ဒီနေ့ Bright တစ်ယောက် Win ကိုခေါ်ရန်အရင်တိုင်းစက်ဘီးလေးနင်းလာသည်။
" ကလင် ...ကလင် "
" လာပြီ...Bright ! "
အပြုံးလေးနဲ့အိမ်ထဲကနေပြေးထွက်လာတဲ့Win ကိုကြည့်ရင်းBright အံ့သြသွားသည်။စတွေ့တည်းက ပုံစံတစ်မျိုးတည်းကိုပဲမြင်ခဲ့ရတာမို့လို့လားမသိ Win ပုံစံက Bright မျက်လုံးထဲတစ်မျိုးဖြစ်နေသည်။
" အဟက် ! ဘာလဲငါ့ကိုမမှတ်မိတော့လို့လား "
Win ပြောပြောဆိုဆိုနဲ့ Bright စက်ဘီးနောက်တက်ထိုင်လိုက်သည်။တစ်ရွေ့ရွေ့စီးနင်းနေတဲ့စက်ဘီးလေးပေါ်စကားတွေပြန်ဖောင်ဖွဲ့ပြန်သည်။
" မဟုတ်ပါဘူး ...မင်းအများကြီးပြောင်းလဲသွားတယ် Win "
" အင်း !တစ်စုံတစ်ယောက်ကြောင့်ဆိုပါတော့ "
"ဝိုး ...ဘယ်သူများလဲ Win ! ငါကျောင်းမတက်တာ 3ရက်ပဲရှိသေးတယ်လေ မင်းမဟုတ်မှလွဲရော "
" အာ...မဟုတ်ပါဘူး Bright ရ ငါပြောတာကငါခိုးသဘောကျရတဲ့သူတစ်ယောက်ကြောင့်လို့ပြောတာ "
" အင်း ဘယ်သူများလဲငါသိတဲ့သူလား "
" အွန်း မင်းသိတဲ့သူ "
" ..... "
" အာ့ ! "
စက်ဘီးက ကျောက်စလစ်ခဲကိုနင်းမိတော့ နည်းနည်းယိုင်သွားတာကြောင့် Win လက်လေးကBright ခါးနားကအင်္ကျီစလေးကိုဆွဲမိသည်။
! မင်းသိမှသိပါ့မလား Bright ရယ် !
Win အခန်းထဲဝင်လိုက်သည်နဲ့ အားလုံးကတအံ့တသြ။
" Wow ! Win မှတ်တောင်မမှတ်မိဘူး မင်းအရမ်းချောတယ် "
" အေးလေ ဒီလိုပုံနဲ့မှမင်းကချောတာ ဘာမျက်မှန်အထူကြီးတပ်ထားလဲ နော့ "
သူတို့စကားတွေကို Win ပြုံးရုံသာပြုံးပြလိုက်ရင်းနေရာတွင်ဝင်ထိုင်လိုက်သည်။Bright ကိုခိုးကြည့်တော့ သူက Kyae နဲ့ဘာတွေပြောနေကြသည်မသိ။
" ကဲ မင်္ဂလာပါကလေးတို့ ..."
" မင်္ဂလာပါဆရာ "
>>>>>> <<<<<<
"Win ငါတို့မေပယ်ပင်တွေဆီသွားကြမလား "
YOU ARE READING
" မေပယ်ပင်လေး သက်သေတည် " [ Completed ]
FanfictionBrightWin Fan Fic လေးပါ ❣️အချစ်ဆိုတဲ့အရာကိုကိုးကွယ်မိတဲ့အခါတိတ်တခိုးချစ်မိတဲ့လူသားကရော ကိုယ်ချစ်သလိုပြန်ချစ်ပေးနိုင်မလားဆိုတာ... ခြားထားတဲ့စည်းတွေကိုကျော်လွန်ပြီး ထိန်းချုပ်ထားတဲ့ကြားကအချစ်တွေပေါက်ဖွားလာတဲ့အခါ ဒီလူသားနှစ်ဦးကဘာတွေဆက်ဖြစ်ကြမလဲ ...