Part 4

448 34 3
                                    

ဆိုးဆိုးနွဲ့နွဲ့

အပိုင်း (၄)

01160544

“တေးသွားချို သီကာကျူးတဲ့

ကျေးငှက်ကို လှမ်းလို့ကြည့်ကာ

ပန်းကလေးကပြောလိုက်တယ်

လောကရဲ့အလှအပဟာ တို့ပွင့်မှပြည့်စုံတာတဲ့

ပန်းချစ်သူပျားကပြုံးတယ်

တောက်ပတဲ့ အဆင်းလည်းရှိမယ်

လိုက်ဖက်မဲ့ မွှေးရနံ့နဲ့ဆို

ဝတ်မှုန်ရယ် နင်နဲ့နှိုင်းရင် ရှုံးကြမှာဘဲ

 ရင်ထဲရှိ ရှိသမျှပြောပြရရင်

တကယ်လှတယ်

မြင်သူတကာငေး

ငေးလောက်အောင်လှရက်လို့

ချူလိုသူတွေလက်ထဲမှာ အလှမပျက်အောင်

ဆုတောင်းတယ်ပန်းလေးရယ်

သင်းပျံ့ကာ အမြဲမွှေးစေ့ချင်တယ်….”

“ကလင်…ကလင်..ကလင်…”

ညဏ်လင်း ဂစ်တာတီးပြီး အရသာခံ ညီးနေတဲ့ သီချင်းစာသားနဲ့ ဖုန်းသံ ရောထွေးသွားတော့ မျက်နှာက အလိုမကျစွာ ရှုံ့မဲ့သွားရသည်။

ဟိုဘက်ခြံ ဒန်းပေါ်မှာတော့ သူလေးက ရှိနေသေးသည်။

ဂစ်တာကို ပိုက်လျက်သားဖြင့် ဖုန်းကို လှမ်းယူကြည့်လိုက်တော့ မသိတဲ့ နံပါတ် ဖြစ်နေသည်။

အလုပ်ကိစ္စများ ဖြစ်နေမလားလို့ ဖုန်းကိုင်လိုက်မိသည်။

“ဟလို..ညဏ်လင်းထူးပါ…”

“ဟုတ်…သိပါတယ်…”

“ဘယ်သူလဲ..”

“ဟီး..သမီးပါ…ကိုကြီး..”

“သြော်…ငါးခြောက်မ…ပြော…ဘာလဲ…”

“ဟွန့်…”

ငါးခြောက်မ လို့ ပြောလိုက်တာနဲ့ ရှုံ့မဲ့သွားမှာ သိနေတော့ စိတ်ထဲ အတော်လေး အားရ ကျေနပ်မိသည်။

ဘာရှုပ်မလို့ ဒီအချိန်ကြီး ဖုန်းဆက်တာလဲ မသိဘူး..။

“ကိုကြီးက သမီး ဖုန်းနံပါတ်ကိုတောင် ဖုန်းထဲ မှတ်မထားဘူးလား…”

ဆိုးဆိုးနွဲ့နွဲ့Where stories live. Discover now