(၄)

56 9 0
                                    

၇)

ချစ်ကြောင်းသိတဲ့အခါ ဆန္ဒဟာ တပါတည်းကပ်ပါတယ် ။ သူအိပ်နေရင် ခိုးနမ်းချင်တဲ့ကျွန်တော့်ဆန္ဒက ကျွန်တော့်စိတ်ကို ခပ်ပါးပါးလေးစမ်းသပ်တယ် ။ အိပ်ပျော်နေတဲ့သူ့ရဲ့ နှုတ်ခမ်းပါးကိုငေးတဲ့အခါ ရင်ဘတ်ထဲကအကောင်ဟာ မြူးထူးခုန်‌ပေါက်တယ် ။ မကောင်းတဲ့စိတ်က တစ်ခုခုလုပ်ဖြစ်အောင် တိုက်တွန်းနေတယ် ။ နမ်းလိုက် .. နမ်းလိုက် ၊ သံပြိုင်အော်ပြီး တွန်းအားပေးနေပုံက ကြောက်ခမန်းလိလိ ။ မလွန်ဆန်နိုင်တော့တဲ့အခါ သူ့နှုတ်ခမ်းနား ကျွန်တော်ဖြေးဖြေးချင်းတိုးကပ်လို့ ။ ထိတော့မယ့်ဆဲဆဲမှာ စိတ်ရိုင်းကိုချွန်းအုပ်လိုက်စေတဲ့ ဖုန်းသံကျယ်ကျယ်က သတိမပေးပဲ ထမြည်ပါတယ် ။ လန့်ဖြန့်သွားရလို့ ကျွန်တော့်ရင်ထဲကအကောင် ပြုတ်ကျသွားပြီလားတောင်ထင်ရတယ် ။ လာနေတဲ့ဖုန်းက သူ့ဖုန်း ၊ ကြည့်လိုက်တဲ့အခါ မြင်ရတာက အသည်းပုံတစ်ခုနဲ့ အမည်နာမ ။ ကျွန်တော့်ရင်ထဲ ဆစ်ခနဲ ။ သူဟာ ဘယ်သောအခါမှ ကျွန်တော်မပိုင်ဆိုင်နိုင်မယ့် ရုပ်နာမ်တစ်ခုပဲဖြစ်လေတယ် ။

---

၈)

အမြဲသောက်နေကျဆိုင်ရဲ့ ကျွန်တော်ကြိုက်တဲ့စတော်ဘယ်ရီက ဒီနေ့ကျမှ အချိုပေါ့နေသလို ။ ဒီဆိုင်ရဲ့ပျက်လိုက်ကောင်းလိုက်ဖြစ်နေတဲ့ အဲကွန်းက ဒီနေ့ကျမှ အေးစက်လွန်းနေသလို ။ ဒါမှမဟုတ် ကျွန်တော်ကပဲ သေမတတ်အေးစက်နေတဲ့ရေထဲ နစ်မြုပ်သွားတာလား ။ မျက်နှာချင်းဆိုင်က သူ့အပြုံးတွေကို ကျွန်တော်ငေးကြည့်လိုက်တယ် ။ ကျွန်တော့်အတွက်မဟုတ်တဲ့ သူ့အပြုံးတွေက ချိုမြိန်နေလိုက်ပုံများ ၊ တောက်ပနေလိုက်ပုံများ ။ ကျွန်တော်တော့သွားပြီထင်တယ် ။ ရင်ဘတ်ထဲကကောင်က တဆစ်ဆစ်နဲ့ ။ ကျွန်တော့်ကိုအသက်ရှူမဝအောင်လည်း လုပ်နေသေးတယ် ။ မျက်နှာတဝက်ဖုံးအုပ်လုနီးနီး ကျဆင်းလာတဲ့ဆံနွယ်ရှည်ကို သူ့လက်ချောင်းသွယ်က သပ်တင်လိုက်တဲ့အခါ နှုတ်ခမ်းထဲရှိနေတဲ့အအေးပိုက်ကို အလိုအလျောက်ကျွန်တော်ဖိကိုက်မိသွားတယ် ။ အဆင်မပြေနေလိုက်ပုံများ .. နွေလယ်ခေါင်ခေါင် တိမ်တိုက်ကညို့နေတော့တယ် ။

---

19 March 2022 (Sat)

zg;

၇)

