ကုတင်ပေါ်ကအဖြူရောင်အရိပ်ကလေးကလက်ချောင်းလေးတစ်ချောင်းလှုပ်လာတယ်။ပြီးတော့ဖြည်းဖြည်းချင်းလေးနဲ့သူရဲ့ပယင်းရောင်မျက်လုံးလေးကိုဖွင့်လိုက်ပိတ်လိုက်လုပ်ကြည့်နေတယ်...
'ငါဘယ်ရောက်နေတာလည်းဟ.......ပြီးတော့ငါသေသွားပြီမဟူတ်ဘူးလား......ခေါင်းကိုက်လိုက်တာ.....ငါမောင်မဂ်လာဆောင်ကထွက်လာပြီးမောင်မလိုက်လာရင်သတ်သေဖို့ဆုံးဖြတ်ထားတဲ့အတိုင်းကားနဲ့တိုက်ခိုင်းလိုက်တာလေ.....အဒါကိုမသေဘူးလား...'သက်တန့်ငယ်တွေးရင်ခေါင်းတွေကိုက်လာတာမို့ခနမျက်လုံးမှိတ်ထားလိုက်တယ်"ကျွီ"တစ်ယောက်ယောက်အခန်းတခါးကိုလာဖွင့်နေလို့သက်တန့်ငယ်မျက်လုံးဖွင့်ကြည့်လိုက်တယ်
"အာ....သက်တန့်နိုးလာပြီလား.....ဘာစားမလည်းဆန်ပြုတ်စားမလား.....ခေါက်ဆွဲစားမလားသက်တန့်.....ခနလေးအကိုသွားယူလိုက်မယ်....ခနစောင့်နော်ခနဘဲ..."
"နေ...နေပါဦးကိုကောင်းခန့်....သက်တန့်ကဘာဖြစ်တာလည်းဟင်..."
"ဟမ်.....သက်တန့်ခေါင်းထိသွားသေးတာလား....သက်တန့်ခနအကိုစမ်းကြည့်ပေးမယ်......သက်တန့်ခေါင်းထိထားတာမရှိပါဘူး..."
"ကျွန်တော်နေကောင်းတယ်......ခေါင်းနည်းနည်းကိုက်တာတစ်ခုဘဲ.....အခုဘာဖြစ်လည်းဆိုတာပြောပြလို့ရမလားကိုကောင်းခန့်"
"သက်တန့်အိမ်မှာမေ့လဲနေလို့.....အကိုဆေးရုံခေါ်လာတာ......သက်တန့်ဆေးရုံမလာတာနဲ့....ဘာဖြစ်တာလည်းဝင်ကြည့်တာသက်တန့်မေ့လဲနေတာတွေ့တာဘဲ"
"ခနလေး....ကျွန်တော့်အိမ်မှာဟုတ်လား"
"အွန်းလေ....အကိုကမင်းလေးကိုမင်းအိမ်မှာမတွေ့လို့ဘယ်မှာတွေ့ရမှာလည်းသက်တန့်ရဲ့"
"တစ်ခုခုတော့မှားနေတာသေချာတယ်"
ငါကမောင့်မဂ်လာပွဲမှာကားတိုက်ပြီးသေသွားရမှာလေခုဟာကအိမ်ခန်းထဲမှာမေ့လဲနေတာဆိုတော့....အချိန်ခရီးသွားများလား.....ဒါမှမဟုတ်....ပြန်လည်ရှင်သန်ခြင်းလား......ငါစိတ်ကူယဥ်လွန်နေပြီ...."ကိုကောင်းခန့်အခုဘယ်နှရက်နေ့လည်းဟင်...."
"25ရက်လေသက်တန့်ရဲ့ဘာလို့လည်း"