပြုခံရဖို့အတွက်နဲ့ နှစ်၂၀လုံးလူရုပ်မပေါ်အောင် အလုပ်တွေလုပ်ခဲ့ရတယ်မလား။

အစွမ်းဆိုတဲ့ ပညတ်ချက်က သူ့အဆင့်အတန်းကို ဒီလောက်နိမ့်ပါးသွားစေတာလား...။

"သွားတော့..မင်းမျက်နှာ ငါ့ရှေ့လာမပြနဲ့!
အမျိုးယုတ်ကောင်..."

အိမ်တော်သခင်ကြီးက နေရာမှထထွက်သွားသည်နှင့်တစ်ပြိုင်နက် ကျန်တဲ့လူတွေမှာလည်း အသီးသီးထထွက်သွားလေသည်။

Dostali jste se na konec publikovaných kapitol.

⏰ Poslední aktualizace: Mar 16, 2022 ⏰

Přidej si tento příběh do své knihovny, abys byl/a informován/a o nových kapitolách!

Powerless VillainKde žijí příběhy. Začni objevovat