တွေ့ဆုံခြင်း

149 18 11
                                    

(Uni/Zg)

ဒီနေ့မိုးတွေအများကြီးရွာနေခဲ့ပြန်ပြီ။ ကောင်းကင်တစ်ခုလုံး ပိန်းပိတ်လို့နေကာ အညိုရောင်မိုးသားတို့က ဘာအငြိုးတွေကြောင့်များ သည်းကြီးမဲကြီးရွာနေရသလဲ။ ကျွန်တော်သည်လည်း မှိန်ပျပျအခန်းမီးရောင်အောက်မှာ ထိုမိုးရေစက်များနဲ့အတူ အလွမ်းတို့ကသိပ်သည်းနေခဲ့ပြန်သည်။ ခံစားချက်တွေအားလုံး ဒီမိုးရေစက်တွေနဲ့အပါတည်း မျောပါသွားရင်ကောင်းသား။

ဒါပေမယ့်ကျွန်တော်ဟာမျှော်လင့်ချက်တွေနဲ့ ရှင်သန်နေရတုန်းပဲ။ တနေ့နေ့များ သူပြန်လာအုံးမလားဆိုတဲ့ မျှော်လင့်ချက်တွေနဲ့.......။

စားပွဲပေါ်တွင် တဒီးဒီးတုန်ခါနေသော ဖုန်းကို လှမ်းကြည့်လိုက်ပေမယ့် မြင်နေရသည့်content nameကြောင့် မကိုင်ပဲဒီအတိုင်းထားလိုက်သည်။ သေချာပေါက်တစ်ဖက်လူကဝောာ့ကျွန်တော်ဖုန်းမကိုင်လို့ ဒေါထနေလိမ့်မည်။ စာမူအပ်ဖို့အချိန်က နီးနေပြီမဟုတ်လား။

ဒီနေ့လည်း အလုပ်လုပ်လို့ရမယ်မထင်ပါဘူး။ ပုံမှန်ဆိုကျွန်တော့်လိုအတွေးနယ်ချဲ့ကာအလုပ်လုပ်ရသူတွေအတွက် ဒီလိုအေးစိမ့်စိမ့်မိုးက ကူညီအားဖြည့်ဖော်ပဲမဟုတ်လား။ ကျွန်တော့်အတွက်ကျ မဟုတ်ခဲ့ပြန် မိုးကြောင့်ဖြစ်တည်ခဲ့ရတဲ့အနာတရဟာ မိုးဆိုသည့်အသံကြားရင်တောင် အားအင်ချိနဲ့စေသည်။ ကျွန်တော်မှန်ပြတင်းတံခါးမှ မြင်နေရသည့် တဖြောက်ဖြောက်ကျနေသည့် မိုးရေစက်တွေကိုကြည့်ရင်း ကျွန်တော့်အတွေးများက အတိတ်ဆီသို့နှယ်။

<<<<<<

"ကောင်လေး! ဒီနေ့မင်းလိုချင်တဲ့ စုံထောက်ဝတ္ထုစာအုပ်ရပြီ"

"ဟုတ်လား ဦးလေး "

"ရော့ ဒီမှာ...."

"ကျေးဇူးဗျာ၊ ဒီစာအုပ်ကအခုမှပဲကျွန်တော်လက်ထဲရောက်တော့တယ်"

လက်ထဲတွင်ရထားသည့်စာအုပ်လေးကိုလှန်ရင်း စာအုပ်ဆိုင်ရဲ့ထောင့်စွန်းကစာအုပ်စင်နားမှာ ထိုင်ကာစိတ်ဝင်တစားဖတ်နေမိသည်။ ကျွန်တော်ဟာ ထိုသို့ စုံထောက်ဝတ္ထုများ၊ သည်းထိပ်ရင်ဖိုဇာတ်လမ်းများ၊ horror ဝတ္ထုများဆို သိပ်ပြီးသဘောကျတာ။ ဒါကြောင့် ရက်ကွက်ထိပ်က တစ်ခုထဲသောစာအုပ်ဆိုင်ကိုအမြဲလာနေရတာပေါ့။ ဆိုင်ရှင်ဦးလေးကတောင် သူ့အကြိုက်တွေသိနေပြီလေ။

Rain Where stories live. Discover now