"ဘာလို့မနှိုးတာလဲ"
"ငါနှိုးတယ် မင်းဘာသာမထတာ"
"အေးပါ မထတဲ့ငါကမှားတာ"
ဂျုံဆောင်းလည်းသူ့ကိုအပြစ်ပြောနေတဲ့
ဂျယ်ယွန်းကိုမျက်စောင်းထိုးပြီထမင်းကို
ပဲငုံ့စားနေလိုက်တယ်။"အသေးလေး!!"
အသေးလေးလို့ဆိုတဲ့ခေါ်သံကြောင့်
ဂျယ်ယွန်းခေါင်းကအလိုလိုဘေးဘက်ကို
စောင်းမိသွားတယ်။ဘယ်သူလဲဆိုတာလှည့်
ကြည့်စရာမလိုပါဘူး လောကကြီးမှာ သူ့ကို
အသေးလေးလို့ခေါ်တဲ့သူက ဂျယ်ယွန်းရဲ့ခရက်ရှ်ကြီးပတ်ခ်ဆောင်းဟွန်းပဲရှိတယ်။"စီနီယာက ကျနော်တို့စားပွဲဝိုင်းကိုဘာလာလုပ်
တာလဲ?""ထမင်းစားဖို့လေ"
"ဗျာ"
"ဂျူနီယာညီလေးတွေနဲ့အတူတူထမင်းစားရအောင်"
ဆောင်းဟွန်းလည်းထိုစကားသာပြောပြီးထမင်း
ပိုငုံ့စားနေတယ်။ထပ်ပြီးတော့ဘာစကားမှလည်း
မပြောတော့ဘဲ ဂျယ်ယွန်းကိုကြည့်လိုက် ထမင်း
စားလိုက်ဘဲလုပ်နေတော့တယ်။"ပတ်ခ်ဂျုံဆောင်းရှီ"
"ဗျာ"
ထမင်းစားနေရင်ရုပ်တရက်ကြီးသူ့နာမည်ကို
ထခေါ်လိုက်တဲ့စီနီယာကြောင့်ဂျုံဆောင်းမှာ
လန့်သလိုလိုတောင်ဖြစ်သွားရသည်။"သိတယ်မလား"
"ဘာကို...."
"ငါအသေးလေးကိုဖွင့်ပြောထားတာ"
"အဟွတ်အဟွတ်"
ဂျယ်ယွန်းစားနေရင်းနဲ့ပင်သီးသွားခဲ့ရသည်။
အကိုနဲ့ဂျုံဆောင်းဘာတွေပြောမလဲဆိုတာကို
နားစွန့်နေပေမဲ့ အကိုကသူ့ကိုရုတ်တရပ်ကြီး
ဖွင့်ပြောတာကိုေပြာလိမ့်မယ်လို့လုံးဝကိုမ
ထင်ထားတဲ့အရာမလို့ စားနေတဲ့ထမင်းတောင်
သီးသွားခဲ့ရသည်။"သိပါတယ် အဲ့တာကို ဘာလို့မေးတာလဲ"
"ဂျုံဆောင်းရှီကဘယ်လိုထင်လဲ ငါကဂျယ်ယွန်း
ကိုကောင်းကောင်းဂရုစိုက်ပေးနိုင်တယ်လို့ထင်လား""ဗျာ"
"စီနီယာဆောင်းဟွန်း အခုဂျုံဆောင်းကိုဘာတွေ
မေးနေတာလဲ"
YOU ARE READING
~𝑬𝒏𝒅𝒊𝒏𝒈(အဆုံးသက်)~//Sungjake//
Fanfictionjakehoon fanfic Unicode only 232022 2882022