မောင်က ပန်းတွေကိုမြတ်နိုးတဲ့သူလေ
နောက်ပြီး စကိတ်စီးရတာကို သဘောကျတယ်တဲ့
မောင့်ရဲ့ လက်ကသွေးကြောစိမ်းစိမ်းတွေက
ကိုယ် သဘောကျတဲ့အစိတ်အပိုင်းတွေပေါ့
တခါတလေ မောင်က အလိုမကျတဲ့အခါ
တွန့်ခေါက်နေတဲ့ မျက်ခုံးကြောတွေက
တခြားသူတွေအတွက်ဆို ကြောက်စရာကောင်း နိုင်ကောင်းဖြစ်နိုင်ပေမဲ့
ကိုယ်ကလေ အလိုမကျတဲ့ မောင့်ကို အကျိုးအကြောင်းရှင်းပြရင်းနဲ့ ချော့ချင်သေးတာ
မောင်က ကိုယ့်ထက်အများကြီးရင့်ကျက်ပေမဲ့
ကိုယ့်အရှေ့မှာဘဲ ကလေးဆန်တာ ကိုယ်သိတာပေါ့
ကမ္ဘာကြီးနေကောင်းတဲ့အခါ မောင့်ကိုအပြေးလေးလာတွေ့မှာမို့လို့
မောင်က စောင့်ပေးမယ်မလား ...