Part (6)

597 83 0
                                    

"နီရှီမူရာ မင်းရုပ်ကချောချောလေးပါ မင်းကို
ကြိုက်တဲ့သူတွေလည်းအများကြီးရှိမှာပါ ဒါမဲ့
မင်းကိုကြိုက်တဲ့လူနောက်ကိုဘာလို့လိုက်နေတာ
လဲ"

"ဘာလို့လဲဆိုတော့ ဆောနူကင်မ်ကိုအရမ်းပဲ
သဘောကျလို့လေ ကျနော်လေ ဆောနူကင်မ်
ကလွဲပြီး တစ်ခြား ဘယ်သူ့ကိုမှမြင်နိုင်တော့
လောက်အောင်ထိကို ဆောနူကအရမ်းတွေ ဆွဲ
ဆောင်နေတာလေ"

"ငါက?ဆွဲဆောင်တယ်? ရူးနေလား မင်းဘာသာ
ဖြစ်နေတာကို ငါကဆွဲဆောင်တယ်တဲ့ "

ဆောနူကသာဒေါသတွေထွက်ပြီး ရှူးရှူးရှဲရှဲ
ဖြစ်နေပေမဲ့ နီခီကတော့ ဆောနူကိုကြည့်ပြီး
အသဲတယားယားနဲ့

"ငါ့ရှေ့ကနေဖယ်တော့ အိမ်ပြန်တော့မယ် "

"ကျနော်နဲ့ အတူတူသွားမယ်လေ"

"ဆောင်းဟွန်းဟျောင်းနဲ့သွားမှာ မင်းကိုမလို
ဘူး"

ဆောနူထိုသို့ပြောပြီးတာနဲ့ ကွက်တိ ရောက်ချ
လာသော ပတ်ခ်ဆောင်းဟွန်း

"ဟျောင်းလာတာအတော်ပဲ အတန်းပြီးပြီ
မလားအိမ်ပြန်ရအောင်"

"ဆောနူ မင်းနီခီနဲ့ပြန်လိုက် ငါက မနက်က နီခီ
နဲ့အတူတူပါလာတဲ့ကောင်လေးနဲ့ ပြန်မှာမလို့"

"ဟမ်" *sunki*

"မင်းကိုအဲ့တာပြောခြင်လို့ ဒီ ပထမနှစ်ကိုလာတာ
ပြောပြီးပြီဆိုတော့ ငါဂျယ်ယွန်းကို သွားခေါ်လိုက်ဦးမယ် "

ဆောင်းဟွန်းလည်းပြောပြီးပြီခြင်း ဆောနူနဲ့
နီခီကို ကျောပေးကာ ထွက်သွားတော့သည်။
ဆောနူနဲ့နီခီ ဘယ်လိုကျန်နေခဲ့လဲဆိုတာ ဆောင်းဟွန်း စိတ်မဝင်စားအား အခုချိန်သူ့ခေါင်းထဲမှာ
ရှိနေတာ အသေးလေး သာဖြစ်သည်။ လမ်းတစ်ဝက်လောက်ရောက်မှ တစ်ခုခု ပြောရန်
သတိရသဖြင့် ဆောနူနဲ့နီခီ ဘက်လှည့်ကာ

"နီရှီမူရာ အကို့ညီလေး ဆောနူကို သေချာ
စောင့်ရှောက်ပေးပါဦး"

ဟုသာပြောပြီး ပြန်ကျောပေးပြီး ထွက်ခွာ
သွားသည်။

နီခီကတော့ဆောင်းဟွန်းစကားကြောင့်
စပ်ဖြီးဖြီးနဲ့ဆောနူကတော့ဒေါသတွေ
ထွက်လွန်းလို့ မျက်နှာပင်ပေါက်ထွက်တော့
မည့်အလား နီရဲနေပြီ

~𝑬𝒏𝒅𝒊𝒏𝒈(အဆုံးသက်)~//Sungjake//Where stories live. Discover now