နှစ်ယောက်သားရဲ့ စကားတွေကအဆက်ပြတ်သွားပြီး ပြောစရာတွေပြည့်နှက်နေပေမယ့် ရှေ့ဆက်ဖို့စကား စ တွေရှာမရခဲ့။
" ပြန်တွေ့ဖြစ်ကြရင် ဘာဖြစ်လဲ Win ! "
ချိုသာတဲ့ အသံလေးနဲ့အတူ ရယ်မောကာ အခန်ထဲဝင်လာတဲ့ ဆရာဝန် ဂျူတီကုဒ်နဲ့ Kyae !
" Kyae ! "
"ဟင်း ...Kyae ဝင်လာလို့စကားစတွေပြတ်ကုန်ကြပြီလားဟင် "
ပြောလိုက်ရင်း Kyae လက်မောင်းဆစ်လေးကနဲ့Bright ကိုတို့ထိလိုက်သည်။
" မဖြစ်ပါဘူး Kyae "
" Bright ကပြောတယ် Win ဆိုလို့ Kyae ကလာကြည့်တာ "
"Kyae ကလဲ ဒီဆေးခန်း ..."
" အင်းလေ Bright နဲ့အတူဖွင့်ထားတာ "
" သြော် ..."
Win တိတ်ဆိတ်သွားရင်း ဘာဆက်ပြောရမှန်းမသိ။
" ဒါနဲ့ Win သိပြီးပြီလားမသိဘူး "
Kyae စကားစလိုက်တော့ Bright က ထိတ်လန့်သွားတဲ့မျက်လုံးတွေနဲ့ Kyae ကိုလှည့်ကြည့်လိုက်တာ Win မြင်သည်။
" ဘာအကြောင်းလဲ ဟင် Kyae "
" Kyae နဲ့ Bright နဲ့ စေ့စပ်ထားကြတာ "
"ဟင် .."
"ဟုတ်တယ် ဆယ်တန်းပြီးတည်းကလေ Win ထွက်သွားမဲ့နေ့မတိုင်ခင် ရက်သတ်မှတ်လိုက်ကြတာ "
"Kyae ..."
Bright ကဝင်ဟန့်လိုက်ပေမယ့်
"ဘာလို့လဲ Bright ရဲ့ "
"Kyae ကသူမသိသေးမှာစိုးလို့ပါ ဘာကိုစိုးရိမ်နေတာလဲ Bright "
ရှည်လျားတဲ့အနက်ရောင် ဆံနွယ်အလိမ်တွေကိုလက်နဲ့ဖီးသပ်ကာ ပြောနေတဲ့ Kyae ကိုကြည့်ပြီး Kyae တမင်ရည်ရွယ်ပြောနေတာလားလို့ပင် Bright ထင်မိသည်။
" မဟုတ်ပါဘူး ကိုယ်က Win ကလဲမသက်သာသေးတော့ ..."
" ရပါတယ် ငါ ခနနားချင်လို့ "
" သြော် အင်း နားလေ ငါတို့ထွက်သွားပေးမယ် "
" ကျေးဇူးပါ "
Win နောက်ကိုမှီလှဲချလိုက်ရင်း မျက်လုံးကိုမှိတ်ထားလိုက်သည်။တံခါးပိတ်သံကြားလိုက်တော့မှ နှုတ်ခမ်းတွေကို ကြိတ်မှိတ်ကိုက်ခဲကာ ငိုချပြစ်လိုက်သည်။
YOU ARE READING
" မေပယ်ပင်လေး သက်သေတည် " [ Completed ]
FanfictionBrightWin Fan Fic လေးပါ ❣️အချစ်ဆိုတဲ့အရာကိုကိုးကွယ်မိတဲ့အခါတိတ်တခိုးချစ်မိတဲ့လူသားကရော ကိုယ်ချစ်သလိုပြန်ချစ်ပေးနိုင်မလားဆိုတာ... ခြားထားတဲ့စည်းတွေကိုကျော်လွန်ပြီး ထိန်းချုပ်ထားတဲ့ကြားကအချစ်တွေပေါက်ဖွားလာတဲ့အခါ ဒီလူသားနှစ်ဦးကဘာတွေဆက်ဖြစ်ကြမလဲ ...