"တောက်"
ဆေးရုံဝင်းရဲ့တစ်နေရာမှာ...ကောင်မလေးတစ်ယောက်စိတ်ဆိုးမာန်ဆိုးနဲ့....တောက်တွေခေါက်နေတယ်..."နင်နဲ့ငါတွေကြသေးတာပေါ့သက်တန့်ငယ်ရယ်...."
"ကိုဟာ.....တစ်သက်လုံးငါ့အပိုင်ဘဲဖြစ်ရမယ်.......ငါ့ကိုဘဲချစ်ရမယ်.....ကိုချစ်တဲ့လူရှိရင်လည်းငါသတ်ပြစ်မယ်"ရုပ်လေးနဲ့မှမလိုက်ကောင်မလေးတစ်ယောက်ဟာဆိုးဆိုးရွားရွားတွေပြောနေတယ်သူနဲ့မတူတဲ့တစ်ဖက်မှာတော့
"ဟူး.....ရင်တွေတုန်လိုက်တာ...."ဆုမှာဘာလို့ကိုယ်ဝန်မရှိသေးတာလည်း....ကိုယ်ဝန်ကရှိနေရတော့မှာလေ.....ငါပြန်လည်ရှင်သန်လာလို့အကြောင်းအရာတွေပါပြောင်းလာတာလား
2:00AM
"မောင်နဲ့တွေ့ရမယ့်အချိန်တောင်ရောက်နေပြီဘဲ"
သက်တန့်သူရဲ့အခန်းကထွက်ပြီး.....ဆေးရုံမှာလူနာတွေလေကောင်းလေသန့်ရအောင်အတွက်လုပ်ပေးထားတဲ့....ပန်းခြံထဲကိုသွားလိုက်တယ်....မောင်နဲ့ထိုင်နေကြခုံတန်းလေးကိုလှမ်းကြည့်လိုက်တယ်......မောင်မရောက်သေးဘူးဘဲ....ကောင်းပါတယ်......ပြင်ဆင်ချိန်ရတာပေါ့....ဟူး...'2:10မှမောင်ရောက်လာတယ်......ပုံမှန်တိုင်းပါဘဲလားမောင်ရယ်......နောက်ကျတုန်းဘဲ'
"ငယ်..ရောက်နေတာကြာပြီလားဟင်.....sorryပါငယ်ရယ်......လာခံနီးအလုပ်ကအရေးကြီးလို့လုပ်နေရလို့"
"ရတယ်မောင်"သက်တန့်မောင်စကားပြောတဲ့တစ်လျှောက်လုံးမောင်စကားပြောတာကြားတစ်ချက်မကြားတစ်ချက်ဘဲ....မောင့်မျက်နှာကိုနောက်တစ်ကြိမ်ပြန်တွေ့ရမယ်ဆိုတာယုံကိုမယုံနိုင်ဘူး......အခုချိန်ထပ်သေရမယ်ဆိုလည်းရပါပြီမောင်.....အမြင်ခြင်ဆုံးမောင်းပါးချိုင့်လေးကိုတွေ့ခွင့်ရလိုက်ပြီ.......ခုသေရလည်းသေပျော်ပါပြီမောင်ရယ်......မောင်ဟာဆူးလေးတစ်ချောင်းဆိုအဲ့ဆူးကငယ့်နှလုံးသားကိုစိုက်နေတယ်.......နာတယ်မောင်ဒါပင်မယ့်ဆွဲမထုတ်ရက်ဘူး........ဆူးလေးနာသွားမှာဆိုးလို့မောင်......စိုက်ဝင်ပါစေမောင်.....ဝင်နေတဲ့ဆူးလေးကမောင်ဖြစ်နေဖို့ဘဲအရေးကြီးတာ....အလောက်ထိကိုမောင့်ကိုချစ်ရပါသည်
"ငယ်....ငယ်...ဘာတွေတွေးနေတာလည်းငယ်...ကိုယ်ခေါ်နေတာမကြားဘူး"