ခ်စ္ေၾကာင္းသိတဲ့အခါ ဆႏၵဟာ တပါတည္းကပ္ပါတယ္ ။ သူအိပ္ေနရင္ ခိုးနမ္းခ်င္တဲ့ကၽြန္ေတာ့္ဆႏၵက ကၽြန္ေတာ့္စိတ္ကို ခပ္ပါးပါးေလးစမ္းသပ္တယ္ ။ အိပ္ေပ်ာ္ေနတဲ့သူ႔ရဲ့ ႏႈတ္ခမ္းပါးကိုေငးတဲ့အခါ ရင္ဘတ္ထဲကအေကာင္ဟာ ျမဴးထူးခုန္‌ေပါက္တယ္ ။ မေကာင္းတဲ့စိတ္က တစ္ခုခုလုပ္ျဖစ္ေအာင္ တိုက္တြန္းေနတယ္ ။ နမ္းလိုက္ .. နမ္းလိုက္ ၊ သံၿပိဳင္ေအာ္ၿပီး တြန္းအားေပးေနပုံက ေၾကာက္ခမန္းလိလိ ။ မလြန္ဆန္နိုင္ေတာ့တဲ့အခါ သူ႔ႏႈတ္ခမ္းနား ကၽြန္ေတာ္ေျဖးေျဖးခ်င္းတိုးကပ္လို႔ ။ ထိေတာ့မယ့္ဆဲဆဲမွာ စိတ္ရိုင္းကိုခၽြန္းအုပ္လိုက္ေစတဲ့ ဖုန္းသံက်ယ္က်ယ္က သတိမေပးပဲ ထျမည္ပါတယ္ ။ လန႔္ျဖန္႔သြားရလို႔ ကၽြန္ေတာ့္ရင္ထဲကအေကာင္ ျပဳတ္က်သြားၿပီလားေတာင္ထင္ရတယ္ ။ လာေနတဲ့ဖုန္းက သူ႔ဖုန္း ၊ ၾကည့္လိုက္တဲ့အခါ ျမင္ရတာက အသည္းပုံတစ္ခုနဲ႔ အမည္နာမ ။ ကၽြန္ေတာ့္ရင္ထဲ ဆစ္ခနဲ ။ သူဟာ ဘယ္ေသာအခါမွ ကၽြန္ေတာ္မပိုင္ဆိုင္နိုင္မယ့္ ႐ုပ္နာမ္တစ္ခုပဲျဖစ္ေလတယ္ ။

---

၈)

အျမဲေသာက္ေနက်ဆိုင္ရဲ့ ကၽြန္ေတာ္ႀကိဳက္တဲ့စေတာ္ဘယ္ရီက ဒီေန႔က်မွ အခ်ိဳေပါ့ေနသလို ။ ဒီဆိုင္ရဲ့ပ်က္လိုက္ေကာင္းလိုက္ျဖစ္ေနတဲ့ အဲကြန္းက ဒီေန႔က်မွ ေအးစက္လြန္းေနသလို ။ ဒါမွမဟုတ္ ကၽြန္ေတာ္ကပဲ ေသမတတ္ေအးစက္ေနတဲ့ေရထဲ နစ္ျမဳပ္သြားတာလား ။ မ်က္ႏွာခ်င္းဆိုင္က သူ႔အျပဳံးေတြကို ကၽြန္ေတာ္ေငးၾကည့္လိုက္တယ္ ။ ကၽြန္ေတာ့္အတြက္မဟုတ္တဲ့ သူ႔အျပဳံးေတြက ခ်ိဳၿမိန္ေနလိုက္ပုံမ်ား ၊ ေတာက္ပေနလိုက္ပုံမ်ား ။ ကၽြန္ေတာ္ေတာ့သြားၿပီထင္တယ္ ။ ရင္ဘတ္ထဲကေကာင္က တဆစ္ဆစ္နဲ႔ ။ ကၽြန္ေတာ့္ကိုအသက္ရႉမဝေအာင္လည္း လုပ္ေနေသးတယ္ ။ မ်က္ႏွာတဝက္ဖုံးအုပ္လုနီးနီး က်ဆင္းလာတဲ့ဆံႏြယ္ရွည္ကို သူ႔လက္ေခ်ာင္းသြယ္က သပ္တင္လိုက္တဲ့အခါ ႏႈတ္ခမ္းထဲရွိေနတဲ့အေအးပိုက္ကို အလိုအေလ်ာက္ကၽြန္ေတာ္ဖိကိုက္မိသြားတယ္ ။ အဆင္မေျပေနလိုက္ပုံမ်ား .. ေႏြလယ္ေခါင္ေခါင္ တိမ္တိုက္ကညိဳ႕ေနေတာ့တယ္ ။

---

19 March 2022 (Sat)

FRIEND [Completed]Donde viven las historias. Descúbrelo ahora