နှောင်ဖွဲ့ခြင်း

62 12 2
                                    

U/Z

"ကို!"

"ချန်းယောလ်!"

ဂယောင်ဆူးနောက်ကျောဘက်ဆီကအသံနှင့် ဂယောင်ဆူးအရှေ့ကဂျုံဒယ်ရဲ့လက်ပြကာခေါ်လိုက်သည့်အသံနှစ်ခုပြိုင်တူထွက်လာသည်။ သည်အချိန်သူ၏နှလုံးခုန်ခြင်းများရပ်တန့်သွားသကဲ့သို့ပင်။ သိပ်ကိုမျှော်လင့်ဝောာင်းတခဲ့သည့်လူအား ရုတ်တရက်မြင်လိုက်ရခြင်းတွင် သူအသားကျမနေခဲ့။ လက်ရှိအခြေအနေကိုပြန်သတိမူမိဖို့ မနည်းကြိုးစားနေရသည့်လူနှယ်။

ထို့နောက်တွင်လည်း သူ့ပါးစပ်ဖျားမှထိုလူ၏အမည်နာမကို ထပ်ခါတလဲလဲတီးတိုးရေရွတ်နေမိသည်။

"ဒီကိုလာလေကွာ!"

ဂျုံဒယ့်ရဲ့ခေါ်သံကြောင့် ချန်းယောလ်နဲ့ဒါယောကသူတို့ရှိရာဘက်လျှောက်လာသည်။

"ဂယောင်ဆူးရှီနဲ့ ဂျုံဒယ်နဲ့ကသိ‌နေတာလား?"

"အထက်တန်းတုန်းကသူငယ်ချင်းတွေပေါ့"

ဒါယောရဲ့အမေးကိုဂျုံဒယ်က ပေါ့ပေါ့ပါးပါးပြန်ဖြေသည်။
ဂယောင်ဆူးဘေးကအသံတွေကိုကြားတစ်ချက်မကြားတစ်ချက်နှင့် သူ့ရှေ့မှရပ်နေသူအား သတိလွတ်သည်အထိကြည့်နေမိသည်။ မတွေ့ခဲ့ရသည့်8နှစ်တာ9နှစ်ကာလအတွင်း ချန်းယောလ်ဟာအများကြီးပြောင်းလဲသွားခဲ့တာပဲ။ အရင်ကပိန်ပိန်ရှည်ရှည်ကောင်လေးက အခုများဝောာ့ ခန့်ညားကြည့်ကောင်းလို့နေပြီဖြစ်သည်။ချန်းယောလ်ကတော့ သူ့အားစိမ်းသက်သက်တစ်ချက်သာကြည့်လာသည်။

"ဒါဆို ကိုနဲ့ရောသိလား? ကိုနဲ့ဂျုံဒယ်ကကျောင်းနေဘက် ဆိုတော့ ဒီဘက်ကဂယောင်ဆူးရှီနဲ့ကိုနဲ့ရောသူငယ်ချင်းတွေပဲလားလို့"

ဒါယောရဲ့လက်တို့က ချန်းယောလ်လက်မောင်းအားတွယ်ချိတ်ထားသည်။ ဂယောင်ဆူးကထိုအချင်းအရာကိုပင် မမှိန်မသုန်လိုက်ကြည့်မိနေသည်။ ဒါယောရဲ့စကားကိုဂယောင်ဆူးကဖြေမည်အပြု

"သိရုံလောက်ပါပဲ ကိုယ်တို့ရင်းတော့မရင်းနှီးပါဘူး"

ချန်းယောလ်၏စကားသံက ကြားဝင်လာသည်မို့ ဂယောင်ဆူးပြောဖို့ကြံရွယ်နေသည့်စကားများက လေထဲမှာပင်ပျောက်ကွယ်သွားရဝောာ့သည်။ ချန်းယောလ်က ခပ်ရေးရေးပြုံးနေပေမယ့် သည်အပြုံးကစစ်မှန်သည့်အပြုံးတစ်ခုမဟုတ်ခဲ့ပါချေ။ ဒါကိုဂယောင်ဆူးကောင်းကောင်းသိသည်။ ငါဟာအခုချိန်ထိ မင်းရဲ့အပြုံး၊အမူအရာတွေကိုအလွတ်ရနေဆဲပဲချန်းယောလ်။ ချန်းယောလ်ပြောသလိုပဲ သူတို့ဟာ မရင်းနှီးတာမဟုတ်ပဲ အရင်းနှီးဆုံးသူစိမ်းတွေဖြစ်နေခဲ့ပြီးထင်ပါ့။

Rain Where stories live. Discover now