part -1

211 11 0
                                    

ချစ်ရပါသည်မောင်

"မောင်"
"ပြောလေ....ငယ်"
"ငယ့်ကိုချစ်လားမောင်"
"ချစ်တာပေါ့ငယ်...."
"ဒါဆိုသူ့ကိုရောမောင်....ချစ်လားဟင်"သက်တန့်ငယ်ရဲ့အသံအဖျားတုန်သွားတယ်။
"ဘယ်သူ့ကိုပြောနေတာလည်းငယ်......"
"စုဆိုတဲ့တစ်ယောက်ကိုလေမောင်..."
သစွာမောင်အံ့အောသွားတယ်
"ငယ်....ဘယ်ကကြားခဲ့တာလည်းဟင်"
"ငယ်ကတည်းချစ်ခဲ့ကြတာဆို......မိဘတွေကသဘောတူပြီးလက်ထပ်ဖို့တောင်တွေးထားကြပြီးပြီဆိုမောင်...."
သစွာ... သက်တန့်ကိုကြည့်လိုက်တယ်.....သစွာဘက်ကိုတစ်စက်မှလှည့်မကြည့်ရဲ့အရှေ့ကိုဘဲကြည့်ပြီးမေးနေခဲ့တယ်
"ငယ်.....ကိုယ့်ကိုကြည့်ပါဦးငယ်..."
"မကြည့်ချင်ဘူးမောင်...."
"စုဆိုတဲ့ကောင်မလေးကိုအရမ်းချစ်တာဘဲလားမောင်.....ချစ်မှာပေါ့.....ငယ်ချစ်ဦးတွေဘဲ.....ဟက်"သက်တန့်ခြောက်ကပ်ကပ်ရီမိတယ်
"ငယ်......ကိုယ်ရှင်းပြမယ်"
"ဘာရှင်းပြမှာလည်းမောင်......တကယ်မချစ်ခဲ့တာကိုလား......အနားမှာရှိနေလို့စိတ်ယိုင်သွားတယ်ပြောမို့လားမောင်......ငယ်မေးတာကိုဖြေပါဦး.......စုဆိုတဲ့ကောင်မလေးကိုချစ်လား....."
"ငယ်"
"မေးတာဘဲဖြေပါမောင်..."
"ဟူး........ကိုယ်စုကိုချစ်တယ်ငယ်......ငယ်ကတည်းကချစ်ခဲ့တာ......ပြီးတော့ကိုယ်ကဂေးတစ်ယောက်မဟုတ်ခဲ့ဘူး.."
"ခန.....မောင်....မောင်ကဂေးမဟုတ်ဘူးဆိုတော့.....ငယ်ကိုဂေးလို့ထင်တာလားမောင်.....ဆရာဝန်ဆိုတဲ့ဂုဏ်နဲ့အညီဘယ်မိန်းကလေးဘယ်ယောကျာ်းလေးကိုမှ....မျက်စိနဲ့တောင်မပြစ်မှားမိဘူးမောင်.....မောင်တစ်ယောက်ဘဲမောင်အရင်ဆုံးမောင်ဘာသာမောင်ကျွန်တော်ရင်ထဲကိုဝင်လာခဲ့တာ.....မောင်ဘာသာဘဲကျွန်တော်အချစ်ဆိုတာခံစားတတ်အောင်မောင်ဘဲလုပ်တာ....ခုလည်းခံစားတတ်အောင်မောင်ဘဲလုပ်တာမောင်ရဲ့...."သက်တန့်ဝမ်းနည်းမိတယ်....ပြောရက်တယ်
"ကိုယ်ပြောတာက......"
"ရတယ်မောင်......ကျွန်တော်နားလည်တယ်"
"စုကိုလည်းပြောပေးပါဦး....လက်ထက်ပွဲအတွက်ဂုဏ်ပြုပါတယ်လို့...."
"ငယ်နဲ့စုနဲ့ကသိနေတာလားငယ်"
"စုကကျွန်တော့်လူနာတစ်ယောက်လေး"
"စုက....ဘာ...ဘာဖြစ်လို့ဆေးခန်းလားတာလည်းဟင်..."
"ဘာရောဂါမှမဟုတ်ပါဘူး......ဆေးလာစစ်တာကိုယ်ဝန်ရှိနေပြီလေ......သူ့ငယ်ချစ်ဦးနဲ့ယူတော့မယ်တဲ့.....ကောင်လေးကအရမ်းချစ်တာတဲ့......စုကရည်ရည်မွန်မွန်လေးပါ......စုကသူလက်ထက်မယ့်သူရဲ့ပုံကိုပြတော့လေ......ကျွန်တော့်ကမ္ဘာကြီးအမှောင်ကျသွားတာဘဲမောင်......ပုံထဲမှာစုကမောင့်လက်မောင်လေးကိုဖက်ထားပြီး....မောင်ကလည်းစုကိုမြတ်နိုးချင်းများစွားနဲ့ကြည့်နေတာလေ.....မောင်တို့ကလိုက်ပါတယ်...."
"စကားပြောတာလည်းများသွားပြီ.....ဆေးရုံထဲဝင်တော့မယ်.....ဒါနောက်ဆုံးပါဘဲ.......နောက်လည်းမဆုံချင်တော့ပါဘူး....
................................................................................

ချစ်ရပါသည်မောင်Where stories live. Discover now