See U April

28 2 0
                                    

''တီတီ...တီတီ...တီတီ''
''ဂျပ်''

တီတီမြည်နေတဲ့ နှိုးစက်လေးကို 'ဂျပ်' ခနဲမြည်အောင်
ပိတ်ပြီး စောင်ကို ခြုံကာ ဆက်အိပ်နေမိသည်။

''တီတီ...တီတီ...တီတီ''

နောက်တစ်ကြိမ် နှိုးစက်သံမြည်မှ ဝုန်းခနဲထကာ ရေချိုးခန်းထဲ အပြေးဝင်ရတော့သည်။ နှိုးစက်ကို တစ်ခါထဲပေးထားရင် တန်းမထတက်သည့်
ကိုယ့်အကျင့်ကိုသိလို့ ငါးမိနစ်ခြားပြီး နှစ်ခါတောင်ပေးထားရသည်။ အဲ့ဒါမှ အံကိုက်။ အခုလည်း မနက်စောစော ကျောင်းမသွားခင် အနီးနားက Market
ကိုဝင်ပြီး မနက်ဖြန် သင်္ကြန်အကြိုနေ့မှာ မုန့်လုံးရေပေါ်လေးလုံးပြီး ကျောင်းကသူငယ်ချင်းတွေကိုရော
ဘေးချင်းကပ် တိုက်ခန်းက အိမ်နီးချင်းတွေကိုပါ
ကျွေးဖို့ လိုအပ်တာတွေ သွားဝယ်ရမည်။ ရေသွက်သွက်ချိုးပြီး တီရှပ်အဖြူလေးကိုမှ အပြာလွင့်လွင့်
လက်ရှည် လေးထပ်ဝတ်ပြီး short pants တစ်ထည်နဲ့တွဲဝတ်ကာ ဘယ်သွားသွား လွယ်နေကျ ကျောပိုးအိတ်လေးကို အမြန်ကောက်လွယ်ပြီး တိုက်ခန်းအောက်မှာ ရပ်ထားတဲ့ စက်ဘီးလေးကိုစီးပြီး
ခပ်သော့သော့ ထွက်ခဲ့မိသည်။

သြဇီမှာကျောင်းလာတက်ပေမယ့် melbourne ရဲ့ လမ်းတွေကို သူ မကျွမ်း။  ကျောင်းပိတ်ရက်ဆိုလည်း
အခန်းမှာပဲ နေဖြစ်တာများပြီး ဝယ်စရာရှိရင်လည်း
အနီးနားက shopping mall တွေမှာပဲ ဝယ်ဖြစ်သည်။ခုလည်း နီးတယ်ဆိုပေမယ့် ခပ်လျောလျော
လမ်းကြောင်းလေးကိုမှ ငါးမိနစ်လောက်တော့
နင်းရသည်။

''ဝုန်း''

''Oh!no''

  အကွေ့မှာ မြန်မြန်နင်းမိတာကနေ အဆင်းမို့အရှိန်
မထိန်းနိုင်ပဲ လမ်းဘေးလမ်းလျှောက်နေတဲ့ လူတစ်ယောက်ကို ဝင်တိုက်မိပြီး ဘရိတ်အတင်းဆွဲလိုက်မိတော့ လူက ခြေနင်းခုံပေါ်ကနေ ခြေချော်ပြီး ခွေခနဲ
လဲတော့သည်။

''Hay,are you ok?''

''Sorry.I'm really sorry''

  အတိုက်ခံရသူက ဘာမှမဖြစ်ပဲ စက်ဘီးကိုထူကာ
သူ့ကို လက်ကမ်းပေးလေသည်။

''ကျွတ်...ကျွတ်...အား နောက်ကျပါတယ်ဆိုကွာ''

တိုးတိုးလေး ညည်းကာ ထို့လူ့လက်ကိုဆွဲပြီး ထမယ်
အလုပ်.... မထူပေးဘဲ စူးစိုက်ကြည့်နေတဲ့
ထိုလူကြောင့်...

See U AprilWhere stories live. Discover now