Chapter-3

44 10 1
                                        

''ဘာလို့ရှာရမှာလဲ''

အိမ်တော်တစ်ခုလုံးကိုလွှမ်းမိုးနိုင်တဲ့ဒေါသအသံနဲ့အော်လိုက်တဲ့အသံပိုင်ရှင်ဟာသခင်မလေးဖြစ်မယ်ဆိုတာပြေးကြည့်စရာမလိုအောင်ကိုသိသာလွန်းလှပါတယ်ငယ်စဉ်ထဲကဘေးနားမှာအထိန်းတော်ကြီးအဖြစ်နေနေခဲ့တာမို့သခသ်မလေးအကြောင်းကိုအနည်းအများသိပါတယ်ပုံမှန်ကိစ္စလောက်နဲ့တော့ဒီလိုအော်မဲ့သူမျိုးမဟုတ်ပါတစ်ဖက်ကသူက​ပေါလိုက်တဲ့စကားပေါ်သာမူတည်မယ်လို့ခန့်မှန်းမိပါသည်သိုသော်ညားကိုယ်နဲ့မဆိုင်တဲ့ကိစ္စဖို့လုပ်စရာရှိတာလုပ်ရင်းပဲဝင်မပါပဲနေရတော့မည်

''စိတ်အေးအေးထားပါ အကျူ''

''ပါးပါးကဘာဖြစ်စေချင်နေတာလဲ အချိန်တစ်ခုတောင်ကြာနေပြီကို ဘာလို့အဲ့လူကိုအခုမှထရှာချင်ရတာလဲ''

''သခင်ကြီးက အကျူ့အတွက်အကောင်းဆုံး တွေကိုပဲလုပ်ပေးနေတာအကျူလဲအသိပါ ဒီကိစ္စကလဲအကျူ့အတွက်ပဲနေမှာပါ''

''မဟုတ်ဘူး သူရှာခိုင်းတဲ့သူကိုရှာလိုက်လို့ အကျူ့အတွက်ကောင်းတာဘာတစ်ခုမှရှိလာမှာမဟုတ်ဘူး ''

''သို့ပေမဲ့လဲရှာရမယ်အကျူ သခင်ကြီးပေးတဲ့တာဝန်ကို
လစ်လျူရှူလောက်ရတဲ့အထိလဲအကျူမလုပ်နိုင်ဘူးမလား''

''ဟင့်အင်းလုပ်နိုင်တယ် ရှာချင်ရင် Shuhua ဘာသာရှာပါ ဒါမှမဟုတ် ပါးပါးကိုကိုယ်တိုင်ရှာခိုင်းလိုက်ပါ အကျူ့အတွက်မလိုအပ်တဲ့သူကို အကျူလိုက်မရှာချင်ဘူး ဘဝကတိုတိုလေးရယ် မဟုတ်တာတွေနဲ့အချိန်မဖြုန်းချင်ဘူး''

''အကျူ....''

''ဒီနေ့အတွက်လောက်ပါပဲ အကျူအခန်းထဲပြန်လိုက်ပါအုံးမယ် Shuhua''

အကျူရဲ့တစ်ဇွတ်ထိုးဆန်တဲ့ အကျင့်ဟာတကယ်ပဲ သခင်ကြီးဆီကအမွေရထားပုံရတယ် သခင်ကြီးကလဲ ဒီလူကိုမရရအောင်ရှာမဲ့ပုံပင် အကျူ ကလဲအဲ့တာကိုရအောင်တားမဲ့ပုံပင် ဒီနှစ်ယောက်နဲ့တော့ ရှေ့လျှောက်ခက်ကုန်တော့မှာပဲလေ
ဓာတ်ပုံထဲက ပြေပြစ်တဲ့ရုပ်ရည်နဲ့အလှပဆုံးပြုံးပြနေတဲ့ ခပ်ငယ်ငယ်အမျိုးသမီးလေးတစ်ယောက်ရှိတဲ့ဟောင်းနွယ်နေတဲ့အဖြူအမဲဓာတ်ပုံတစ်ခုကိုသာ ကြည့်ရင်းသက်ပြင်းသာချမိတော့တယ်

falling in loveWhere stories live. Discover now