ယိမ်း (၃)

4 1 0
                                    

ကျွန်တော်သိပ်ချစ်ရတဲ့ကောင်ငယ်လေးဟာ
တစ်ခြားအမျိုးသမီးတစ်ယောက်ရဲ့ပိုင်ဆိုင်မှု့ပါတဲ့
တွေးကြည့်မိတိုင်း ရင်တွေနာရပါတယ်
ကျွန်တော် စိတ်ကူးယဥ်ကြည့်ခဲ့ဖူးတဲ့အရာတွေဟာ အဲ့ဒီ့မိန်းကလေးရဲ့ လက်ဝယ်ပိုင်ဆိုင်မှု့တွေပါပဲ
ဥပမာ အဲ့ဒီ့အမျိုးသားလေးရဲ့ လက်လေးကိုကိုင်ခွင့်ရှိတာမျိုး သတိရတိုင်း ဖုန်းဆက်ခွင့်ရှိတာမျိုးတွေပေ့ါ
ကျွန်တော်က စိတ်ကူးတွေထဲပျော်နေတဲ့အခါမျိူးမှာ
သူမက အဲ့ဒီ့ကောင်လေးပုခုံးပေါ်မှီပီး အနာဂတ်အတွက်တိုင်ပင်နေပါလိမ့်မယ်
မပြိုင်ခင်တည်းကရှုံးတယ်ဆိုတာ ဒီလိုအခြေအနေမျိုးကိုခေါ်တာဖြစ်ကြောင်း ကျွန်တော်နားလည်လာပါတယ်
သိပ်ချစ်တဲ့အကြောင်းတွေကို မင်းနဲ့မှမဟုတ်ရင် တစ်ခြားတစ်ယောက်အတွက် ကိုယ်က တွေးမနေချင်ဘူး
ဒါပေမဲ့မင်းကတော့ အဲ့ဒီ့အမျိူးသမီးလေးနဲ့မှမဟုတ်ရင် အနာဂတ်အတွက်မတွေးချင်ပါဘူးတဲ့
ဘယ်လိုတောင် ဝေးနေတဲ့ပြိုင်မျဥ်းတွေလဲကွယ် "ကျွန်တော်က အသက်တွေကြီးလာရင် အားမှာမဟုတ်ဘူးဗျ ကလေးတွေကိုကျောင်းပို့ရအုံးမှာလေ"
ကိုယ့်မယ် ဒီစကားလေးမြင်ပီး ဘယ်လောက်တောင် သဘောကျခဲ့ရသလဲ ကိုယ်မပါမယ့် မင်းအနာဂတ်လမ်း အဲ့ဒီ့အမျိူးသမီးလေးနဲ့ ပျော်ရွှင်ပါစေကွယ်
                                             
                                       ---လိပ်စာမဲ့အလွမ်းများ

No Hope Where stories live. Discover now